သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 10, 2013

ဖိလစ်ပိုင်တွင် မွတ်ဆလင်သူပုန်များက ဓားစာခံ အများအပြားကို ဖမ်းဆီးထား

ဒုတိယနေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာတွင် စစ်တပ်နှင့် သူပုန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး နှစ်ဖက်စလုံး အကျအဆုံးများ ရှိခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဖိလစ်ပိုင် နိုင်ငံတွင် ထကြွသောင်းကျန်းနေသည့် မွတ်ဆလင် သူပုန်တပ်များသည် အင်္ဂါနေ့က နောက်ထပ် ဓားစာခံ အများအပြားကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ဒုတိယနေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာတွင် စစ်တပ်နှင့် သူပုန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး နှစ်ဖက်စလုံး အကျအဆုံးများ ရှိခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဖိလစ်ပိုင် တောင်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခအတွင်း မွတ်ဆလင် သူပုန်များသည် နောက်ထပ် အရပ်သား ဓားစာခံ အမြောက်အမြားကို ဖမ်းဆီး ထိန်းသိမ်းထားလိုက်ကြောင်း စစ်ဘက်က အတည်ပြုခဲ့သည်။ ဇမ်ဘိုအာဂါမြို့နှင့် အနီးတွင် အစိုးရ စစ်တပ်များသည် သူပုန်တပ်ဖွဲ့ဝင် (၃၀၀)ကျော်နှင့် တိုက်ခိုက်နေရကြောင်း သတင်းများက ဆိုသည်။

မိုရိုအမျိုးသား လွတ်မြောက်ရေးတပ်ဦး (MNLF)ဟု အမည်ပေးထားသော သူပုန်တပ်များသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်ကို လမ်းချော်စေခဲ့ပြီဟု အစိုးရဘက်က ပြစ်တင် ပြောကြားခဲ့သည်။ ပဋိပက္ခ အစပြုချိန်တွင် သူပုန်တို့သည် ဓားစာခံ (၂၀)မျှကို ထိန်းသိမ်းထားခဲ့သော်လည်း ဇမ်ဘိုအာဂါ မြို့တော်ဝန် မာရီယာ အစ္စဘဲလား ကလီမာကို ဆလာဇာက အင်္ဂါနေ့တွင်မူ ဖမ်းဆီးခံ ဓားစာခံ အရေအတွက်သည် (၁၇၀)မျှထိ ရှိနေပြီဟု ယုံကြည်ရကြောင်း ဝန်ခံခဲ့သည်။ မြို့နှင့် အနီးတဝိုက်ရှိ ရွာ(၆)ရွာတွင် ဖြန့်ကျက်ထားသော သူပုန်တပ်များသည် ရွာခံများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်။

"သူပုန်တွေက ဓားစာခံတွေကို လူသားတံတိုင်း အနေနဲ့ အသုံးပြုနေတာပါ"ဟု မာရီယာက သတင်းထောက်များအား ပြောကြားခဲ့သည်။ MNLFကို စတင်ထူထောင်သူ နာမစ်ဆူရီ၏ ဦးဆောင်မှုဖြင့် သူပုန်တပ်များသည် တနင်္လာနေ့က ပင်လယ်ကမ်းခြေ ရွာ(၆)ခုကို စတင်တိုက်ခိုက်ခဲ့သည်။ MNLFက မိမိတို့သည် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ အဓိက နေထိုင်သည့် ဖိလစ်ပိုင် နိုင်ငံတွင် မွတ်ဆလင် အများစုရှိနေသော တောင်ပိုင်းဒေသကို လွတ်လပ်စွာ ခွဲထွက်ရန် ကြိုးစားမည်ဟု ကြွေးကြော်ထားသည်။

From: Planet Myanmar Network

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D