လားရှိုးမြို့အထွက် AT ချောင်းရေကြီးခြင်းကြောင့် ကုန်စည် စီးဆင်းမှုများ
ပြတ်တောက် သွားခဲ့ကြောင်း သိရသည်။
မူဆယ်-မန္တလေး
ကားလမ်းပေါ်ရှိ လားရှိုးမြို့ အထွက် AT ချောင်းရေကြီးခြင်းကြောင့်ကုန်စည်
စီးဆင်းမှုများ ယနေ့ ပျက်တောက်သွားကြောင်း
မြို့ခံများထံမှသိရသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အဆိုပါ
ချောင်းရေ မှာ ယမန်နေ့ညက ဆက်တိုက်မြင့်တက်လာပြီး တံတားကို
ကျော်လွန်သွားသည့် အတွက် မူဆယ်-မန္တလေး သွားလာ သည့် ကားများ
ဖြတ်သန်းနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

အဆိုပါ ချောင်းရေလျှံ မှုကြောင့် နက်ဖြန်ကျင်းပမည့် လားရှိုး နည်းပညာ တက္ကသိုလ်စာမေးပွဲ ကို လည်းမြို့တွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအမှတ်(၃) သို့ ပြောင်းလဲ ကျင်းပမည်ဟုလည်းသိရသည်။အဆိုပါ ချောင်းရေမှာ ယခုနှစ်အတွင်း စံချိန်တင်(၃)ကြိမ်မြောက်ရေကြီးခဲ့ကြောင်းလည်းသိရသည်။ ကျောင်းသားတွေ/လူနာတွေ /သက်ကြီးရွယ်အိုတွေ/ ခရီးသည်တွေကို ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကနေ လှေများဖြင့် ကူညီပို့ဆောင်ပေးနေပါတယ်ဟု မြို့ခံတစ်ဦးက Popular News သို့ပြောသည်။
သတင်း-ဓါတ်ပုံThaw Da Htaik From: Popular
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...