![]() |
| ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးဆိုင်တစ်ဆိုင်တွင် အင်တာနက်သုံးစွဲနေသူများကိုတွေ့ရစဉ်။ File Photo/AFP ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးဆိုင်တစ်ဆိုင်တွင် အင်တာနက်သုံးစွဲနေသူများကိုတွေ့ရစဉ်။ File Photo/AFP |
နည်းပညာပိုင်းအနေဖြင့် ကျွမ်းကျင်မှု ရှိစေရန်အတွက် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာ နနှင့် နိုင်ငံတကာမှအလုပ်ရုံဆွေး နွေးပွဲများ၊ သင်တန်းများတက် ရောက်ခြင်းများဆောင်ရွက်ခဲ့ ပြီး Cyber Security နှင့်ပတ်သက် သည်များကိုလည်း လေ့လာသင် ယူထားကြောင်း သိရသည်။ ''ဆိုက်ဘာမှုခင်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ကျွန် တော်တို့ ဌာနတစ်ခုတည်းနဲ့မဖြစ် ပါဘူး။ လက်ရှိမှာလဲ ဆိုက်ဘာနဲ့ ပတ်သက်ပြီး ကြီးကြီး မားမား တိုင် ကြားလာတာမျိုးတွေ မရှိသေးပါ ဘူး''ဟု ယင်းက ထပ်မံပြောသည်။
ဆိုက်ဘာမှုခင်းများကို ကိုင် တွယ်ဖြေရှင်းရာ၌ အခြားအဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာန၊Myanmar Computer Emergency Response team တို့နှင့် ပူးပေါင်း ဖြေရှင်းရန်လိုအပ်ကြောင်း၊ ဆိုက် ဘာဥပဒေကိုပြဌာန်းနိုင်ရန် လက် ရှိဆက်သွယ်ရေးဥပဒေကို အခြေ ခံ၍ ပူးပေါင်းပါဝင်ရေးဆွဲရန်လို အပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ဘလော့ ဂါတစ်ဦးဖြစ်သူ ဦးနေဘုန်းလတ် က ''နောက်ပိုင်းမှာ ဆိုက်ဘာကို အသုံးပြုပြီး အသရေဖျက်တာ တွေ၊ မှုခင်းတွေအများကြီးပိုကြုံ လာမှာပါ။ အဲဒီအတွက် Cyber Police တွေထားရှိဖို့ လိုလာပါပြီ။ ဥပမာ ဒေါက်တာဆိတ်ဖွားကိစ0x081စ မျိုးဆိုရင် ဆိုက်ဘာ ကနေ တစ်ဆင့် ဖြစ်တာပါ။ ဒီလိုတွေအများကြီး နောက်ပိုင်းဖြစ်လာနိုင်တယ်။ မြန်မာ နိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီး နောက်ပိုင်း ကျယ်ပြန့်လာမှာဆို တော့ မှုခင်းတွေကလဲ ပိုဖြစ်လာ မှာသေချာပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်အနေဖြင့် e-Government လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် G to C လုပ်ငန်းအနေနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ဝက်ဘ် ဆိုက် www.myanmarpoliceforce.org နှင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ တွင် ရဲဇာနည် အမည်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာမှစ တင်၍ လွှင့်တင်ပေးခဲ့ပြီး ယင်း ဝက်ဘ်ဆိုက်တွင် မှုခင်းသတင်း များ၊ ရဲတပ်ဖွဲ့၏လုပ်ဆောင်ချက် များ၊ ပြည်သူသို့ အသိပေးကြေ ညာချက်များ၊ ဥပဒေစာအုပ်များ ထားရှိပြီး ရဲလုပ်ငန်း နှင့် ပတ်သက် ၍ ပြည်သူတို့၏နစ်နာချက်များ အတွက် တိုင်ကြားနိုင်ကြောင်း သိရသည်။
ဖူးပွင့်သော်
Yangon Media Group


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...