မှူး တို့ပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ဖြစ်သောကြောင့် ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
ထို Day Club သို့ ဆယ်ကျော်သက်အရွယ် ကျား/မ လူငယ်များ အရက်သေစာ သောက်စားကာ ဆူညံစွာကခုန်လျက်ရှိသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများစိတ် အနှောက်အယှက်ဖြစ်ရကြောင်း၊ Club မှထွက်လာသည့် လူငယ်များသည် မူးယစ်နေကြ၍ ယာဉ်များအား အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်း သတင်းရရှိသဖြင့် ထိုကဲ့သို့ဝင်ရောက်စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်နှင့်ပတ်သက်သည့် ယစ်မျိုးလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ ဗီဒီယိုလိုင်စင်များ မရှိသဖြင့် စက်တင်ဘာ(၁၀)ရက်နေ့ မနက်(၁၀)နာရီအချိန်တွင် ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဆိုင်မန်နေဂျာ ကိုအောင်ကိုခိုင်အားခေါ်ယူ၍ ယစ်မျိုးရောင်းချခြင်း၊ Day & Night Club ဖွင့်လှစ်ခြင်းတို့မပြုရန်၊ ဆိုင်အားပိတ်ထားရန် ၀န်ခံကတိပြု လက်မှတ်ရေးထိုးထားစေခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
FROM-BURMESE HEARTS


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...