သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 19, 2013

စိုက်ပျိုးထားသော လယ်မြေအား ထွေအုပ်မှ အင်အားသုံးပြီး မြေဖို့ပစ်သဖြင့် ပိုင်ရှင်ဒေါ်ခင်ရွှေ ရူးသွပ်သွားခြင်း


ညောင်ရွှေ၊ ၁၇-၈-၂၀၁၃။
ရှမ်းပြည်နယ်တောင်ပိုင်၊ ညောင်ရွှေမြို့ နယ်ရှိ ၊ အင်းလေးဟိုတယ်ဇုံ စီမံကိန်းရှိ ၊ လျှော်ကြေး ရယူထားခြင်းမရှိသော၊ ဒေါ်ခင်ရွှေ ပိုင် ခြံမြေပေါ်တွင် ၊ ယနေ့ ၁၇-၈-၂၀၁၃ နံနက်၉း၀၀ အချိန်ခန့် တွင် မြို့ နယ်ထွေအုပ် ဦးကျော်ဇောလှ နှင့် ဖြူစင်ကုမ္ပဏီမှ ခွန်ဂျာ ဦးဆောင်သော ရဲအင်အား၂၀ကျော်ခန့် သည်၊ ဒေါ်ခင်ရွှေ ပိုင် လယ်စိုက်ထားသော မြေယာပေါ်တွင် အတင်းအဓမ္မ စွန့် ပစ်မြေစာများကို လာပုံပြီး၊ ဝါးခြံကိုလဲဖျက်ဆီးခဲ့ သည့် အတွက် ၊ ဒေါ်ခင်ရွှေ နှင့် အချင်းများခဲ့ သည်ဟု မျက်မြင်ဒေသခံတဦး ဖြစ်သူ ကိုအောင်ကျော်မျိုးက ပြောပြတယ်။


``` ဒေါ်ခင်ရွှေက အချင်းများနေစဉ်မှာ -နှလုံးသိပ်မကောင်းတဲ့ အတွက် မေ့လဲသွားတယ်၊ အခုသတိပြန်လည်လာတော့ စိတ်ထိခိုက်ပြီးတော့ အရူးတစ်ပိုင်းလို ဖြစ်သွားတယ်`` ဟု ကိုအောင်ကျော်မျိုးက ပြောတယ်။

ယခုနောက်ဆုံး အခြေအနေမှာ လယ်ယာမြေကို ထပ်ဖျက်ဖို့ ရဲအင်အားနှင့် ပြင်ဆင်ထားပြီး၊ ရွာသာများ ကိုလည်းလယ်ထဲသို့ ဝင်ခွင့် တားမြစ်ထားပါတယ်။

မြို့ နယ်ထွေအုပ် ဦးကျော်ဇောလှ ကလဲ လျှော်ကြေး လာမယူတဲ့ ရွာသားများအား ဖမ်းမည်ဟု ပြောပါတယ်။

ယခု ဟိုတယ်ဇုံလုပ်ငန်း လုပ်ကိုင်နေသည့် မြေမှာ ကျွန်ုပ်တို့ မိဘဘိုးဘွား တောင်သူ လယ်သမားများ၏
မြေဖြစ်တယ်။ သိမ်းယူမှု လျှော်ကြေးမယူ၊ မပြီးပြတ်သော၊ လယ်သိမ်း ယာသိမ်း ကော်မတီက လွှတ်တော်တွင် တင်သွင်းနေသော လယ်ယာများတွင် ပါဝင်နေသည့် မြေများဖြစ်ပါတယ်။ သို့ ဖြစ်ပါ၍ လုပ်ငန်းရှင်များ စဉ်းစားနိုင်ရန် ကျွန်ုပ်တို့ တောင်သူ လယ်သမားများက တားဆီးရခြင်း ဖြစ်တယ်။ အကယ် အဓမ္မ သိမ်းယူခြင်း ပြုကျင့်ပါက မည်သည့်ခေတ်သို့ ရောက်သည်ဖြစ်စေ တရားရင်ဆိုင် သွားမည်ဖြစ်ကြောင်း အင်ကြင်းကုန်းနှင့် ကန်ပဲ့ ရွာမှ လယ်မြေသိမ်းခံရတဲ့ တောင်သူလယ်သမားများကလည်း ပြောပါတယ်။

လေးကြီး-(ရှမ်းပြည်)
by Myanmar News Now

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D