သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label ချစ်ရေးချစ်ရာ. Show all posts
Showing posts with label ချစ်ရေးချစ်ရာ. Show all posts

Thursday, October 23, 2014

အမျိုးသားတွေ သူ့ချစ်သူကို လမ်းခွဲတတ်တဲ့ အကြောင်းအရင်း (၁၁) ချက်

====================================================

တစ်ခါတစ်လေ ယောင်္ကျားတွေက နားလည်ရခက်တယ်လို့ ...ဆိုကြလေ့ရှိပါတယ်။ လမ်းခွဲသွားတဲ့ ကောင်လေးက ကိုယ့်ကို ဘာ့ကြောင့်များထားခဲ့ရတာလဲလို့ တွေးနေတတ်တဲ့ အမျိုးသမီးတွေအတွက် သူတို့တွေလမ်းခွဲလေ့ရှိတဲ့ အကြောင်းပြချက်လေးတွေကို ခုလိုဖော်ပြပေးလိုက်ပါတယ်။
၁။သင့်ကိုမနာကျင်စေချင်လို့
သူတို့ပြောလေ့ရှိတာကတော့ သူတို့ကြောင့် ကိုယ်ခံစားနေရမှာစိုးလို့။ သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေ၊ ဒါမှမဟုတ် ကိုယ်နဲ့မတွေ့ခင်က သူ့အရှုပ်တော်ပုံတွေကြောင့် ကိုယ်နဲ့ရှေ့ဆက်လက်တွဲသွားရင် ကိုယ့်ဘ၀လေး မလှပနိုင်တော့ဘူးလို့ တွေးပြီး ချစ်ရက်နဲ့ လက်တွဲဖြုတ်လိုက်တာမျိုးပေါ့။

ကောင်မလေးရဲ့ကောင်ကလေး

တချို့ လူတွေက သင့်ကိုမချစ်နိုင်ဘူး
ဒါပေမဲ့ သင့်ဆီကအချစ်ကိုလည်း သူတို့ကလိုချင်တယ်

တချို့လူတွေက သင်ညာမှာတော့ကြောက်တယ်
ဒါပေမဲ့ သူတို့ကျညာနေကြတယ်

တချို့လူတွေက သင့်ဆီကဂရုစိုက်မှုကျလိုချင်တယ်
ဒါပေမဲ့ သူတို့ကျ ဂရုမစိုက်တတ်ကြဘူး

တချို့လူတွေက သင်လှည့်စားမှာကြောက်တယ်
ဒါပေမဲ့ သူတို့ကျသင့်ကိုလှည့်စားနေကြတယ်

တချို့လူတွေက သင့်ကိုထွက်သွားခွင့်မပေးဘူး
ဒါပေမဲ့ သင်နေချင်အောင်လည်း သူတို့ဟာမစွမ်းဆောင်နိုင်ကြဘူး

တချို့လူတွေက သင်အချစ်သစ်တွေ့သွားမှာစိုးတယ်
ဒါပေမဲ့ သူတို့အပေါ်ကိုစိတ်မပျက်အောင်တော့
မကြိုးစားကြဘူး

တချို့လူတွေက သိပ်ရီရတာပဲ
သူတို့လုပ်ချင်တာလုပ်မယ်
ဒါပေမဲ့သင့်ကိုကျ လုပ်ချင်တာလုပ်ဖို့ခွင့်မပြုတတ်ကြဘူး

သူတို့သင့်ကိုအရုပ်တရုပ် ကစားစရာတစ်ခုလိုသဘောထားတယ်
အဲဒီလူတွေဆီက သင်မရုန်းထွက်နိုင်ရင်
သင်တသက်လုံးဒဏ်ရာတွေရနေမှာပဲ ။ ။

ခင်မင်လျက်
ကောင်ကလေး
13-8-14,09:30pm
တချို့ လူတွေက သင့်ကိုမချစ်နိုင်ဘူး
ဒါပေမဲ့ သင့်ဆီကအချစ်ကိုလည်း သူတို့ကလိုချင်တယ်
တချို့လူတွေက သင်ညာမှာတော့ကြောက်တယ်
ဒါပေမဲ့ သူတို့ကျညာနေကြတယ်
...
တချို့လူတွေက သင့်ဆီကဂရုစိုက်မှုကျလိုချင်တယ်
ဒါပေမဲ့ သူတို့ကျ ဂရုမစိုက်တတ်ကြဘူး
တချို့လူတွေက သင်လှည့်စားမှာကြောက်တယ်

Tuesday, September 24, 2013

" အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "

စက်တင်ဘာ ၂၂ ရက် ၂၀၁၃
တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….

Tuesday, September 17, 2013

အရမ်းကောင်းတဲ့ စာပေလေးပါ ဖတ်ကြည့်ပါ..

 
သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ အခမ်းအနားမှူးက ၁၀၀၀ ကျပ်တန် တစ်ရွက်ထုတ်ပြီး မင်္ဂလာဆောင် အခမ်းအနားလာတဲ့ ပရိသတ်ကိုမေးတယ်… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…
အားလုံးစိတ်ထဲမှာ ထင်နေကြတာက ဒါ အခမ်းအနားမှူးက လူကို စချင်တဲ့ အကြံအစည်ဘဲ ဖြစ်ရမယ်ဆိုပြီး ဘယ်သူမှ စကားမပြောကြဘူး…

Saturday, September 14, 2013

ငှက်နဲ့ငါးတို့ရဲ့အချစ်

 
______________
ဟိုးရှေးရှေးတုန်းက ငါးတစ်ကောင်နဲ့ငှက်တစ်ကောင် ချစ်ကြိုက်ခဲ့ကြသတဲ့။ ဒါပေမယ့် ဘုရားသခင်က သူတို့ကို ထာဝရချစ်သူမဖြစ်နိုင်ဘူး၊ သူငယ်ချင်းတောင်လုပ်ဖို့မသင့်ဘူးလို့ ပြောခဲ့တယ်။ ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လိုပဲချစ်ချစ် ဒီတစ်သက်မှာ သူတို့နှစ်ယောက် အတူပေါင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ခဲ့ဘူး။

Monday, August 26, 2013

အမျိုးသားအများစုကချစ်သူနှင့်ချိန်းတွေ့ချိန် ကုန်ကျစရိတ်များကို အမျိုးသမီးများပါ မျှခံစေလိုကြ

"၅ရရာခိုင်နှုန်းသော အမျိုးသမီးများက ချိန်းတွေ့ရာ တွင် ၎င်းတို့က ငွေကြေးအကုန်အကျခံကြောင်းပြော ခဲ့ပြီး၃၉ရာခိုင်နှုန်းသောအမျိုးသမီး များက ၎င်းတို့၏အကုန်အကျခံမှုကို အမျိုးသားများက ငြင်းဆန်စေ ချင်ကြောင်း ဝန်ခံခဲ့"

Wednesday, August 7, 2013

ယောက်ျားမိန်းမ ထိုကိစ္စ

ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော
သတင်းတပုဒ်ပါရှိလာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ
သန်လျင် GTCကျောင်း၏ စာသင်ခန်းအတွင်း ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး
နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာနက်ပေါ်လွှင့်တင်လိုက်ရာ
ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက်  ယခုအခါ ဗွီဒီယိုအခွေများအဖြစ်

Saturday, August 3, 2013

အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ရပါလိမ့်

လက်ဖက်ရည်ဆိုင်ကို တစ်ယောက်တည်းသွားတယ်။ချောင်ကျတဲ့တစ်နေရာမှာ ထိုင်ပြီးကော်ဖီ တစ်ခွက်မှာ၊ဆေးလိပ် ထိုင်သောက်ရင်းတွေးတယ်။ ဒီကပြန်ရင် မိတ္ထီလာကန်ဘောင်ပေါ်မှာ သွားထိုင်မယ်ပေါ့လေ။ ဒါနဲ့ပဲတစ်ခုတွေးမိပြန်တယ်။ ငါအထီးကျန်သလိုများဖြစ်နေပြီလားလို့ပေါ့။ ဒါဟာနေ့စဉ် ရက်ဆက်ဆိုသလိုဖြစ်နေတာကိုးဗျ။ ဒါကြောင့် အထီးကျန်စိတ်ကိုဖျောက်ဖျက်ပစ်ဖို့ ဆန်းစစ်မိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။

ကွဲနေတဲ့အသဲကို ဘယ်လိုကုစားနိုင်မလဲ

ကျွန်တော်လည်း အသဲကွဲခဲ့ဖူးပါတယ်။ ဒီပို့စ်ဟာ ကုစားနည်းကိုရေးခြင်းဖြစ်ပေမယ့် ဒီပို့စ်ထဲမှာ ပါတဲ့အတိုင်း ကျွန်တော်ဟာ ချုံးပွဲချငိုဖူးပါတယ်၊ ဝမ်းနည်းပက်လက်ဖြစ်ဖူးပါတယ်၊ နာကြည်းဖူးပါတယ်၊ စိတ်နာဖူးပါတယ်၊ နောက်ဆုံးတော့ ဒေါသအိုးပေါက်ကွဲခြင်းနဲ့အတူ ရုတ်ခြည်းပျက်ပြားသွားခဲ့ရပါတယ်။

Friday, August 2, 2013

အချစ် ပုစ္ဆာကြီး (၅)ခု

ပထမဆုံး စာဖတ်သူအနေနဲ့ ဒီမေးခွန်း(၅)ခုကို ဖြေကြည့်ပါ။ မိမိ စိတ်ကူးနဲ့ အဖြစ်နိုင်ဆုံးအဖြေကို ခန့်မှန်း ကြည့်ပေးပါ။
၁။ ယောက်ျားနဲ့ မိန်းမမှာ ဘယ်သူက တစ်ယောက်အပေါ် တစ်ယောက် စချစ်လေ့ရှိလဲ။

၂။ မြင်မြင်ချင်းအချစ်မှာ ယောက်ျားနဲ့မိန်းမ ဘယ်သူက ပို ဖြစ်လေ့ရှိလဲ။

၃။ ယောက်ျားနဲ့မိန်းမမှာ အချစ်ဟာ ထာဝရတည်တံ့နေ တယ်လို့ ဘယ်သူက ပိုပြီး ယုံကြည် လေ့ရှိလဲ။

Tuesday, July 23, 2013

ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်

Photo: ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် 
အသက်ရှည်ရှည် နေရနိုင်
Tuesday, July 23, 2013

ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး 
ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။

သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် 
လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ 
သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ 
သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ 
ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ 
ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း 
ဖော်ပြခဲ့သည်။

ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး 
နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ 
ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် 
ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။

သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ 
လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ 
သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု 
ဆိုသည်။

ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် 
ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ 
ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ 
ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် 
နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။

အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် 
တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ
 ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ 
အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ 
ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး 
စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း
 သေသည်ဟု သိရှိ ရသည်။

ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး
 ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ 
ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။

မြ၀တီ
ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်တစ်ခုသည် စိတ်ဖိစီးမှုကင်းဝေးပြီး ကျန်းမာရေးအတွက် အထောက် အကူ ပြုကြောင်း ယခင်ကတည်းက သတ်မှတ်ထားကြသည်။
သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

Sunday, July 21, 2013

~•~• ယောင်္ကျားလေးများ ကြည့်သင်တယ်နော် (စာရိတ္တ ကောင်းမွန်သော မိန်းကလေးများအတွက်မဟုတ် ) •~•~


စာဖတ်ပရိတ်သတ်များကို ကျွန်တော်ဖတ်မိသလောက် မှတ်သားထားသမျှနှင့်လွန်ခဲ့တဲ့ လေးလောက်က ကျွန်တော်သူငယ်ချင်းတစ်ယောက်ဟာ မိန်းမယူပြီး ရင်ဖွင့်ချက်များကို စုစည်းတင်ပြထားပါသည်။ကျွန်တော်သူငယ်ချင်းက အရမ်းရိုးသားပါတယ် ။ သူခများ မိန်းမဆိုးနဲ့ ညားပြီးမှ ထမင်းချက်၊သန့် ရှင်းရေး အိမ်မှုကိစ္စများကိုလုပ်ပေးနေရတယ် သူကတော့ သူ

မိန်းကလေး တို့ သတိထားသင့်သော ယောင်္ကျားများ ၏ ထို ခဏ

Photo: မိန်းကလေး
 တို့ သတိထားသင့်သော ယောင်္ကျားများ ၏ ထို ခဏ


၁ ။ ခဏလေးပါကွာ .... မကြောက်ပါနဲ့ .. တကယ်ကိုခဏလေး ပါပဲ


ခပ်တိုးတိုး နဲ့ လေသံကချွဲပစ်ပြီး ကြက်သီးထဖွယ်ကောင်းလောက်အောင် သာမက 
ရင်တွေ တစ်ဒိုင်းဒိုင်း ခုန် လာစေသော ထိုစကားသံ နှင့်အတူ 
တစ်ဆတ်ဆတ်တုန်ရီနေတဲ့ အပျိုစင်မလေး ရဲ့ ခန္ဒာပေါ်က စုန်ဆန်ချည် 
အလုပ်များနေတဲ့ လက်တစ်စုံ ပိုင်ရှင် ရဲ့ စကားလေး တစ်ခွန်းက 

ညီမ တို့ ဘဝတစ်ခုလုံးကို စုတ်ပြတ်ကြေမွ သွားစေနိုင်တယ် ဆိုတာ 
သတိထားစေ လိုပါတယ်။ 

တစ်သက်စာ ထိန်းသိမ်းလာခဲ့ရတဲ့ အပျိုစင် ဘဝ ဟာ ထို ပုရိသ ရဲ့ 
ခွင့်တောင်းလိုဟန်နှောပေမယ့် အမိန့် ပေးသံပျော့ပျော့ ရဲ့ ထို ခဏ အောက်မှာ
 တစ်သက်စာ ကြေမွ ပျက်သုန်းသွား နိုင်တယ်။တစ်မိနစ် အတွင်းမှာတင် 
အပျိုစင်ဘဝ ပျောက်ကွယ်ပျက်စီးသွားနိုင်တယ်ဆိုတာ သတိချပ်စေလိုပါတယ်။

မိန်းကလေး တို့ သိထားဖို့ က အပျိုစင်ဘဝ ကို မင်္ဂလာရှိသော မင်္ဂလာဦးည 
တိုင် ထိန်းသိမ်းဖို့ ၊တန်ဖိုးထားဖို့ အင်မတန် ချုပ်တည်း 
ထိန်းသိမ်းခဲ့ရ တာ ကိုက ဘဝ တစ်သက်စာ အတွက် တန်ဖိုးရှိသော၊ မင်္ဂလာရှိသော 
သတို့ သမီးအဖြစ် ခင်ပွန်းသည်ရဲ့ တန်ဖိုးထားမှု၊မြတ်နိုးမှု ၊ လေးစားမှု 
ကို တစ်သက်စာ ပိုင်ဆိုင်နိုင်ဖို့ ဖြစ်ပါတယ်။

မိမိကို လက်ထပ်မည်၊ လက်မထပ်မည် မသေချာ သေးတဲ့ ချစ်သူရည်းစား တစ်ယောက် ရဲ့


ခဏလေး ပါကွာ ဆိုတဲ့ အလေးမထားတဲ့စကား တစ်ခွန်းအောက်မှာ 
သင်အရည်ပျော်နစ်မွန်းခဲ့ မိရင်တော့.. သင်ပေးဆပ်ရမယ့် တန်ဖိုးက ထိုခဏလေး 
အတွက် တန်ပါရဲ့ လား လို့ ထိုစကားကြားစဉ် ခဏမှာ တွေးမိ 
စဉ်းစားမိစေချင်ပါတယ်။

၂ ။ ခဏလေး လိုက်ခဲ့ပါကွာနော်

ခဏလေး ဟိုနားလိုက်ခဲ့ပါ ။ ဒီနားလာခဲ့ပါဆိုတဲ့ ချိန်းဆိုမှု တွေ အောက်မှာ
 အပျိုစင်ဘယ်နှစ်ယောက် လောက် လမ်းပျောက်ခဲ့ကြ ပြီးပြီလဲ ။

ခဏလေး လိုက်ခဲ့ပါ ကွာ နော် ဆိုတဲ့စကားနောက်မှာ ကောက်ကောက်ပါအောင် 
လိုက်ခဲ့မိတဲ့ အပျိုမလေး တို့ ရောက်သွားနိုင်တဲ့ အပေါစားတည်းခိုခန်း 
တွေ၊ထူထပ်တဲ့ခြုံဖုတ်တွေ၊လူပြတ်တဲ့လမ်းကြားတွေ၊စသည်စသည် နေရာများ ကို 
အလွယ်တကူ အလျော့ပေးအလိုမလိုက် အားမနာပဲငြင်းဆန်နိုင်တဲ့သတ္တိ နဲ့ ခွန်းအား
 ပြည့်ဝ နေစေလိုပါတယ်။


မိမိ ယုံကြည်လေးစားရတဲ့ ချစ်သူ ပင်ဖြစ်လင့်ကစား ပုံမမှန်တဲ့ နေရာဒေသတွေ 
ကို ချိန်းဆိုခေါ်ဆောင်သွားတဲ့အခါ မိမိတန်းဖိုးထား ရတဲ့ အပျိုစင်ဘဝကို 
အစွမ်းကုန်ထိန်းသိမ်းကာကွယ်ဖို့ သတိလေးကပ်ပြီး အလိမ္မာစကားနှင့်ငြင်းပယ် 
နိုင်ဖို့ ကြိုတင်စဉ်းစား ပြင်ဆင်ထားသင့်ပါတယ်။


၃ ။ ခဏတော့ စောင့်ပါကွာ

တစ်ချို့ ယောင်္ကျားတွေဟာ ရည်မှန်းချက်တစ်စုံတစ်ရာ အတွက် ကြိုးပန်းချိန်မှာ 
၎င်းတို့ရဲ့ ချစ်သူ မိန်းကလေးများကို စိတ်ရှည်လက်ရှည်စောင့်စား နေဖို့ 
ခွင့်ပန်လေ့ရှိပါတယ်။

သိပ်ကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့သော ကတိမတည်တဲ့ယောင်္ကျားအချို့ ကို 
စောင့်မျှော်ရင်း တန်ဖိုးရှိတဲ့ ပျိုမြစ်ခြင်းတွေ ကိုပေးဆပ်လိုက်ရတဲ့ 
အညာခံ အပျိုကြီးတွေ လဲအများကြီး ရှိနေတယ်ဆိုတာ တော့မမေ့စေချင်ဘူး။

ဒါဆို မစောင့်ပဲနေဖို့ လားဆိုတော့လဲ မဟုတ်ပါဘူး။စောင့်မျှော်ပါ ။ 
မိမိချစ်သူ ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ တတ်နိုင်ရင် 
ပါရမီဖြည့်သင့်ရင်ဖြည့်ပြီးစောင့်မျှော်ပါ။ ဒါပေမယ့် ညီမတို့ ရဲ့ 
နှလုံးသားတံခါး ကိုသာ ချစ်သူအတွက်သော့ခတ် ထားပေးပြီး ညီမတို့ 
မျက်လုံးတွေကိုဖွင့်၊ နားတွေကို စွင့် ပြီး အဝေးရောက်ချစ်သူကို 
မျက်ချေမပြတ်ဖို့ လဲလိုတယ်ဆိုတာ မမေ့စေချင်ဘူး။

မိမိတို့ ချစ်သူရဲ့ ခဏလောက်စောင့် ပေးပါကွာ ဆိုတဲ့စကားကို နာခံနေစဉ် 
ထိုခဏ မှာလဲ မိမိတို့ တတ်စွမ်းသလောက် ကိုယ်ရေကိုယ်သွေးပြည့်ဝနေအောင်လဲ 
ကြိုးစားထားဖို့ လိုတယ်။


တစ်ချို့ ကရှိတတ်တယ်။ ကိုယ့်ချစ်သူက နိုင်ငံခြားမှာပါရဂူဘွဲ့ ၊ သို့ ၊ 
စီးပွားရေးအတွက် အတွက်ကြိုးပန်းနေစဉ်ခဏမှာ ပြန်လာရင် ပါရဂူကြီး 
ပရော်ဖက်ဆာကြီး ၊ သူဌေးကြီး ဖြစ်မှာမို့ ငါကတော့ အလှအပပဲ ပြင်ထားမယ် 
ကျန်တဲ့အရည်အချင်းတွေ ရှိစရာမလိုဘူးလို့ တွေးရင်း 
အချိန်တွေဖြုန်းတီးနေတဲ့ မိန်းမငယ်တစ်ချို့အတွက် တော့ ရင်လေးစရာပါပဲ။

ရုပ်ခန္ဒာ အလှအပ သည် ကြာရှည် မတည်မြဲ ၊ ပညာအလှသည်သာ ထာဝရ မြဲမြံပါတယ်။

တစ်ချို့ ယောင်္ကျားတွေ များကျတော့လည်း ခဏတော့စောင့်ပါကွာ 
ဆိုတဲ့စကားနောက်မှာ စုန်းစုန်းမြုတ်ပျောက်ကွယ်ရင်း အိပ်မက်တွေ 
အဖန်ဖန်ပေး ကြေအေးဖို့တေးတွေ ခဏခဏ ဆိုနေဆဲပဲပေါ့။

ဘာပဲဖြစ်ဖြစ် ပါ...လူ့ ဘဝက သိပ်တိုပါတယ်။ တကယ်ကို ခဏလေး ပါပဲ။ ထိုခဏလေး 
များစွာတွေထဲမှာ မှ ယောင်္ကျားများရဲ့ ထိုခဏ အတွက်တော့ ညီမတို့ ရဲ့ 
အပျိုစင်ဘဝနဲ့ မိမိတို့ ကိုယ်ပိုင်ဖန်းတီးတည်ဆောက်နို်င်စွမ်းတွေကို 
အယုံမလွယ်ပဲ အလေးအနက်ထား ကြိုးပမ်းထိန်းသိမ်းသင့်တယ် လို့ အကြံပြု 
လိုက်ပါရစေနော်။


လေးစားချစ်ခင်လျက်


မနတ်သမီး

Credit Ma Angel
၁ ။ ခဏလေးပါကွာ .... မကြောက်ပါနဲ့ .. တကယ်ကိုခဏလေး ပါပဲ
ခပ်တိုးတိုး နဲ့ လေသံကချွဲပစ်ပြီး ကြက်သီးထဖွယ်ကောင်းလောက်အောင် သာမက ရင်တွေ တစ်ဒိုင်းဒိုင်း ခုန် လာစေသော ထိုစကားသံ နှင့်အတူ တစ်ဆတ်ဆတ်တုန်ရီနေတဲ့ အပျိုစင်မလေး ရဲ့ ခန္ဒာပေါ်က စုန်ဆန်ချည် အလုပ်များနေတဲ့ လက်တစ်စုံ ပိုင်ရှင် ရဲ့ စကားလေး တစ်ခွန်းက ညီမ တို့ ဘဝတစ်ခုလုံးကို စုတ်ပြတ်ကြေမွ သွားစေနိုင်တယ် ဆိုတာ သတိထားစေ လိုပါတယ်။

သင့်ဖူးစာရှင် မှန်ရဲ့လား တွက်ကြည့်ရအောင်..

Photo: 
သင့်ဖူးစာရှင် မှန်ရဲ့လား တွက်ကြည့်ရအောင်..
=======================
(တွက်ကြည့်ဖို့ လက်လွတ်မခံပါနှင့်)

ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ 
လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့
ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး 
ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ကဲအစမ်းလေးလုပ်ကြည့်
ရအောင်။ သင်က ၁၃.၁.၁၉၉၁ သင့်ချစ်သူက ၄.၄.၁၉၉ဝ ဆိုပါစို့။

သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ
၁၃ + ၁ + ၁၉၉၁ + ၄ + ၄ + ၁၉၉ဝ = ၄၀၀၃

မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ
၎ + ၀ + ၀ + ၃ = ၇
အဖြေက ၇ ပေါ့။

ရှင်းပြီနော်။ ကဲ..တွက်ကြည့်ကြရအောင် ...

အဖြေ- ၁
(၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် 
သူ့အတွက်ကတော့ ရည်းစားဟောင်း
ကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။ 
သင်နဲ့အတူနေတဲ့အချိန်မှာ သူဟာပျော်
ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ်။ 
ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့
သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ်။ဒါကြောင့် 
သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်
အလမ်းဟာ မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ။ နောင် 
Bus ကားအသစ်ဟာ
သူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို 
သင့်ကိုဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာ
လဲဆိုပြီး ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး။


အဖြေ- ၂
(၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ချစ်ကြပါတယ်။ ဒါပေမယ့် 
မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ်။
တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ။ 
အကျင့်တွေကလည်း တစ်ယောက်နဲ့
တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း 
အလျှော့ပေးမှာမဟုတ်ဘူး။
ဒါတောင်မှ သင်တို့မှာသုံးပွင့်ဆိုင်မရှိသေးဘူးနော်။ တစ်နေ့ကျရင် 
သူကခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့
ပြောလာခဲ့ရင်သင်သူ့ကိုနားလည်ပေးလိုက်ပါ။ 
သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက် နားလည်
နိုင်တဲ့အချိန်တစ်ခုလောက်တော့ထားပေးလိုက်ကြပေါ့နော့...


အဖြေ- ၃
(၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကိုတွေ့တာပဲလေ။ 
သင်တို့နှစ်ယောက်ရဲ့တွေ့
ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်တူညီနေတာပဲ။ အကျင့်၊ 
အကြိုက်၊ ညစ်ပတ်ခြင်း၊ ပေါခြင်း၊ အရူး
ထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကိုတွေ့တဲ့အချိန်ဆို 
ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ။ သင်တို့အချစ်ဟာ ဘာအရ
သာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ။ 
ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့။ အဲ..တစ်ခု
တော့ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊ သင့်အတွက်သူဟာ 
ငြီးငွေ့စရာကောင်းနေတယ်။ ဒါကြောင့်
သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်။ နောက်ဆုံးတော့လည်း ဘယ်လူမှ
 သင့်ရဲ့အခုလိုအရသာ
မရှိတဲ့ ပေါရွှတ်ရွှတ်လူထက်ပိုပြီးကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ်။ 
မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့
ရင် နှောင်းချင်လည်းနှောင်းသွားမှာပေါ့။


အဖြေ- ၎
(၄) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ်။ ဘယ်လို ခွာခွာ
 ခွာလို့မရတဲ့ပုံစံ၊ ဘဝကို
ဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်။ သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့
 သူ့ကိုချစ်တယ်လို့ ဖွင့်ပြောဖို့မရဲ
ဘူးဖြစ်နေတယ်။ ဒါကြောင့် ဟိုဖက်ကိုလည်းမသွား၊ 
ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့။ အကောင်းဆုံးကတော့
သင်တို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး 
ပြဿနာကိုတူတူဖြေရှင်းကြတာအကောင်းဆုံးပဲလေ။ မဟုတ်ရင်တော့ သင်တို့ထဲ
ကတစ်ယောက်မဟုတ်တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ဇာတ်လမ်းလေးက 
ဇာတ်သိမ်းသွားလိမ့်မယ်နော်။


အဖြေ- ၅

(၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က 
သွေးရဲရဲသံရဲရဲအချစ်ပေါ့။ဘာဂိုဏ်းညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း
အသက်လုပြီးဖြစ်ပေါ်လာတဲ့အချစ်စစ်။သင်တို့အချစ်လမ်းကြောင်းမှာ 
ဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့က
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်နဲ့အမှန်ချစ်တာဖြစ်တယ်။ 
သင်တို့နှစ်ယောက်က ခုချိန်မှာ
ချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး။ 
နှစ်လွှာပေါင်းမှတစ်ရွက်ဆိုပြီးဖြစ်နေကြပါပြီ။ အသက်ပေးပြီးချစ်ကြတဲ့ သူတွေ
အဆင့် ရောက်နေကြပါပြီ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ 
မယုံသင်္ကာမဖြစပါနဲ့။ ဘာလို့လဲဆိုတော့ သူ
ဟာယုံကြည်နေပါပြီ။ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်လို့....။



အဖြေ- ၆
(၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစားသကြားထည့်ဖို့တောငမလိုပါဘူး။ 
ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်
ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ်။ ဒါပေမယ့်လည်း 
ဒီပျောရွှင်မှုဟာ မပြည့်စုံသေးဘူးလို့
သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပကိုမြင်ရသလိုပေါ့။ သင်ဟာ သင့်ချစ်သူနဲ့
 ဒီလိုအမှတ်တရအချိန်လေးတွေကို
ဘယ်လောက်ကြာကြာခံစားရဦးမလဲဆိုတာ မသေချာသေးဘူး။သို့ပေမယ့်လည်း သင်ဟာ 
ခုချိန်မှာအရမ်းပျော်နေ
တယ်လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့သူ့ပြဿနာတစ်ခုခုရှိပြီး 
သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိ
သလိုနေမှာအသေအချာပဲ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့ 
သင့်ရဲ့အစွမ်းအစပေါ်မှာမူ
တည်ပါတယ်။ ပြီးတော့ သူ့ရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ။ 
သူ့ရဲ့ပြဿနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ...



အဖြေ- ၇
(၇) ရတဲ့သူက 
ဒီတစ်ယောက်ကသင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ 
အနိမ့်စားလူတစ်ယောက်က
ဘယ်လိုလဲဆိုတာပေါ့၊ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက 
တစ်ကိုယ်ကောင်းဆန်စိတ်၊ ကိုယ့်ကိုယ်ကို
အထင်ကြီးမှု၊ အများကြီး အများကြီးပေါ့။ သင့်ကိုတစ်ခုခုကူညီလိုက်ရင် 
ကျေးဇူးအတင်ခံချင်တာကအရင်ပေါ့။
ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ဆိုတာ 
သူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့။ပွေလည်းပွေတယ်။ ကပ်စေးလည်းနဲ
တယ်။ ဆိုးသောအရသာမျိုးစုံနဲ့ပြည့်စုံနေတဲ့သူပေါ့။ 
သင်နဲ့ရည်းစားလာဖြစ်တာကလည်း အထွေအထူးမဟုတ်ပါဘူး။
super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်။သင်ဟာ 
ရုပ်မရှိရင်အဲဒီတစ်ယောက်က သင့်ကိုမျက်စောင်း
လေးတောင် ထိုးကြည့်မှာမဟုတ်ဘူး။ ပြီးတော့ သင်မသိသေးတဲ့ 
သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲ
ထည့်ထားရတဲ့အထိ၊ ဒါကြောင့် သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ 
လုံးဝမမျှော်လင့်နေပါနဲ့တော့နော်။


အဖြေ- ၈

(၈) ရတဲ့သူက သူ့ရဲကနောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ 
သင်တို့အချစ်ဟာကြာပြီး အားလုံး
နေရာကျနေပြီလေ။ တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ။ 
ဒါကြောင့်အတူနေတဲ့အချိန်ဆို စိတ်ချမ်း
သာရတယ်။ အဲဒီစိတ်ချမ်းသာတာကချိုတာတွေ romatic တာတွေ မရှိတဲ့ခံစားချက်၊ 
သဝန်တိုခြင်း၊ လိုချင်တပ်မက်မှု
မရှိတဲ့အချစ်ဖြစ်နေပါတယ်။ ဒါကြောင့် သင်တို့အချစ်က 
သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ။ သင်တို့နှစ်ယောက်
က တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ။ 
တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက်နားလည်နိုင်စွမ်းရှိတယ်
ဆိုတာ သူ့အပြင်သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်း 
ရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...)



အဖြေ- ၉
(၉) ရတဲ့သူက 
အားရိုးရိုး...သင်တို့အချစ်ကိုနှိုင်းရရင်တော့နံနက်နေထွက်ချိန်နဲ့ 
ညနေနေဝင်ချိန်၊ ကောင်းကင်နဲ့မြေကြီး၊
သူချမ်းသာနဲ့သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့။ ဒါကြောင့် 
သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်
နားမလည်နိုင်ပဲဖြစ်နေရတယ်။နောက်ထပ် ဘာထူးဆန်းစရာတွေထပ်လာဦးမလဲဆိုပြီးတော့ 
သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ်။သင်တို့နှစ်ဦးကလည်းသိနေတယ်လေ။ 
ကြာရှည်လက်တွဲလို့မရ
ဘူးဆိုတာပေါ့။ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း 
ကိုယ့်ဘဝမှာရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်
တယ်။ သင်တို့နှစ်ဦးဟာအလွန်ခြားနားလွန်းလို့ 
တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့။ သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်
လည်း သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ။......

မူးရင်း- မြန်မာ.ရိုးရာဗေဒင်ပညာရပ် မှ
(တွက်ကြည့်ဖို့ လက်လွတ်မခံပါနှင့်)
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့
ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ကဲအစမ်းလေးလုပ်ကြည့်
ရအောင်။ သင်က ၁၃.၁.၁၉၉၁ သင့်ချစ်သူက ၄.၄.၁၉၉ဝ ဆိုပါစို့။

Saturday, July 13, 2013

တကယ်တော့ အချစ်ဆိုတာ တစ်ယောက်ရဲ့လိုအင်ကိုတစ်ယောက်ကဖြည့်ဆည်းပေးရင်း ကိုယ်ချစ်ရတဲ့လူကိုစိတ်ချမ်းသာစေခြင်းပဲမဟုတ်လား...?

" တစ်ခါက အရမ်းဆင်းရဲတဲ့ လင်မယား ၂ယောက်ရှိတယ်..
တနေ့မှာတော့ မိန်းမဖြစ်သူက သူ့ယောက်ျား အလုပ်သွားကာနီးမှာ
" ..သူ့ဆံပင်တွေ အရမ်းကိုရှည်လွန်းနေပြီဖြစ်လို့
ရှင်းလင်းဖို့ ဘီး ကောင်းကောင်းလေးတစ်ချောင်းလောက် ၀ယ်လာခဲ့ပေးပါလား " လို့ ပူဆာတယ်။
မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားဖြစ်သူက အရမ်းကိုဝမ်းနည်းသွားတယ်.......

" ငါ့အတွက် မရှိမဖြစ်လိုအပ်တဲ့နာရီလေးကြိုးပြတ်နေခဲ့တာကိုလဲဖို့အတွက်တောင်
ငါ့မှာ ပိုက်ဆံ အလုံအလောက်မရှိပါဘူး မိန်းမရယ်" လို့ ပြန်ပြောတယ်..
ဒါနဲ့ မိန်းမကလည်း ဇွတ်အတင်း မပူဆာခဲ့ဘူး..
ယောက်ျားလည်းသူ့အလုပ်ကိုထွက်သွားခဲ့တယ်..

တင်ပြီးသား post များ

3D