သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 19, 2013

ညောင်ဦးတွင် ပြင်သစ်အမျိုးသမီးအား ရိုက်နှက်လုယက်သွားသူကို ရဲတပ်ဖွဲ့က နှစ်ပတ် အတွင်း ဖော်ထုတ် ဖမ်း ဆီးနိုင်ခဲ့


ပြစ်မှုကျူးလွန်သူက ရဲတပ်ဖွဲ့ဝင်များအား ၎င်းရိုက်နှက် လုယူခဲ့သည့် နေရာအား လိုက်လံပြသနေစဉ်
ညောင်ဦးမြို့၊ အမှတ် ၇ နယ် မြေ၀က်ကြီးအင်းရပ်၊ ဆူးလေကုန်း ဘုရားအနီး သြဂုတ် ၃ ရက် ညနေ ပိုင်း က ပြင်သစ်ခရီးသွားဧည့်သည် အမျိုးသမီးတစ်ဦးကို တုတ်ဖြင့်ရိုက်နှက်ကာ ပိုက်ဆံအိတ် လုယူပြေးသူ ကို ရဲတပ်ဖွဲ့ က သြဂုတ် ၁၆ ရက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြင်သစ်အမျိုးသမီး မစ္စအမ်မလီ ဆိုသူအား တုတ်ဖြင့်ရိုက်ကာ ငွေလုယူ ထွက်ပြေးသွားသူမှာ အသက် ၂၀ အရွယ် ရဲမင်းစိုး (ခ) မျိုးမင်းဦး ဆိုသူဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား (မြောက်ရွာ)တွင် လက်ရှိနေ ထိုင်သူ တစ်ဦးဖြစ်ပြီး ညောင်ဦးမြို့ တစ်ဖက်ကမ်း ပခုက္ကူကျွန်းရွာ ဇာတိဖြစ်ကြောင်း သိရသည်။

အဆိုပါအမှု ပေါ်ပေါက်ရေးနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှု/ကူအဖွဲ့၊ ညောင်ဦးမြို့နယ် ရဲတပ် ဖွဲ့မှ အထူးအမှုစစ်အဖွဲ့၊ ညောင်ဦးခရိုင် အထူးမှုခင်းနှိမ်နှင်းရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ခရိုင်အထူးမှုခင်း နှိမ်နှင်းရေးအဖွဲ့နှင့် ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲလှည့်ကင်း အဖွဲ့တို့သည် မသင်္ကာသူ လူငယ်အား စတင်တွေ့ရှိ စစ်ဆေးမေးမြန်း ရာမှ ဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မသင်္ကာလူငယ်သည် သြဂုတ် ၁၆ ရက်တွင် ပြင်သစ်သူအား တုတ်ဖြင့်ရိုက်ကာ ပိုက်ဆံအိတ် လုယူ ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး ၎င်းကျူးလွန်ခဲ့ပုံနှင့် ထွက်ပြေးခဲ့ရာ လမ်းကြောင်းတွင် ငွေဖြည့်ကတ်ကဲ့သို့ ကတ်ပြားတစ် ခုအား လွှင့်ပစ်ခဲ့သည်ဟု ထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့မှ သက်သေများဖြင့် သွားရောက်ရှာဖွေ သိမ်းဆည်းရာ ကတ်မှာ ပြင်သစ်အမျိုးသမီး Miss Amilie Schaitt အမည်ပါ Cridit Card ဖြစ်နေကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ဖော်ထုတ်ချက်များအရ ညောင်ဦးဈေးအတွင်း လဲလှယ် ခဲ့သော ဒေါ်လာငွေ တချို့ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ ယခုဖော်ထုတ် ဖမ်းဆီးရ မိထား သူ အား ယခင်ဖြစ်ပွားခဲ့သော အမှုများနှင့် ဆက်စပ်မှု ရှိ၊ မရှိ ဆက်လက် စစ်ဆေး ဆောင်ရွက် သွား မည် ဖြစ်ကြောင်း လည်း သတင်းရရှိသည်။

From: Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D