သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, December 3, 2012

ရနိုင်ပါတယ်

တစ်ခါဆုံးရှုံးမှုဟာ နောက်တစ်ခါအောင်မြင်ဖို့ အကြောင်းဖြစ်ရမယ်... မကျေနပ်မှုဆိုတာ ဖြစ်ချင်နေတာနဲ့ ဖြစ်နေတာတို့ရဲ့ပဋိပက္ခပဲ... မကောင်တဲ့အကျင့်ကို ပြတင်းပေါက်ကနေ ပစ်ထုတ်လို့တော့ မရဘူး... ဒါပေမဲ့...လှေကားကနေတစ်ထစ်ချင်း ဆငိးခိုင်းလို့တော့ ရပါတယ်...

ဖြစ်ခွင့်ရရင်



ငှက်တစ်ကောင်လို လွတ်လပ်စွာပျံသန်းချင်တယ်
ဘယ်ကိုရောက်ရောက်ပေါ့...
သံယောဇဉ်အနှောင်မရှိ့တဲ့ နှလုံးသားတစ်စုံနဲ့
ငါ့ဘဝကို စတင်ချင်တယ်...
ဘဝဆိုတာခက်ခဲမှ ရလဒ်ကောင်းတာဆိုရင်
ဘဝပေါင်းများစွာ ပေးဆက်ချင်တယ်...
ဆန္ဒဆိုတာ ငါ့အတွက်တော့ စိတ်ကူးယဉ် ဟာသလိုလို
ဘာမှမရှိ့တဲ့ သေချာမှု့တစ်ခုကို ငါငတ်မွတ်စွာတမ်းတရင်း
ညပေါင်းများစွာ မနိုးထချင်တော့ဘူ.....

Friday, November 30, 2012

ရင်ခုန်သံ

မျက်လုံးခြင်း တစ်ခါဆုံလိုက်တိုင်း ကမ္ဘာကြီး တစ်ခါတုန်သွားတယ် ရင်ခုန်သံတွေ မြန်လွန်းလို့ ကိုယ့်နှလုံးသား တံကားရွက်တွေ ပြုတ်ပျက်ကုန်မှာ စိုးမိတယ် အချစ်ရဲ့မျက်လုံးလေးတွေကို ကိုယ့်နှလုံးသားထဲမှာ တံကားပိတ်လို့ တိတ်တိတ်ကလေး သိမ်းထားမှဖြစ်မယ် ဒါဆိုရင်.... ကမ္ဘာကြီးလည်း မတုန်ရတော့ဘူး ရင်ခုန်သံတွေလဲ မမြန်ရတော့ဘူးပေါ့

Friday, November 23, 2012

ဆယ်စုအလွမ်း

ဆယ်စုနှစ်တစ်ခုသာ ပြောင်းလဲသွားခဲ့တယ် ။ အရင်ကလိုပဲ နင့်ကိုချစ်တဲ့စိတ်တွေနဲ့ ငါဟာ ဘာဆိုဘာမှ ပြောင်းလဲမသွားသေးဘူး ။ ဟောင်းနွမ်းမသွားသေးတဲ့ ချစ်ခြင်းတရားတွေနဲ့ အတူ အချိန်တွေကြာလာတာနဲ့ အမျှ မပြယ်လေတဲ့ သံယောဇဉ်တွေက အစွဲလမ်းကြီးနေဆဲ ငါ့ရင်ခွင်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတုန်းပဲ ။ ရုန်းထွက်ဖို့လဲ ခက်ခဲသလို ရုန်းထွက်ဖို့လဲ ငါဟာ မကြိုးစားဖူးဘူး ။ အဆုံးမသတ်နိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့သာ အဆုံးမရှိ မျှော်လင့်ရင်း....... ချစ်ရတဲ့သူ နင်အခုဘယ်မှာ ရှိနေမလဲလို့ သိချင်မိတယ် ။ ဟိုးအဝေးက ..... တိမ်တိုက်တွေထဲမှာလားကွယ် ။ မိုးနတ်ကြယ်စင်

Thursday, November 22, 2012

တိုးတိတ်တမ်းတ..

ချစ်သူ.... သတိရမိမှာစိုးလို့ မေ့ပစ်ဖို့... ကြိုးစားမိကာမှပဲ မင်းကိုသတိရစေမဲ့.. အကြောင်းအရာတွေက တိုက်ဆိုင်စွာနဲ့ ငါ့ရဲ့ရှေ့မှာ ဖြစ်ဖြစ်လာတယ်...... ဘာကြောင့်လဲကွယ်...... မင်းရှေ့မှာဆို အမြဲအေးစက် မာကျောခဲ့တဲ့ငါက မင်းကွယ်ရာကျမှ တိတ်တိတ်လေး လွမ်းနေတတ်တာ..... ငါ့ရဲ့အတွေးတွေထဲကို မကြာခဏ ၀င်လာတတ်တဲ့ မင်းဟာ..ငါ့ရဲ့ အိပ်မက်တွေကိုလဲ အမြဲစိုးမိုးထားတာ... ငါရေးခဲ့ဖူးတဲ့ ကဗျာတွေတိုင်းဟာလဲ မင်းအတွက်ပဲ ဖြစ်နေခဲ့ရတာ..... အဲဒါတွေအားလုံးဟာ ဘာကြောင့်လဲကွယ်.... ဘာကြောင့်လဲဆိုတာ သိနေရက်နဲ့ ငါက မသိချင်ယောင်ဆောင်ခဲ့မိတယ်.. ငါတို့နှစ်ယောက်စလုံးရဲ့ အချစ်တွေကိုလဲ ငါ့ရဲ့ မာနနဲ့ သိက္ခာအတွက် ဥပေက္ခာပြုခဲ့မိတယ်ဆိုရင်....... ခေါင်းမာပြီး လက်တွေ့ဆန်တဲ့ ..... မိန်းမတယောက်ကို ချစ်ခဲ့မိတဲ့အတွက် မင်းက နောင်တတွေရနေတော့မှာလား..... ချစ်သူ....... ဒါပေမဲ့......ချစ်သူ......... ငါရှုသွင်းလိုက်တဲ့ လေနဲ့အတူ မင်းကိုမေ့တတ်တဲ့ စိတ်တွေပါလာပြီးတော့ ငါပြန်ထုတ်လိုက်တဲ့ လေနဲ့အတူ မင်းကို သတိရတတ်တဲ့ စိတ်တွေ အငွေ့ဖြစ်ပျောက်ကွယ်သွားရင် ခုချိန်ဆို ဟိုအရင်လို ငါမင်းကို လွမ်းနေဖို့ မလိုတော့ဘူးပေါ့..... Posted by မိုးနတ်ကြယ်စင် at 6:30 AM

မျှော်လင့်ခြင်းလေး.....

ငါလေ မင်းရဲ့အပြုံးကို စတွေ့ကတည်းက....... ကဗျာတွေ ရေးတတ်ခဲ့တာ... နွေးထွေးတဲ့ မင်းရဲ့အကြည့်တွေကလဲ ငါ့အတွက် အင်အားတွေဖြစ်စေခဲ့လို့.... ဘာကိုမှ ဂရုမစိုက် အရွဲ့တိုက်တတ်တဲ့ ငါတောင် မင်းကြောင့် လောကကြီးနဲ့.... အဆင်ပြေအောင် နေတတ်လာပြီပဲ.... ကျေနပ်ပါတယ် ချစ်သူ....... ကံကြမ္မာကြောင့် ငါတို့တွေ တခဏတာပဲ ဆုံတွေ့ခွင့် ရခဲ့ကြပေမဲ့လို့................ ငါ့ရဲ့ တဘ၀တာလုံးကို အဓိပ္ပါယ်ရှိစွာ ရပ်တည်သွားနိုင်ဖို့ မင်းက ခွန်အားတွေပေးခဲ့တာ...... လမ်းပျောက်နေတဲ့ ငါ့ရဲ့ဘ၀မှာ မင်းဟာ ကန္တာရအလယ်က လမ်းပြကြယ် တစ်ပွင့်လိုပါပဲ..... အဲဒိညက ပြတင်းပေါက်မှန်မှာ ပေါ်နေတဲ့ မင်းရဲ့မျက်နှာကို တစ်ညလုံး ထိုင်ကြည့်ရင်း ငုတ်တုတ်မေ့ခဲ့တာ........ အဲဒိနေ့ကစလို့ မင်းပြန်အလာကို မျှော်ကြည့်တတ်တဲ့ အကျင့်ဖြစ်ခဲ့တာ..... အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မင်းရဲ့မျက်နှာကို ငါဒီတသက်..... ဘယ်တော့မှ မေ့တော့မယ်မထင်ဘူး ချစ်သူ..... အဲဒိလိုပဲ ငါတို့တွေ ပြန်ဆုံနိုင်ဖို့ကိုလဲ မျှော်လင့်ဆုတောင်းရင်းနဲ့ သတိရခြင်းတွေနဲ့ အတူ ငါမင်းကိုစောင့်လို့နေပါ့မယ် ချစ်သူ.................. Posted by မိုးနတ်ကြယ်စင် at 7:17 AM

မ

မ...... ညညဆို အိပ်မက်မှာအလည်လာ...... သန်းခေါင်ယံကျမှ ကိုယ်ထင်ပြတတ်တဲ့ မကို... တဘ၀လုံး ကျွန်တော့်နှလုံးသားကို အပ်နှင်း.... ဆယ်စုနှစ်များစွာကို မ နဲ့အတူတူ ဖြတ်သန်းခွင့်ရချင်တယ်........ ကျွန်တော့် ဆန္ဒတွေ ဘယ်တော့များမှ လက်တွေ့ဖြစ်လာမှာလဲ မသိဘူး..... မ....... မက ခေါင်းငြိမ့်ဆို ခေါင်းငြိမ့်....... မက ဒူးထောက်ဆို ဒူးထောက်..... အရာရာကို မစိတ်တိုင်းကျ ဖြည့်ဆည်းပေးခဲ့တဲ့ ကျွန်တော် ဘယ်တော့များမှ မမျက်နှာကို မော်ဖူးခွင့်ရပါ့မလဲ မသိဘူး........ မ....... မနက်ဖြန်ဆို “Valentine Day” တဲ့ သူငယ်ချင်းက ပြောတယ်လေ...... ကောင်မလေးနဲ့ အတူတူလျှောက်လည်မလို့တဲ့.. ပျော်စရာကောင်းလိုက်တာနော် မရယ်...... ကျွန်တော်လဲလေ မနဲ့ နှစ်ကိုယ်တူ...... အဲလို ဘယ်တော့များမှ..... ကြည်နူးခွင့်ရပါ့မလဲ မသိဘူး.... မ..... ကျွန်တော် လောဘကြီးသလိုများ ဖြစ်နေပြီလားဟင်.......? ဒါမှမဟုတ်..“.မ”ကပဲ မကြင်နာတတ်ခဲ့တာလား....? တကယ်ဆို .....မရယ်..... ကျွန်တော်က“ မ”သဘောနဲ့ အသက်ရှင်နေမိတဲ့သူပါဗျာ....... ကျွန်တော့်ဘ၀ရဲ့ နာရီ..မိနစ်..စက္ကန့်တိုင်းကိုလဲ “မ” ကသာ ပိုင်တာပါ........ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လို့ ပင်လယ်ပြင်ကိုပဲ လက်ပစ်ကူးခိုင်းကူးခိုင်း အရာရာကို “မ” စိတ်တိုင်းကျဖြစ်ရစေမှာပါ..... ကျွန်တော် “မ” ကို အဲဒိလောက်တောင်ချစ်တယ်.. “မ”ရယ် အဲဒါကို “မ” နဲနဲလေးမှတောင် မခံစားမိဘူးလား ?..... Posted by မိုးနတ်ကြယ်စင် at 7:05 AM

တင်ပြီးသား post များ

3D