
ချင်းပြည်နယ် ဖလမ်းမြို့တွင် ဘူမိ ဗေဒပညာရှင်များနှင့် လူထုတွေ့ဆုံ ပွဲကို စက်တင်ဘာ ၇ ရက်က
ကျင်းပရာ ဖလမ်းမြို့သည် မြေထုလှုပ်ရှားမှု များနှင့် မိုးများဆက်တိုက်ရွာသွန်းပါက မြေကျွံမှုများဆက်
တိုက်ဖြစ်ပေါ်နိုင်ပြီး ဖလမ်းမြို့ဒေသအချို့ပျက်စီးသွားနိုင်သည်ဖြစ်၍ မြို့ကိုစီမံချက်များဖြင့် ဆောင်
ရွက် ထားသင့်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြားသွားသည်ဟု ဒေသခံများ၏ ပြောပြချက်
အရသိရသည်။
ဖလမ်းမြို့ ဇာလိုင်ကျေးရွာတွင် ဩဂုတ် ၂၃ ရက်က မြေကျွံမှုကြောင့် နေအိမ်သုံးလုံးမြေကြီးထဲသို့
နစ်မြုပ်သွားခဲ့ပြီး မြေပြိုကျသည့်နေရာတွင် အက်ကွဲကြောင်းကြီးများ ကျန်နေခဲ့ ကြောင်း သိရသည်။
စစ်ကိုင်းပြတ်ရွေ့ကဲ့သို့ ဖလမ်းတွင်လည်း ပြတ်ရွေ့ကြောင်းရှိကြောင်း ဖလမ်းပြတ်ရွေ့ ကြောင်းသည်
အရှေ့တောင်ဘက်မှ အနောက်ဘက်နာဂဒေသအထိ ရှည်ကြောင်း ပညာရှင်များက လူထုတွေ့ဆုံပွဲတွင်
ပြောပြသည်။
ဖလမ်းမြို့ရှိ ကျောက်များသည် ရေကို အလွယ်တကူစိမ့်ဝင်နိုင်သော ကျောက်များဖြစ်၍ မိုးများသည့်
အချိန်တွင် သတိထားသင့်ကြောင်း၊ စိမ့်စမ်းရေထွက်သောနေရာများတွင် ရေကြည်ထွက်ပါက အန္တရာယ်
မ ရှိသေးသော်လည်း ထွက်သောရေသည် နောက်လာပြီဆိုပါက သတိထားသင့် ကြောင်း၊ ရေမြောင်း
များ ကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်ထားသင့်ကြောင်း၊ သဘာဝသစ်တောများကိုလည်း ဥတု ရာ
သီမှန် ကန်မှုရှိစေရန် ထိန်းသိမ်း စောင့်ရှောက်သင့်သည်ဟု ဖလမ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။
ဖလမ်းမြို့သည် တောင်ကုန်း၊ တောင်စောင်းများပေါ်တွင် တည်ထား သောမြို့ဖြစ်ပြီး အဆောက်အ
အုံနှင့် အိမ်ခြေ ၁၇၂၄ ခန့်ရှိရာ လူဦးရေ ၇၇၈၃ ဦးနေထိုင်သော မြို့ဖြစ်ကြောင်း သိရသည်။
သျှင်နေမင်း
by သစ်ထူးလွင်


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...