သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, December 10, 2012

ကိုယ်ကျေနပ်သင့်တာပေါ့ ။



လမ်းဆုံးတစ်နေရာရောက်နေတာတောင်မှ
နောက်ပြန်မလှည့်ချင်ခဲ့ဘူး
ကိုယ်ရဲ့စိတ်စေတသိုက်ဟာ
ကိုယ့်ကိုယ်ကိုတောင်မစေနိုင်ခဲ့ဘူး . . . .

ချစ်သူ . . .
ကိုယ်ဟာမင်းရဲ့ စေလိုရာစေ ဖြစ်ခဲ့သူပေါ့ ။

မင်းရဲ့နှုတ်ထွက်စကားတစ်ချက်ဟာ
ဓားသွားတစ်လက်ဆိုရင်
အဲဒီဓားအဖျားထက်မှာ
ကိုယ့်နှလုံးသားကိုတင်ထားပေးလိုက်မယ်
ကိုယ့်အိပ်မက်ကိုတောင်
မင်းစေလိုရာစေနိုင်တယ်ကွယ် ။

လင်းခေတ်ဒီနို ( 14.5.12 , 1း40 AM ) 

ယဉ်ကျေးမှု့

လူမျိုးဘာသာတိုင်းမှာရိုးရာယဉ်ကျေးမှု့တွေရှိကြသလို ချစ်ခြင်းတရားမှာလည်းဘယ်တော့မှမပြောင်လဲတဲ့ယဉ်ကျေးမှု့ တစ်ခုရှိပါတယ်...အဲဒါကတော့... ကိုချစ်ရတဲ့လူတစ်ယောက်ကိုချစ်ပါတယ်လို့ အရိုးသားဆုံးဝန်ခံရဲတဲ့သတ္တိပဲ... ခေတ်တွေဘယ်လောက်ပြောင်းလဲသွား ပြောင်းလဲသွား... ချစ်တယ်လို့ဖွင့်ဟဝန်ခံတတ်တဲ့... ချစ်ခြင်း ယဉ်ကျေးမှုကတော့အဓွန့်ရှည်ကြာ တည်နေမှာပဲ ဖြစ်ပါတယ်................................

မွေးနေ့တိုင်းမှာ

ဝမ်းနှင့်လွယ်မွေး ၊ မိဘကြွေးကို မွေးနေ့တိုင်းမှာသိပါလေ။ သေမင်းနှင့်စစ်ခင်း ၊ ဝေဒနာကိုသည်းခံ အံခဲ ၊ မာန်သွင်း ၊ အသက်ရင်း၍ ငါ့ကိုမွေးစဉ် ၊ အမေ့ရင်ဝယ် သူလျှင်သေစေ ၊ သားသေမမွေး စိတ်ကတွေး၍ ၊ မွေးဖွားရှာသည့် ငါးပါးဂိုဏ်းဝင် ၊ ကျေးဇူးရှင်တို့ မလွန်ကြခင် ၊ ကြေပါစေ။ အမေ့ကျေးဇူးမကြေ ငါမသေ။ "(အရှင်ဥက္ကဋ္ဌသာမိ)"

Monday, December 3, 2012

ရနိုင်ပါတယ်

တစ်ခါဆုံးရှုံးမှုဟာ နောက်တစ်ခါအောင်မြင်ဖို့ အကြောင်းဖြစ်ရမယ်... မကျေနပ်မှုဆိုတာ ဖြစ်ချင်နေတာနဲ့ ဖြစ်နေတာတို့ရဲ့ပဋိပက္ခပဲ... မကောင်တဲ့အကျင့်ကို ပြတင်းပေါက်ကနေ ပစ်ထုတ်လို့တော့ မရဘူး... ဒါပေမဲ့...လှေကားကနေတစ်ထစ်ချင်း ဆငိးခိုင်းလို့တော့ ရပါတယ်...

ဖြစ်ခွင့်ရရင်



ငှက်တစ်ကောင်လို လွတ်လပ်စွာပျံသန်းချင်တယ်
ဘယ်ကိုရောက်ရောက်ပေါ့...
သံယောဇဉ်အနှောင်မရှိ့တဲ့ နှလုံးသားတစ်စုံနဲ့
ငါ့ဘဝကို စတင်ချင်တယ်...
ဘဝဆိုတာခက်ခဲမှ ရလဒ်ကောင်းတာဆိုရင်
ဘဝပေါင်းများစွာ ပေးဆက်ချင်တယ်...
ဆန္ဒဆိုတာ ငါ့အတွက်တော့ စိတ်ကူးယဉ် ဟာသလိုလို
ဘာမှမရှိ့တဲ့ သေချာမှု့တစ်ခုကို ငါငတ်မွတ်စွာတမ်းတရင်း
ညပေါင်းများစွာ မနိုးထချင်တော့ဘူ.....

Friday, November 30, 2012

ရင်ခုန်သံ

မျက်လုံးခြင်း တစ်ခါဆုံလိုက်တိုင်း ကမ္ဘာကြီး တစ်ခါတုန်သွားတယ် ရင်ခုန်သံတွေ မြန်လွန်းလို့ ကိုယ့်နှလုံးသား တံကားရွက်တွေ ပြုတ်ပျက်ကုန်မှာ စိုးမိတယ် အချစ်ရဲ့မျက်လုံးလေးတွေကို ကိုယ့်နှလုံးသားထဲမှာ တံကားပိတ်လို့ တိတ်တိတ်ကလေး သိမ်းထားမှဖြစ်မယ် ဒါဆိုရင်.... ကမ္ဘာကြီးလည်း မတုန်ရတော့ဘူး ရင်ခုန်သံတွေလဲ မမြန်ရတော့ဘူးပေါ့

Friday, November 23, 2012

ဆယ်စုအလွမ်း

ဆယ်စုနှစ်တစ်ခုသာ ပြောင်းလဲသွားခဲ့တယ် ။ အရင်ကလိုပဲ နင့်ကိုချစ်တဲ့စိတ်တွေနဲ့ ငါဟာ ဘာဆိုဘာမှ ပြောင်းလဲမသွားသေးဘူး ။ ဟောင်းနွမ်းမသွားသေးတဲ့ ချစ်ခြင်းတရားတွေနဲ့ အတူ အချိန်တွေကြာလာတာနဲ့ အမျှ မပြယ်လေတဲ့ သံယောဇဉ်တွေက အစွဲလမ်းကြီးနေဆဲ ငါ့ရင်ခွင်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတုန်းပဲ ။ ရုန်းထွက်ဖို့လဲ ခက်ခဲသလို ရုန်းထွက်ဖို့လဲ ငါဟာ မကြိုးစားဖူးဘူး ။ အဆုံးမသတ်နိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့သာ အဆုံးမရှိ မျှော်လင့်ရင်း....... ချစ်ရတဲ့သူ နင်အခုဘယ်မှာ ရှိနေမလဲလို့ သိချင်မိတယ် ။ ဟိုးအဝေးက ..... တိမ်တိုက်တွေထဲမှာလားကွယ် ။ မိုးနတ်ကြယ်စင်

တင်ပြီးသား post များ

3D