သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 27, 2013

The Elders ကြောင့် တပ်မတော်သား အမျိုးသမီး လွှတ်တော်အမတ်တွေ ပေါ်ထွက်လာတော့မည်လား

မြန်မာနိုင်ငံက လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ခန့်အပ်ထားရာမှာ လာမယ့် ၂၀၁၅ရွေးကောက်ပွဲကျရင်တော့ အမျိုးသမီးတွေ ကို ရွေးချယ်ခန့်ထားဖို့  မြန်မာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုခဲ့ တယ်လို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောပါတယ်။

စင်္ကာပူပြန် ဝင်းဇော်ဦးကို လေဆိပ်တွင် ကြိုဆိုသည့် လူအရေအတွက် ဒေါ်စုထက် ပိုများ

စင်ကာပူနိုင်ငံအထွေထွေရောဂါကု ဆေးရုံကြီးတွင် ဦးနှောက်အကြိတ်ရောင်ရောဂါကို အောင်မြင်စွာ ခွဲစိတ်ကုသပြီး ကျန်းမာစွာ ပြန်လည်ရောက်ရှိလာသော ကိုဝင်းဇော်ဦးသည် ညနေ ၅း၀၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၎င်းအား သတင်းမီဒီယာအပါအ၀င် ပရိသတ် ၁၀၀၀ ခန့်မှ လာရောက်ကြိုဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူမှ ပြန်လာစဉ်က NLD ပါတီ ဝင် ၁၀၀ ခန့်ကသာ လာရောက်ကြိုဆိုခဲ့ကြသည်။

From : .. popular



သရုပ်ဆောင် မင်းခန့်ကျော်ကို သရဝဏ် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက တရားစွဲမည်

သရဝဏ်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ သရုပ်ဆောင် မင်းခန့်ကျော်ကို နှစ်ဦးသဘောတူ စာချုပ်ဖြင့် ရိုက်ကူးပေးရန် အပ်နှံထားသော ဗီဒီယိုဇာတ်ကား ငါးကားကို အချိန်မီအပ်နှံခြင်း မရှိဘဲ ရှောင်လွှဲနေသည့်အတွက် ပုဒ်မ-၄၂၀ (လိမ်လည်မှု) ဖြင့် ကျောက်တံတား တရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ယင်းရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး၏ မန်နေဂျာက The Voice သို့ ပြောကြားသည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက် အစိုးရနှင့် ကေအိုင်အိုတို့ အောက်တိုဘာ လဆန်းတွင် တွေ့ဆုံ၍ အချက်လေးချက်အား အကြိုညှိနှိုင်းမည်

အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံကာ အချက်လေးချက်အား အကြိုညှိနှိုင်းကာ အောက်တိုဘာ ၇ ရက်၊ ၈ရက်နှင့် ၉ ရက် တို့တွင် မြစ်ကြီးနားမြို့၌ပင် နှစ်ဖက်ခေါင်းဆောင်များ ပါဝင်သည့် ပြည်ထောင်စုအဆင့် ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်အရာရှိတစ်ဦးအား ရက်ရက်စက်စက်သတ်ဖြတ်မှု ကေအိုင်အိုဘက်မှ ဟုတ်မဟုတ်စုံစမ်းပြီး အကြောင်းပြန်မည်

ဗိုလ်ဇော်မျိုးထက်ကျဆုံးပြီးနောက် သူ၏မိဘများနှင့် တွေ့ ဆုံမေးမြန်းထားသော သတင
တပ်မတော်မှအရာရှိတစ်ဦးကချင်ပြည်နယ်တွင်အသတ်ခံရမှုနှင့်ပတ်သက်၍ ကေအိုင်အိုဘက်မှစုံစမ်းပြီးဟုတ်မဟုတ်မကြာမီအကြောင်းပြန်မည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှသိရသည်။

ဆေးရုံတွင် စစ်ဆေးပြီးနောက် နှစ်တန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း အမှုဖွင့်

  နှစ်တန်းကျောင်းသူတစ်ဦးကို ဆေးရုံသို့ ပြသခဲ့ရာတွင် အဓမ္မပြုကျင့်ခြင်းခံထားရကြောင်း မှတ်ချက်ပေးခဲ့သဖြင့် ပြစ်မှု ကျူးလွန်သူအား အရေးယူပေးရန် အဖွားဖြစ်သူက စက်တင်ဘာ ၂၄ ရက်တွင် ဒဂုံဆိပ်ကမ်းရဲစခန်း၌ အမှုဖွင့် တိုင်တန်းထားသည်။

၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊အသစ်ရေးဆွဲခြင်းနှင့် သူတို့ ၏အမြင်များ

NLD ပါတီအနေဖြင့်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်၊အသစ်ရေးဆွဲမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လောလောဆယ်တွင်ပါတီအချို့နှင့် လက်နက်ကိုင်အဖွဲ့ အစည်းအချို့ မှကန့်ကွက်
မှုများ ရှိနေတယ်လို့ သိရပါတယ်။

တင်ပြီးသား post များ

3D