သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

ပြစ်မှုကျူးလွန် သူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အမှုမဖွင့်ပေးခြင်း တို့နှင့်ပတ်သက်၍ တိုင်ကြားလာမှုကြောင့် ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်

Photo: ပြစ်မှုကျူးလွန် သူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ 
အမှုမဖွင့်ပေးခြင်း တို့နှင့်ပတ်သက်၍ တိုင်ကြားလာမှုကြောင့် ရဲစခန်းများတွင် 
CCTV ကင်မရာများ တပ်ဆင်
Tuesday, September 03, 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရဲစခန်းများတွင် CCTV ကင်မရာများ 
တပ်ဆင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သတင်းရရှိသည်။

ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာ တပ်ဆင်ရာ၌ ရဲစခန်းအတွင်းရှိ 
ပြည်သူများ အမှုလာရောက် တိုင်တန်းသည့် နေရာနှင့် ကျူးလွန်သူများကို 
အမှုစစ်ဆေးသည့် နေရာများတွင် အဓိက တပ်ဆင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး 
အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်အေးက 
ပြောကြားခဲ့သည်။

''ကျွန်တော့် ခရိုင်အတွင်းမှာရှိတဲ့ ရဲစခန်းတွေမှာတော့ သြဂုတ်အတွင်းက 
စပြီးတော့ CCTV ကင်မရာတွေ တပ်ဆင်နေပါတယ်။ စက်တင်ဘာလ အတွင်းမှာ 
ပစ္စည်းရရှိမှုအပေါ် မူတည်ပြီးတော့ အပြီးတပ်ဆင် သွားပါမယ်။ တပ်ဆင်ရခြင်းရဲ့ 
အကြောင်းအရင်းကတော့ အမှုစစ်ဆေးတဲ့ အခါမှာ စွပ်စွဲမှုတွေ တိုင်ကြားမှုတွေ 
ရှိလာတဲ့အတွက် အထင်အမြင် လွဲမှားမှုတွေ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ 
တိုင်ကြားလာခဲ့ရင်လည်း သက်သေရရှိဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ 
မတော်တဆ လွဲမှားမှုလေးတွေ မဖြစ်စေချင်လို့ ဖြစ်ပါတယ်'' ဟု အရှေ့ပိုင်းခရိုင်
 ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာတွေ တပ်ဆင်မှုနှင့် ပတ်သက်၍လည်း 
အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က '' 
အမှုလာတိုင်တဲ့ အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက အမှုမဖွင့်ပေးဘူး။ ပြစ်မှုကျူးလွန်တဲ့
 သူတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ ရှိတယ်လို့ တိုင်ကြားလာမှုကြောင့် 
အမှုလက်ခံ ဆောင်ရွက်ပေးတဲ့ နေရာနဲ့ အမှုစစ်တဲ့ အခန်းတွေမှာ CCTV ကင်မရာတွေ 
တပ်ဆင်ရတာ ဖြစ်ပါတယ်။ အချို့တိုင်ကြား မှုတွေကလည်း မဟုတ်မမှန် 
တိုင်ကြားမှုတွေ ရှိနေတယ်။ အဓိကကတော့ ပြည်သူတွေကို ပွင့်လင်းမြင်သာမှု 
ရှိစေဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန် ၂၈ ရက်က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်တွင် 
နေထိုင်ပြီး ပန်းရောင်းသူ မပိုးပိုးမွန်မှာ နေအိမ်ခုတင်ပေါ်၌ 
ဓားဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်စဉ်တွင် ကျူးလွန်သည်ဟု သံသယရှိသူကို 
ရဲတပ်ဖွဲ့မှ ဘုရင့်နောင် ရဲစခန်းရှိ စစ်ကြောရေးခန်းမ၌ စစ်ဆေးနေစဉ် ဇူလိုင် ၈
 ရက် နံနက် ၃ နာရီခွဲတွင် ရုတ်တရက် မေ့မြောလဲကျပြီး အင်စိန်ဆေးရုံသို့ 
ပို့နေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်သား အဆင့်မှ ဒုတိယရဲမှူးကြီး အဆင့်ထိ 
အရေးယူခဲ့ကြောင်း သိရသည်။

Eleven Media Group

မြို့မရဲစခန်း တစ်ခုအတွင်း CCTV ကင်မရာ မှတ်တမ်းကို စောင့်ကြည့်နေသည့် 
ရဲတပ်ဖွဲ့ဝင် တစ်ဦးကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

http://www.myanmaronlinenews.net/2013/09/cctv.html
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သတင်းရရှိသည်။
ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာ တပ်ဆင်ရာ၌ ရဲစခန်းအတွင်းရှိ ပြည်သူများ အမှုလာရောက် တိုင်တန်းသည့် နေရာနှင့် ကျူးလွန်သူများကို အမှုစစ်ဆေးသည့် နေရာများတွင် အဓိက တပ်ဆင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်အေးက ပြောကြားခဲ့သည်။''ကျွန်တော့် ခရိုင်အတွင်းမှာရှိတဲ့ ရဲစခန်းတွေမှာတော့ သြဂုတ်အတွင်းက စပြီးတော့ CCTV ကင်မရာတွေ တပ်ဆင်နေပါတယ်။ စက်တင်ဘာလ အတွင်းမှာ ပစ္စည်းရရှိမှုအပေါ် မူတည်ပြီးတော့ အပြီးတပ်ဆင် သွားပါမယ်။ တပ်ဆင်ရခြင်းရဲ့ အကြောင်းအရင်းကတော့ အမှုစစ်ဆေးတဲ့ အခါမှာ စွပ်စွဲမှုတွေ တိုင်ကြားမှုတွေ ရှိလာတဲ့အတွက် အထင်အမြင် လွဲမှားမှုတွေ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တိုင်ကြားလာခဲ့ရင်လည်း သက်သေရရှိဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ မတော်တဆ လွဲမှားမှုလေးတွေ မဖြစ်စေချင်လို့ ဖြစ်ပါတယ်'' ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာတွေ တပ်ဆင်မှုနှင့် ပတ်သက်၍လည်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က '' အမှုလာတိုင်တဲ့ အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက အမှုမဖွင့်ပေးဘူး။ ပြစ်မှုကျူးလွန်တဲ့ သူတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ ရှိတယ်လို့ တိုင်ကြားလာမှုကြောင့် အမှုလက်ခံ ဆောင်ရွက်ပေးတဲ့ နေရာနဲ့ အမှုစစ်တဲ့ အခန်းတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ရတာ ဖြစ်ပါတယ်။ အချို့တိုင်ကြား မှုတွေကလည်း မဟုတ်မမှန် တိုင်ကြားမှုတွေ ရှိနေတယ်။ အဓိကကတော့ ပြည်သူတွေကို ပွင့်လင်းမြင်သာမှု ရှိစေဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန် ၂၈ ရက်က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်ပြီး ပန်းရောင်းသူ မပိုးပိုးမွန်မှာ နေအိမ်ခုတင်ပေါ်၌ ဓားဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်စဉ်တွင် ကျူးလွန်သည်ဟု သံသယရှိသူကို ရဲတပ်ဖွဲ့မှ ဘုရင့်နောင် ရဲစခန်းရှိ စစ်ကြောရေးခန်းမ၌ စစ်ဆေးနေစဉ် ဇူလိုင် ၈ ရက် နံနက် ၃ နာရီခွဲတွင် ရုတ်တရက် မေ့မြောလဲကျပြီး အင်စိန်ဆေးရုံသို့ ပို့နေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်သား အဆင့်မှ ဒုတိယရဲမှူးကြီး အဆင့်ထိ အရေးယူခဲ့ကြောင်း သိရသည်။

Eleven Media Group

မြို့မရဲစခန်း တစ်ခုအတွင်း CCTV ကင်မရာ မှတ်တမ်းကို စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

http://www.myanmaronlinenews.net/2013/09/cctv.html

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D