သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label စာစုများ. Show all posts
Showing posts with label စာစုများ. Show all posts

Thursday, October 23, 2014

နည်းစနစ်ကျကျအတွေးအခေါ်


ကံကောင်းခြင်းတွေကို ထွက်ပြေးသွားစေမယ့် ၆ ချက်
====================================
ဘယ်သူမဆို ဘဝမှာ အောင်မြင်ချင်တာချည်းပါပဲ။ ဘဝမှာ အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်...ရမှလဲ။
အောင်မြင်ဖို့အတွက် လုပ်ရမယ့်အရာတွေ အများကြီးရှိသလို မလုပ်သင့်သောအရာတွေလည်း အများကြီးရှိပါတယ်။
ဘဝမှာ အောင်မြင်စပြုလာရင် မလုပ်သင့်သောအချက်တွေကို တင်ပြလိုက်ပါတယ်။
၀၁. သူတပါးရဲ့အောင်မြင်ခြင်းကို အားကျခြင်း
သူငယ်ချင်းပဲဖြစ်ဖြစ် အသိမိတ်ဆွေပဲဖြစ်ဖြစ် သူတို့ကအောင်မြင်ပြီးတော့ နေတဲ့အိမ်၊ သုံးတဲ့ပစ္စည်း၊ စီးတဲ့ကား စသည်ဖြင့် သူလိုနေထိုင်ချင်တယ်လို့ အားကျမိမှာပါ။

Monday, August 26, 2013

အမျိုးသားအများစုကချစ်သူနှင့်ချိန်းတွေ့ချိန် ကုန်ကျစရိတ်များကို အမျိုးသမီးများပါ မျှခံစေလိုကြ

"၅ရရာခိုင်နှုန်းသော အမျိုးသမီးများက ချိန်းတွေ့ရာ တွင် ၎င်းတို့က ငွေကြေးအကုန်အကျခံကြောင်းပြော ခဲ့ပြီး၃၉ရာခိုင်နှုန်းသောအမျိုးသမီး များက ၎င်းတို့၏အကုန်အကျခံမှုကို အမျိုးသားများက ငြင်းဆန်စေ ချင်ကြောင်း ဝန်ခံခဲ့"

Sunday, August 25, 2013

သားသတ်သမား

 ကျွန်တော်က သားသတ်သမား..။ လုပ်တာက သားသတ်တဲ့အလုပ်..။ ငယ်စဉ်ကတည်းက အကောင်ငယ်လေးတွေကို သတ်ရာမှာ ကျွန်တော် ၀ါသနာထုံခဲ့သည်။ အကောင်ငယ်လေးတွေ သွေးသံရဲရဲ နှင့် မြင်ရလျှင် ကျွန်တော့်မှာ ပျော်လို့မဆုံး..။ မိဘနှစ်ပါး ငယ်စဉ်ကတည်းက ဆုံးပါးသွား တာကြောင့် ကိုယ့်ဝမ်းစာအတွက် ဒီသားသတ်ရုံမှာ အလုပ်လုပ်လာခဲ့တာ အခုဆိုရင် ဒီမြို့ထဲမှာ သားသတ်မယ် ဆိုရင် ကျွန်တော် မပါလျှင် မပြီးသလောက်..။ ဒီ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသည်။

Tuesday, August 20, 2013

ဘ၀မှာ မှတ်သားသင့်တဲ့ စကားကောင်းလေးတွေပါ



 (၁) မှတ်သင့်တာကို မှတ်ပါ။ မေ့သင့်တာကို မေ့ပါ။ ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲပါ။ ပြုပြင် ပြောင်းလဲလို့ မရတာကို လက်ခံနိုင်အောင် ကြိုးစားပါ။

(၂) လူ့ဘ၀ဆိုတာ တိုတိုလေး။ ခဏတာအချိန်လေးမှာ ၀မ်းနည်းစရာ၊ စိတ်ပျက်စရာ ဘာတစ်ခုမှ ချန်မထား ခဲ့နဲ့။ ရီချင်ရင် ရီပစ်လိုက်၊ ငိုချင်ရင် ငိုပစ်လိုက်၊ ချစ်ချင်ရင် ချစ်ပစ်လိုက် ဘယ်ဖိအားနဲ့မှ ကိုယ့်ကို ထိန်းချုပ် မထားလေနဲ့။

Sunday, August 18, 2013

အမေတစ်ယောက် လိမ်ညာမှုများ

 ဒီဖြစ်ရပ်တွေဟာ ကျွန်တော်ကလေးဘ၀မှာ စတင်ခဲ့ပါတယ်..။ ကျွန်တော်ဟာ ဆင်းရဲတဲ့မိသားစုမှ မွေးဖွားလာရပါတယ်..။ တစ်ခါတစ်လေ တစ်မိသားစုလုံး စားဖို့မရှိလို့ ဗိုက်မှောက်နေခဲ့ရတဲ့ ဘ၀ပါ..။ ထမင်းစား တဲ့အချိန်တိုင်းမှာ အမေဟာ သူ့ပန်းကန်ထဲက ထမင်းအနည်းငယ်ကို ကျွန်တော့်ကို ခွဲပေးလေ့ ရှိပါတယ်..။ အဲ့လိုအချိန်မျိုးမှာလည်း အမေက "စား...သားလေး..၀အောင်စား…အမေက မစာဘူး.." ပြန်ပြောလေ့ရှိပါတယ်..။ အဲ့ဒါကတော့ အမေ့ရဲ့ ပထမဆုံးအကြိမ် လိမ်ညာမှုပါ.။

Monday, August 12, 2013

မှတ်မှတ်ရရ စကားစုလေးများ



လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။

ပျံသန်းခွင့်.........ပေးလိုက်ပါ။

သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။

အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့
 
 ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

Sunday, August 11, 2013

အတ္တကန့်လန့်ကာကို ဖွင့်ကြည့်ပါ။

 Aureum Online Media
မိုးတွေအုံ့ဆိုင်းနေတဲ့မနက်ခင်းတစ်ခုပေမယ့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားရှေ့က ကမ္ဘာအေးဘုရားလမ်းမှာတော့ ထုံးစံအတိုင်းပဲ သွားလာလှုပ်ရှားသူတွေနဲ့ စည်ကားလို့နေပါတယ်။ ဘုရားပရ၀ုဏ်ရဲ့ ၀င်ပေါက်နားဘေးဘက်ကျကျနေရာလေးမှာတော့ ယောဂီရောင်ထမိန်နဲ့ ရင်ဖုံးအင်္ကျီအဖြူရောင်ဝတ်ဆင်ထားတဲ့အမယ်အိုကြီးတစ်ယောက် ပုဆစ်တုပ်လေးထိုင်နေတယ်။ ဖွေးဖွေးဖြူနေတဲ့ဆံပင်တွေနဲ့ အရေးအကြောင်းတွေများလွန်းတဲ့အရေပြားတွေကတော့ အမယ်အိုရဲ့အသက်ဟာ ခုနှစ်ဆယ်အောက်ရှိမနေနိုင်ဘူးဆိုတာကို ပြဆိုနေပါတယ်။

Friday, August 9, 2013

အမေ - ၎


ဘ၀မှာ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီဖြစ်တဲ့ ကျွန်တော့်မှာ အပြင်းထန် ဆုံး ဆန္ဒတစ်ခုရှိပါတယ်..။ အဲ့ဒါကတော့ ငယ်စဉ်ကတည်းက ကျွန်တော့်အတွက် စွန့်လွတ်အနစ်နာခံ ပြုစု ပျိုးထောင်ပေးခဲ့တဲ့ အမေ့ကို တစ်ခုခု ပြန်လည် ပေးဆပ်ချင်တာပါပဲ..။ ဒါကြောင့် တစ်နေ့မှာ….

Tuesday, August 6, 2013

ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း

Photo: "၀ါတွင်းကာလနှက်ဦး)]
Photo Credit to : Original Uploaderမြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့
ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့
ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။
ဥပမာပြောရရင် ....
♦ သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊
♦ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊

Saturday, August 3, 2013

အပျို၊အပျိုစစ်နှင့် အပျိုစင်

အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြား သိမြင်အောင်လို့  ရေးလိုက်တာ ပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲ မှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာ ရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။

Friday, July 26, 2013

ဒေါသ တစ်ချက်


ကျွန်တော်က ကားခရေစီပါ…။ ကားချစ်တတ်တဲ့သူတစ်ယောက်ဆိုရင်လည်း မမှားဘူးပေါ့ဗျာ… ကျွန်တော့်ဘ၀မှာ ကျွန်တော့်မိန်းမရယ်… သားလေးရယ်…ကျွန်တော် အခုစီးနေတဲ့ ကားလေး ရှိရင် ကျွန်တော့် ဘ၀က ပြည့်စုံပြီ…။တစ်ရက်.... ကျွန်တော် အလုပ်က အတော်ပင်ပန်းလာတယ်..။ စိတ်ပန်း လူပန်း ဖြစ်နေတာကြောင့် အိမ်ရောက်တာနဲ့ ထမင်းစားပြီး ဘာအလုပ်မှ မလုပ်ပဲ တန်းအိပ်ပြစ်ဖို့ ကျွန်တော် တွေးထားလိုက် တယ်..။ အိမ်ကိုရောက်ပြီး ကျွန်တော့် မိန်းမ ပြင်ဆင်ထားတဲ့ ထမင်းကိုစားပြီး အိပ်ဖို့အတွက် အပေါ်ထပ်ကို ကျွန်တော် တက်ခဲ့တယ်..။

အမေ - ၃


ကျွန်တော်တို့ ရပ်ကွက်ထဲတွင် လကုန်ရက်များတိုင်း တစ်စုံတစ်ခုကို စောင့်မျှော်နေတတ်သော အဒေါ်ကြီး တစ်ယောက်ရှိလေသည်…………….။

အဒေါ်ကြီးမှာ ယောက်ျားဖြစ်သူဆုံးပါးသွားပြီး နောက်ပိုင်း သားသမီး (၃) ယောက်တို့ကို ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေး ပြီး ပညာသင်ပေးခဲ့သည်။ အဒေါ်ကြီးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲတွင် စံပြ မိသားစုဖြစ်ခဲ့ပြီး အားလုံးက လေးစားခဲ့ကြသည်။

Friday, July 5, 2013

စာဖတ်သူများ ရင်နင့်စေမယ့် ဇာတ်လမ်းလေး တစ်ပုဒ်ပါ

မေမေ ဆုံးသွားပြီးနောက်ပိုင်း မေမေ့ရဲ့ အရိပ်အရောင်တွေ လွမ်းမောမှုပြေလျှော့နိုင်ဖို့ အတွက် ကျွန်တော်နဲ့ ကျွန်တော့ ဖေဖေဟာ တခြားမြို့ငယ်လေးတစ်မြို့ကို ပြောင်းခဲ့တယ်… အဲဒီ မြို့လေးဟာ သာမန်မြို့လေးတစ်မြို့ပါဘဲ… အသက်ငယ်ငယ်ဘဲရှိသေးတဲ့ ဖေဖေဟာ မေမေ ဆုံးသွားပြီး နောက်ပိုင်းမှာ တစ်ယောက်တည်းကျွန်တော်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်…

တင်ပြီးသား post များ

3D