သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, November 22, 2012

တကိုယ်ရေည

ခန်းဆီးလိုက်ကာစတွေ အရောင်မှိန် အိမ်အိုလေးလဲ ဟောင်းခဲ့ချိန် မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား မင်းအကြောင်း တွေးလိုက်တိုင်း ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား မီးလင်းဖို နွေးနွေးလေးဘေးမှာ ထိုင်ငေးရင်း အမှတ်မရှိနိုင်လွန်းတဲ့ ကိုယ့်နှလုံးသားကို ကိုယ်သာ အပြစ်တင်နေမိတော့တယ် ကမ္ဘာဆုံးသွားတောင် ဆုံးသေးမယ် မထင်တဲ့ ငါ့အချစ်တွေ ဟိုစဉ်ကလိုပဲ ပျိုရွယ်နေဆဲ သစ်လွင်တောက်ပ လတ်ဆတ်နေဆဲပဲ အားလုံးဟာ အသစ်..အသစ် ဟိုစဉ်ကလိုပဲ မင်းအနမ်းတွေဟာ အသစ်...အသစ် ရီဝေယစ်မူး အထိအတွေ့တွေဟာ အသစ်... အသစ် သံစဉ်ချိုတဲ့ အပြာရောင်အိပ်မက်တွေဟာ အသစ်...အသစ် မင်းအချစ်တွေသာ အသစ်ဖြစ်မလာတာ ဆိုးရွားလွန်းလှတယ် ဥပေက္ခာ နှလုံးသားကို အစိမ်းရောင်ခြယ် သံမဏိလို သဘောထားကို မင်းဦးနှောက်မှာ ကိုင်စွဲလို့ထားမှတော့ ဒီညလဲ တကိုယ်တော် အိပ်မက်ကိုပဲ ငါ ဆက်မက်နေရအုံးမယ်ထင်ပါတယ် post by မိုးနက်ကြယ်စင် at 4:24 AM

မိဘမေတ္တာ

ချစ်သူ





ချစ်သူရေ ...
ရေဝေးရင်ကြာနွမ်းတယ်ဆိုတဲ့စကားဟာကို့
အတွက်များထားခဲ့လေသလား...
မင်းမရှိတော့တဲဒီနေရာဟာကို့အတွက်တော့
အထိကျန်ကမ္ဘာရယ်ပါ ချစ်သူ...
မင်းမရှိတော့တဲ့ ဒီအခန်း
မင်းမလျှောက်တော့တဲ့ ဒီလမ်းလေးတွေမှာ ငါဘယ်လို
သတ္တိတွေနဲ့ ဆက်လျှောက်ရမလဲ?
နားလည်မှု့တွေနဲ့ချစ်ခဲ့ပြီးမှ ကမ္ဘာကြီးတစ်ခုတည်းနဲ့
ရေမြေနေရာတွေခြားခဲ့ရပြီနော်
ရက် လ နှစ် တွေဘယ်လိုပြောင်းပေမဲ့
မင်းနဲ့နှစ်ယောက်အတူဖြတ်သန်းခဲတဲ့
ပျော်ရွှင်ခဲတဲ့အချိန်လေးတွေကို
သတိရနေမိသေးတယ် ချစ်သူရယ်....

အမှတ္တရ...
,ရဲဝင်းနိုင်,

ဓာတ်ပုံအချစ်ကဗျာများ

ဓာတ်ပုံအချစ်ကဗျာများ

Tuesday, November 20, 2012

ဒီလိုပဲ ...အားတင်းပြီး...ဆက်လျှောက်

ပန်းတိုင်မရှိပဲ ခရီးဆက်နေရတဲ့ဘ၀မှာ လမ်းကလဲ အမြဲလိုလိုပျောက်ပျောက်နေတတ်လို့ အားငယ်စိတ်နဲ့ စိုးရိမ်သောကတွေဟာ အိပ်ပျက်ညတွေရဲ့ ခြေရာ ...( ဒီလိုနဲ့ ) ငါ့ဘ၀မှာ အနှုတ်လက္ခဏာဆောင်နေတဲ့ ညတွေ တဖြေးဖြေးနဲ့ များများလာခဲ့ပြီလေ ဧပရယ်ရေ....... ငါတို့တွေ့ခဲ့ကြတဲ့ နောက်ဆုံးနေ့ကလိုပါပဲ မြင်မြင်ရာ နေရာတိုင်းမှာ ခြောက်သွေ့ခြင်းတွေနဲ့ လေးလံထိုင်းမှိုင်း..... အပြိုင်းပြိုင်းကျနေတဲ့ ပင်အိုကြီးတွေ.......... ဖေးကူ ကယ်ဆယ် ကောက်ယူမဲ့သူ ကင်းမဲ့နေတဲ့ မြေပြင်ပေါ်က ရော်ရွက်ဝါလေးတွေ...... နွေရဲ့သရုပ်ကို အစွမ်းကုန် အံထုတ် ဖော်ထုတ် ပြသနေကြလေရဲ့...... ကျွန်တော့်ရှေ့မှာ မြင်နေရတဲ့ ပစ္စုပ္ပုန်ဆိုတာကြီးကို ခဏလောက်ဖြစ်ဖြစ် ကျွန်တော် မေ့ထားလိုက်ချင်တယ်ဗျာ.. အနာဂတ်ဟာ မိုးလိုစိမ်းစိုနေမလား ဆောင်းလိုပဲ အေးခဲနေမလား ကြိုတင်မမြင်နိုင်သေးတဲ့ အနာဂတ်ကို စိတ်ကူးနဲ့ မှန်းမျှော်ကြည့်ရတာ တခါတခါ ရင်ခုန်စရာတော့ အကောင်းသားဗျ.... ဘ၀ဆိုတာ ရာသီတိုင်းပွင့်တဲ့ ပန်းလိုမဟုတ်ဘူး.... လင်းတလှည့် မှိန်တခါ ကြွေတလှည့် ကြက်တခုန် လောက ဇာတ်ခုံပေါ်မှာ အဖုံဖုံ ကရချည်သေးရဲ့..... နောက်ဆုံးကားလိပ် မချခင်အထိတော့ ငါဟာ ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်နေဆဲ လူတစ်ယောက်ပါပဲ.. Posted by မိုးနတ်ကြယ်စင် at 5:30 AM 8 comments:

ပြန်မလာနဲ့

လေးနက်တဲ့ ကဗျာတစ်ပုဒ်လို မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့ နူးညံ့တဲ့ စကားလုံးတစ်ချို့ကို ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့ ငါ့မျက်ရည်တွေ မြစ်လိုစီး... ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ မင်းက ကျေနပ်နိုင်မှာလား ချစ်သူ.... ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့... ၀ဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့... နေသာသလိုသာ နေလိုက်ပါ.... ငါက နင့်အတွက် အစကတည်းက ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ... ငါသိတာပေါ့....... နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ ငါ့အပေါ် စိမ်းနေခဲ့တာ... နင့်စိတ်အစဉ်ဟာ.... လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ ယိမ်းနေခဲ့တာ..... တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ အပြစ်မတင်ချင်တော့ပါဘူး.... ဖြစ်တတ်တဲ့ သဘောတွေမို့ ငါနားလည်လက်ခံပေးလို့ ရပါတယ် တခုပဲ..... ငါ့ဘ၀ကို ဆုတ်ဖြဲ... ရက်စက်စွာနဲ့ ငါ့ကို... ချန်ရစ်လို့ ထားခဲ့ပြီးမှတော့... ပြန်ဆက်ဖို့ ကြိုးစားနေတဲ့ ငါ့နှလုံးသားကို မင်း..... ဒဏ်ရာတွေ ထပ်ပေးဖို့ မကြိုးစားပါနဲ့တော့.............. မိုးနတ်ကြယ်စင်ပြန်မလာနဲ့ လေးနက်တဲ့ ကဗျာတစ်ပုဒ်လို မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့ နူးညံ့တဲ့ စကားလုံးတစ်ချို့ကို ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့ ငါ့မျက်ရည်တွေ မြစ်လိုစီး... ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ မင်းက ကျေနပ်နိုင်မှာလား ချစ်သူ.... ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့... ၀ဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့... နေသာသလိုသာ နေလိုက်ပါ.... ငါက နင့်အတွက် အစကတည်းက ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ... ငါသိတာပေါ့....... နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ ငါ့အပေါ် စိမ်းနေခဲ့တာ... နင့်စိတ်အစဉ်ဟာ.... လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ ယိမ်းနေခဲ့တာ..... တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ အပြစ်မတင်ချင်တော့ပါဘူး.... ဖြစ်တတ်တဲ့ သဘောတွေမို့ ငါနားလည်လက်ခံပေးလို့ ရပါတယ် တခုပဲ..... ငါ့ဘ၀ကို ဆုတ်ဖြဲ... ရက်စက်စွာနဲ့ ငါ့ကို... ချန်ရစ်လို့ ထားခဲ့ပြီးမှတော့... ပြန်ဆက်ဖို့ ကြိုးစားနေတဲ့ ငါ့နှလုံးသားကို မင်း..... ဒဏ်ရာတွေ ထပ်ပေးဖို့ မကြိုးစားပါနဲ့တော့.............. Posted by မိုးနတ်ကြယ်စင် at 5:30 AM 9 comments:

တင်ပြီးသား post များ

3D