သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦး ရဲလက်က ထွက်ပြေး လွှတ်မြောက်


မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် (၆) ဦးကို ဆားပြင်ကျောင်းအရောက်တွင် တွေ့ရစဉ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မသင်္ကာဖွယ်ရာ သင်္ကန်းဝတ်ထားသူ ၆ ဦးသည် ရဲလက်မှ တဆင့်
ထွက်ပြေး လွှတ်မြောက်သွားခဲ့သည်ဟု သတင်း ရရှိသည်။ ၎င်းသင်္ကန်းဝတ် (၆) ဦးသည် လွန်ခဲ့သောလ ၀ါ
တွင်းကာလ အတွင်း တောင်ကုတ်မြို့နယ်သို့ အလှူခံ ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာ အနှံ့သွား
ရောက်ကာ အလှူခံခဲ့ကြသည်ဟု သိရသည်။


သင်္ကန်းဝတ် (၆) ဦး၏ အလှူခံ ကားအားတွေ့ရစဉ်။

၎င်းသင်္ကန်းဝတ် (၆) ဦးသည် လွန်ခဲ့သောလ ၀ါတွင်းကာလ အတွင်း တောင်ကုတ်မြို့နယ်သို့ အလှူခံ
ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာ အနှံ့သွားရောက်ကာ အလှူခံခဲ့ကြသည်ဟု သိရသည်။

သြဂတ်စ်လ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ ရောက်
ရှိလာရာ ကျောင်းထိုင် ဆရာတော်မှ သံဃာများ ကိုင်ဆောင်သည့် သံဃာ့အသင်းဝင် ကဒ်ပြားအား စစ်
ဆေးရာ သူတို့ ကိုင်ဆောင် ထားသော သံဃာ့ စိစစ်ရေး ကဒ်ပြားတွင် တရားဝင် ဆီးလ် တံဆိပ် များ ရိုက်
နှိပ်ထားခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

သို့အတွက် ဆားပြင် ကျောင်းထိုင်ဆရာတော်မှ သင်္ကာမကင်း ဖြစ်ရာမှ အနီးအနားရှိ လမူးရဲစခန်းမှ စခန်း
မှူးကို ခေါ်ယူပြီး မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦးကို စစ်ဆေးရန် အပ်နှံလိုက်သည်ဟု သိရသည်။

စခန်းမှူးနှင့် ရဲတပ်သား အချို့သည် ၎င်းသင်္ကန်းဝတ် ၆ ဦးအား စစ်ဆေးရန် တောင်ကုတ်မြို့သို့ ခေါ်ယူ
သွားရာ တောင်ကုတ် အရောက်တွင် ၎င်း ၆ ဦးသည် ရဲလက်မှ ထွက်ပြေး လွှတ်မြောက်သွားကြသည်ဟု
သိရသည်။

မျက်မြင်များ အပြောရ အဆိုပါ သင်္ကန်းဝတ်များသည် ရခိုင်ရိုးမပေါ်သို့ သူတို့တွင် ပါလာသော အလှူခံ
ကားဖြင့် ထွက်ပြေး သွားကြသည်ဟု ဆိုသည်။

သူတို့ ထွက်ပြေးသွားရာ ရခိုင်ရိုးမပေါ် ရှိ ပန်းတောင်း- တောင်ကုတ်လမ်းတွင် စစ်ဆေးရေးဂိတ်များ ထူ
ထပ်စွာ ချထားသော်လည်း ယအခုအချိန်ထိ မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦးနှင့် အလှူခံကားအား ဖမ်း
ဆီးနိုင်ခြင်း မရှိသဖြင့် ပြည်သူများ အနေဖြင့် အထူး အံ့သြနေကြသည်ဟု သိရသည်။

(နိရဉ္စရာ- ၃ စက်တင်္ဘာ ၂၀၁၃)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D