သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 31, 2013

ဒေါ်စုပြောသော ရိုဟင်ဂျာဆိုတာ မရှိကြောင်း သက်သေပြမည့် အင်တာဗျူး

***************************************
ရုပ်သံဖိုင်လ်ကို စကားပြေဖြင့် ပြန်ရေးသားထားတာပါ။ စာဖတ်ပရိသတ်အတွက်ပေါ့။
ပြတ်သားတယ်နော်။ မြန်မာပြည်မှာလည်း သြစတေးလျဝန်ကြီးချုပ်လို အမျိုးသားရေးမှာ ပြတ်သားတဲ့ အမျိုးသမီး ပညာတတ်တွေရှိတယ် ဆိုတာ စာဖတ်ကြည့်ရုံနှင့် သိမှာပါ။လေးစားရမယ်နော် ။မြန်မာပြည် ကို မြန်မာ တိုင်းရင်းသားတွေသာ မကာကွယ်ရင် ဘယ်သူလာပြီး ကာကွယ်ပေး မှာလဲ။ မြန်မာ တိုင်းရင်း သားတွေက အရေးကြီးရင် သွေးနီး တတ်ကြောင်း၊ ဒေါက် တာ   ဒေါ်ရင်ရင်နွယ် က သက်သေပြသွားခဲ့တာပါ။ 20.5.2013 ရက်နေ့-အင်တာဗျူးလေးကို ဖတ်ကြည့်ကြပါဦး။

“ဒေါက်တာ ဒေါ်ရင်ရင်နွယ်နဲ့ တွေ့ဆုံမေးမြန်းခြင်း”
***********************************
အစီရင်ခံစာရဲ့ အကြံပြုချက်ထဲမှာ မိသားစုအစီရင်ခံစာတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေပါပတယ်။ ဆိုတော့ကား ဒီမိသားစု အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆရာမကြီးရဲ့အဓိက စိတ်ကူးလေပေါ့ ကော်မရှင်ရဲ့ စိတ်ကူးလေးပေါ့။ အဲဒါလေး ရှင်းပြပေးပါခင်ဗျာ။
ဘင်္ဂါလီအမျိုးသမီးတွေကို ဘာဖြစ်လို့ ရှင်တို့ ခလေးအများကြီးယူလဲလို့ ရှင်တို့ ဆင်ရဲတာပေါ့ လို့။ ပိုက်ဆံမရှိဘူး ဘာဘူး ညာဘူး။ ရှင်ဆင်းရဲတာပေါ့လို့။ ကျွန်မတောင်လို့ ခလေးက တစ်ယောက်ထဲပေါ့။ ဒါတောင် ပညာသင်ပေးရတာ စရိတ်က မသေးဘူးပေါ့။ အဲလိုပြောတော့ သူတို့က ဘယ်လိုပြောတယ် ဆေးသောက်လို့ ရတယ်တဲ့။ UN က တားဆေးတွေ ပေးထားတယ်တဲ့။ ကော်ထရာဆက်တစ်တွေ အဓိကပေးတာတော့ ကျွန်မ သိပါတယ်။ UNFPA ကပေါ့။ ကျွန်မတို့ မသောက်ရဲဘူးတဲ့။ မော်လဝီဆရာတွေကတဲ့ ငရဲကြီးတယ်ပြောလို့ တဲ့။ ကျွန်မတို့လည်း ငရဲကြီးလိမ့်မယ်တဲ့။ တားဆေးသောက်ရင်။ အဲတော့ အဓိက ဒီအမျိုးသမီးတွေက ပညာလည်းမတတ်ဘူးရှင့်။ ဒီသူတို့ ဒီ အရွယ်ရောက်တာနဲ့ သူတို့ တက်နေတဲ့ကျောင်းကနေ မော်လဝီဆရာတွေရော သူတို့မိဘတွေရော ပေးမတက်တော့ဘူး။ ခေါ်သွားပြီး ယောကျာ်းပေးစားပစ်လိုက်တယ်။ ဆိုတော့ ဒီလိုအဖြစ်မျိုးကို ကျွန်မတို့ သိလာတော့ သြော်လို့။ ဒါအရင်အစိုးရ ပေါ့။ အရင်အစိုးရကိုက တာဝန်ရှိတယ်။
 သူတို့ ပညာမတတ်တာက ဘာဖြစ်လို့ဆိုတော့ သူတို့လည်းကျောင်းတက်ဖို့တွေ ဘာတွေ မလွယ်တာကို ဟို အရင်အစိုးရမှာ တာဝန်ရှိတယ်။ အဲ ဒီကြားထဲမှာ ဒီလိုတွေဖြစ်နေတော့ အဓိက ခလေးမယူရင် ရတယ်။ တကယ်တော့ အစ္စလာမ် သာသနာနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်မလည်း မွတ်ဆလင်တိုင်းပြည်တွေမှာ လုပ်ဖူးတော့ သိတယ်။ အဲတော့ တကယ်တော့ ဒါ ပညာမတတ်တဲ့လူတွေရဲ့ ပြောတဲ့ စကားပေါ့လေ။ အဲတော့ ဒီအကြောင်းနဲ့တော့ ပညာပေးသင့်တယ် ဆိုတဲ့ အဲဒီ အိုင်ဒီယာမှာ ကျွန်မတို့ အခြေခံပြောတာပါ။ အတင်းအဓမ္မလုပ်ဖို့လည်း မဟုတ်ပါဘူး။ ဒီ သူတို့ ဒီ မွေးနှုံးက သိပ်ကိုမြင့်လွန်းအားကြီးတယ်။ မိန်းမတစ်ယောက်ကို (၁၀) ယောက် (၁၂) ယောက်။ နောက် ယောကျာ်းတစ်ယောက်ကလည်း မိန်းမတစ်ယောက်မက ယူနိုင်တယ်ဆိုတယ်ဆိုတော့ အဲဒါကြောင့် ဒီနေ့ကြည့်မယ်ဆိုရင် ဘူးသီးတောင် မောင်တောဘက်မှာ 94% ရာခိုင်နှုံးက ဘင်္ဂါလီတွေ 6% ရာခိုင်နှုံးဘဲ ရခိုင်နဲ့ ဗမာတွေ။ အဲတော့ စဉ်းစားကြည့်ပေါ့။ ဘယ်သူက လူနည်းစု ဘယ်သူက လူများစု လည်းဆိုတာ။ 

ဟုတ်ကဲ့...ဒီ အကြံပြုချက်ထဲမှာဘဲ ပါတဲ့1982 ခုနှစ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီးတော့ ဆရာမကြီးတို့ ရှင်းထားတာရှိပါတယ်။ ဒီတော့ကား ဒီ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေနဲ့ပတ်သက်တဲ့အကြံပေးချက် တိုင်းရင်းသားဖြစ်မှုနဲ့ဆိုင်တဲ့အကြံပေးချက် အဲဒါတွေလည်း သိပါရစေ။
ဒီလို ကျွန်မတပည့်တွေထဲမှာလည်း မွတ်ဆလင်ဘာသာဝင်တွေ ဒီ ဘူးသီးတောင် မောင်တောဘက်ကကို ရှိတယ်။ ကျွန်မ သူတို့ကိုလည်း ခေါ်ပြောတယ်။ ဒီ မွတ်ဆလင်ကို သူငယ်ချင်းတွေလည်း ပြောတယ်။ ဒီ ကျွန်မတို့ ခုဖြစ်နေတဲ့ပြဿနာက ဒီ မွတ်ဆလင်နဲ့ဗုဒ္ဓဘာသာ ပြဿနာထက် တရားမဝင် ဝင်လာပြီး ဒီ အင်လီးရဲလ် အင်မီဂရေးရှင်းလို့ ခေါ်တဲ့ တရားမဝင် ဝင်လာတဲ့ လူတွေတော်တော်များများ က ဆင်းသက်လာတဲ့ ဆင်းသက်ပေါက်ဖွားလာတဲ့ လူမျိုးစုတွေမလို့ ဖြစ်နေတာ။ ဖြစ်နေတော့ ကျွန်မတို့ အနေနဲ့ ကွဲကွဲပြားပြားပြောရ မယ်။ ကျွန်မ အကောင်းဆုံး ဥပမာတစ်ခုပေးမယ်။ တရုတ် တရုတ်တွေ တရုတ်လူမျိုး ကျွန်မ တောင်ကြီး ကပါ။ တောင်ကြီးမှာလည်း တရုပ်တွေ အများကြီးပဲ တစ်ချို့တရုပ်တွေက ဟို အရင်တုန်းက ပြည်ကြီးကနေ ဝင်လာတယ်။ ဝင်လာပြီး နိုင်ငံသား မဖြစ်သေးဘူး။ နောက် နှစ်ရှည်လများကြာသွားတော့ သဘာဝကျပါတယ်။ နိုင်ငံသားဖြစ်တယ်။ ဒါပေမယ့် သူတို့ကို သူတို့ ဘယ်အချိန်ကမှ မြန်မာတိုင်းရင်းသားလို့ မပြောဘူးခဲ့ဘူး။
 အဲတော့ 1982 နိုင်ငံသား ဥပဒေမှာ နိုင်ငံတော်က သတ်မှတ်ထားတာ။ တိုင်းရင်းသားက ဘယ်သူဆိုတာ သတ်မှတ်ထားတာ။ သတ်မှတ်ထားလိုက်တယ်။ အဲဒါတင်မကဘူး။ မြန်မာစာ ပါမောက္ခတို့ ဘာတို့ မေးကြည့်လည်း သိပါတယ်။ ကျွန်မ ဒီကိစ္စ စလုပ်တုန်းကလည်း ကျွန်မ မေးသေးတယ်။ တိုင်းရင်းသားဆိုသည်မှာ လူအများစုက နားလည်ထားတာ။ နောက် နိုင်ငံတော်ရဲ့ ဥပဒေ ပြဌာန်းထားတာက ဟိုးအရင် အင်္ဂလိပ်တွေ စပြီး ဒီမြန်မာနိုင်ငံကို မဝင်လာခင်ကတည်းက ရှိတဲ့ လူတွေဆီက ဆင်းသတ်လာတဲ့ လူတွေကို တိုင်းရင်းသားလို့ ခေါ်ပါတယ်။ ရှမ်းတို့ မွန်တို့ ရခိုင်တို့ ကမန်တို့ ချင်းတို့ ဒါတွေအားလုံးပါပါတယ်။ မျိုးနွယ်စု (၁၃၅) စု အဲဒီထဲမှာ တရုတ်မပါဘူး။ ဘင်္ဂါလီ မပါဘူး။ အိန္ဒိယနိုင်ငံက ဟို အိန္ဒိယ သားတွေ မပါဘူး။ နိပေါနိုင်ငံက ဂေါ်ရကားတွေလည်း မပါဘူး။ ဥပမာ ကျွန်မ ပြောပြမယ်။ အဲတော့ ဒီနိုင်ငံသား ဥပဒေအရဆိုရင် မည်သူ မဆိုပေါ့လေ။ လျှောက်လို့ရှိရင် အချက်တွေနဲ့ ကိုက်ညီရင် နိုင်ငံသား ရမှာဘဲ။ ဒါ သူ့အချက်တွေ အများကြီးရှိပါတယ်။ ခရိုက်တီးရစ် ရှိပါတယ်။ ဒါ နိုင်ငံတိုင်း ရှိတဲ့ ဥပဒေပါနော်။ ဆိုတော့ သဘောက သူတို့လဲ လျှောက်နိုင်တာဘဲ။ ဒီ ဘင်္ဂါလီတွေ ရခိုင်ပြည်နယ်မှာ နေ နေတဲ့ဘင်္ဂါလီတွေ လျှောက်နိုင်တယ်။ လျှောက်ကြပေါ့။ 
 ဒါပေမယ့် ကိုယ့်ကိုကိုယ် တိုင်းရင်းသားလို့ မခေါ်ပါနဲ့။ အဲလို ခေါ်တဲ့အခါမှာ လူတွေက ရခိုင်တွေကလည်း စိတ်တိုတယ် မြန်မာလူမျိုးတွေကလည်း စိတ်တိုတဲ့လူတွေ အများကြီး ရှိပါတယ်။ အဲတော့ အလကားနေရင်း ပြဿနာတက်တယ်။ နောက် ကျွန်မတို့အနေနဲ့ ဒီ ဥပဒေကိုလည်း ပြင်ပိုင်ခွင့်မရှိဘူး။ ကျွန်မတို့ ကော်မရှင်အနေနဲ့ သူတို့အနေနဲ့လည်း ဘင်္ဂါလီအနေနဲ့လည်း ဘာမှ ဥပဒေကို အဲလို အခုချက်ချင်းပြင် ပေးဆိုတာ တောင်းဆိုခွင့်မရှိဘူး။ ဥပဒေပြင်တာ ကျွန်မတို့မဟုတ်ဘူး။ အခုခေတ်မှာတော့ ဥပဒေကို မကြိုက်ဘူး။ လူများစုက မကြိုက်ဘူး ဘာညာဆို တင်ပေါ့။ ပါလီမန်ဆီတင် လွှတ်တော်ဆီတင် အဲလိုပဲ လုပ်ရမှာပဲ။ အဲဒါကိုပြောတာ တိုင်းရင်းသားနဲ့ နိုင်ငံသားကို ကွဲကွဲပြားပြား မြင်ရမယ်။ တရုတ် မျက်နှာဖြူဖြစ်တဲ့ အင်္ဂလိပ်လူမျိုး။ ကဲ ထားပါတော့။ ဂေါ်ရခါး ဘင်္ဂါလီ အိန္ဒိယ လူမျိုး ဒါတွေအားလုံးက နိုင်ငံသား လျှောက်ခွင့် ရှိတယ်။ လျှောက်နိုင်တယ်။ တိုင်းရင်းသားက လျှောက်လို့ ရတဲ့ဟာမျိုးမဟုတ်ဘူး။ နော် တိုင်းရင်းသားက ကိုယ့် မွေးရာပါ 1823 ခု မတိုင်ခင်က မြန်မာပြည်မှာ ရှိတဲ့ လူမျိုးစုတွေကနေ ဆင်းသက်လာတယ်။ ကျွန်မတို့ ရှမ်းတွေ ဘာတွေကော ပါတယ်။ 

ဟုတ်ကဲ့ပါ ဒီနိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို အကောင်အထည်ဖော်တာဝန်ယူကြတဲ့လူတွေကြားထဲမှာ အကျင့်ပျက် ခြစားတာတွေ ရှိတယ်ဆိုတာကကော ဘယ်လောက်ထိ ကြီးမားတဲ့ ပြဿနာလဲခင်ဗျ။
ကျွန်မတို့ စစ်ဆေးရတာ သိသလောက်ပေါ့လေ။ ကျွန်မ ကောလဟာလဆိုလည်း မပြောပါဘူး။ ကျွန်မတို့ လ.ဝ.က မှာ လုပ်ခဲ့တဲ့ လူတွေကို လူမှုကြီးကြပ်ရေးအဖွဲ့နဲ့ လုပ်ခဲ့တဲ့ လူတွေကို အင်တာဗျူးလည်းလုပ်တယ်။ ရခိုင် လူကြီးတွေကိုလည်း အင်တာဗျူးလုပ်တယ်။ အဲဒီက ဘာတွေ့ရလည်းဆိုတော့ လာဘ်စားမှု အဂတိလိုက်စားမှု ရှိပါတယ်။ ဒီ ဘင်္ဂါလီတွေကလည်း ပိုက်ဆံက တစ်ခြားက ရစရာတွေလည်း ရှိတယ်။ သူတို့ရ သူတို့ ပိုက်ဆံလည်း ရှိတယ်။ အဲတော့ ဒီလို လာဘ်ထိုးပြီး ဥပမာ စာရွက် စာတန်းတွေ မပြည့်စုံတာတောင် ဒီမှာ နေခွင့်ရတာတွေ ဘာတွေကြတော့ စပြီး ပဋိပက္ခကို စပြီး အစပျိုးလိုက်တာနဲ့ သွားတူတယ်။ ဘာကြောင့်တုန်း။ ဒီ ရခိုင်လူမျိုးတွေရဲ့ နကိုယ် နေတဲ့မြေတွေကို တစ်ဖြေးဖြေး တစ်ဖြေးဖြေး ဝါးမျိုသွားတာပေါ့။ ပိုက်ဆံရှိတော့။ 

ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က အစိုးရကို အပြင်းအထန်ဝေဖန်တာတွေ ဆရာမကြီးလည်း သိမှာပါ။ အဲဒီအပေါ်မှာ ဆရာမကြီး ဘယ်လို သဘောရပါလည်း ခင်ဗျ။
ကျွန်မ အရင်တုန်းက ယူနီဆက်မ် ဌာနေကိုယ်စားလှယ် ဖြစ်တုန်းက ကျွန်မရဲ့ ပရိုဂရမ်ဟာ ကျွန်မရဲ့ ဟို တာဝန်က ကြီးမားတယ်ပေါ့။ အဲဒီ ဘာလို့လဲဆိုတော့ တရုပ်ပြည်က အကြီးဆုံး နိုင်ငံကို။ ကမ္ဘာ့ရဲ့ အကြီးဆုံးနဲ့ ကျွန်မတို့ တိုးတက်ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တာဝန်အကြီးဆုံး ရှိတဲ့နိုင်ငံ။ ကျွန်မ အဲဒီမှာ သွားအုပ်ချုပ်တာဆိုတော့ ခဏခဏ hluman Right Watch နဲ့ တွေ့ရပါတယ်။ ကြုံတယ်။
 ကြုံတော့ ကျွန်မ ဘာတွေ့လာလဲဆိုတော့ သူတို့က ဒီ ကျွန်မတို့ အဖွဲ့ထဲက ဟိုတစ်ခါ ပရက်ကွန်ဖရန့်ပေးတုန်းကလိုပဲ အဲတုန်းက ကိုသူရတို့ ကိုကိုကြီးတို့ ပါပါတယ်။ ကျွန်မအနေနဲ့ ပြောမယ်ဆို သူတို့ ပြောတာကို ကျွန်မ ငြင်းပယ်ပါတယ်။ ကျွန်မ ရီဂျက်လုပ်ပါတယ်။ Human Right Watch ကလည်း အမြဲ တရား မျှမျှ တတ မရှိပါဘူး။ သူတို့ ဒီ ကျွန်မ နိုင်ငံလိုက်တော့ မပြောချင်ပါဘူးပေါ့လေ ဒီနေရာမှာ။ ဒါပေမယ့် ဒီ တစ်ချို့ နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံတွေ အများကြီးရှိတယ်။ သူတို့ အဲဒီနိုင်ငံတွေကို လက်ညှိုးမထိုးဘူး။ တစ်ချို့နိုင်ငံတွေ တစ်ချို့အစိုးရတွေ ukdပဲ လက်ညှိုးထိုးတယ်။ အင်း ကျွန်မတို့အနေနဲ့လည်း Human Right Watch UN အဖွဲ့အစည်းလဲမဟုတ်ဘူး။ UN အဖွဲ့အစည်းဖြစ်တာတောင်မှ ကျွန်မတို့ နိုင်ငံက ဒီ အင်္ဂလိပ်လို့ ခေါ်တဲ့ ဆော်ရင်နတီဆိုတာ ရှိတယ်။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် ရှိတယ်။ အဲတော့ ဂရုစိုက်စရာ မလိုပါဘူး။ Human Right Watch။ ဒါပေမယ့် မှားနေတယ်။ ဘာကြောင့် မှားနေလဲ ဆိုတော့ ဒီ Human Right Watch ကရော ဟို အရင်တုန်းက UN ပေါ့လေ။ ဒီခု ကျွန်မတို့ ပြောလွန်းလို့ UN ကလည်း အရင်ကလိုတော့ မလုပ်တော့ဘူး။
 ကင်တားနားတို့ ဘာတို့ဆိုရင် သူတို့က တစ်ဖက်ကိုပဲ အင်တာဗျူးလုပ်တယ်။ ဒီရခိုင်ဘက်ကို ဘယ်တော့မှ သွားပြီး မတွေ့ဘူး။ ရခိုင်ဘက်က ဖိနှိပ်နေတယ်လို့ ရခိုင်နဲ့ ဒီမှာရှိတဲ့ အစိုးရနဲ့ သူတို့က အတူတူ ဒွန်တွဲပြီး ရောပြောတယ်။ ဘင်္ဂါလီဘက်ကိုပဲ အင်တာဗျူးလုပ်တော့ ဟိုမှာ ငိုလိုက် ဘာလိုက် ဆိုတော့ သနားတာပေါ့လေ။ ဒါကတော့ လူပဲ ဟုတ်တယ်မဟုတ်လား။ ဆိုတော့ အဲဒီတစ်ဖက်ကိုပဲ အင်တာဗျူးလုပ်ထားတဲ့ လူတွေရဲ့ Report(ရီပို့)ကို ကျွန်မ လုံးဝ ငြင်းပယ်ပါတယ်။ လုံးဝ အလေးမထားပါဘူး။ Human Right Watch အဖွဲ့တင် မကဘူး။ တော်တော် များများ အဖွဲ့စည်းတွေက တစ်ဖက်တည်းကို BBC ကအစ တစ်ဖက်တည်းကိုပဲ သူတို့ အင်တာဗျူးလုပ်ပါတယ်။ ရခိုင်ရဲ့ View Point(ဗြူးပွိုင့်) မမေးဘူး။ ရခိုင်လူမျိုးကလည်း တော်တော် ခံစားခဲ့ရတယ်။ ရာစုလိုက်ကို ခံစားခဲ့ရတယ်ဆိုတာ သူတို့ သဘောမပေါက်ဘူးလား။
ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ ဒီဒေသတွင်းကို FM လေဒီယိုရယ် ရုပ်သံလိုင်းရယ် ဖွင့်ပေးဖို့ ဆိုတာတွေ ပါပါတယ်။ အဲတာက ဘယ်လိုစိတ်ကူးမျိုးပါလဲ။ ပုဂ္ဂလိကပိုင်လား။ အများပိုင်လား။ ဟို ဘယ်လောက်မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေချင်တာပါလဲခင်ဗျာ။

အဲလို စောစောကပြောတဲ့အတိုင်းပဲလေ ဒီ ဘင်္ဂါလီ လူမျိုးတော်တော်များများက သူတို့ မော်လဝီလို့ခေါ်တဲ့ ဒီ ဗလီဆရာတွေ စာသင် ဆရာတွေကလွဲလို့ စာမတက်ကြဘူး သူတို့ စာမတက်တဲ့အပြင် ဒီ ရခိုင်စကားလည်း မပြောဘူး။ ဗမာစကားလည်းမပြောဘူး။ ပြောတာ ရှားတယ်။ သူတို့မေးကြည့်တယ်။ သမ္မတကြီး ဦးသိန်းစိန်ကို သိလား။ မသိဘူး။ ဘယ်သူမှန်းတောင်မသိဘူး အဲလို။ သူတို့ ဘယ်သူကိုမှ မသိဘူး။ အဲလိုမသိဘူးဆိုတော့ ဘာမှလည်း ဗမာသတင်းစာလည်းမဖတ်နိုင်ဘူး။ သတင်းတွေလည်း သူတို့ နားထောင်မှာ မဟုတ်ဘူး လေဒီယိုမှာ။ ဆိုတော့ မှားယွင်းတဲ့အယူအဆတွေ ဝင်လာတာပေါ့။ ဆိုတော့ အဲလိုလူတွေကို ပညာပေးဖို့ နောက် ဘာသာစကားတစ်ခုဆိုတာလည်း လေဒီယိုတို့ တီဗီတို့ နားထောင်ရင် ပိုမြန်မြန်တတ်ပါတယ်။ ကျွန်မတို့ ဒီလိုပဲ သင်ခဲ့ရတာပဲ။ နိုင်ငံခြားဘာသာစကားတွေ ဒီ အင်ဒိုနီးရှားတို့ ပြင်သစ်တို့ ဘာတို့ တီဗီ ကြည့်ပြီးပဲ။ အဲလိုပေါ့ တီဗီကြည့်သင်လိုက် ကျောင်းသင်လိုက် ပေါ့လေ။ အဲတော့ ကျွန်မတို့ အဲလိုစိတ်ကူးလေးနဲ့ပါ။ ဘယ်လိုပဲပြောပြော သူတို့ အထူးသဖြင့် ဘင်္ဂါလီတွေဟာ ပညာမတတ်တော့ အမြင်ကျဉ်းမြောင်းတယ်။ တစ်ဖက်စွန်းရောက်တဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ အရှိန်အဝါ သက်ရောက်နိုင်တယ်။
 အယူအဆတွေ မှားယွင်းနေတယ်။ ဥပမာ ဒီ မိန်းကလေးတွေ ဒီ အရွယ်ရောက်တာနဲ့ ကျောင်းက ထုတ်ရမယ်။ သူတို့ဘာသာက စာသင်ခွင့် မပြုဘူး ဆိုတာ လုံးဝမဟုတ်ဘူး။ ဆို အဲဒါတွေကို ကျွန်မတို့ ပြန်ပြီး ပညာပေးသင့်တယ်လို့ ကျွန်မတို့ မြင်လို့ပေါ့။ နောက်ပြီး ဒီ Family Planing (ဖန်းမလီး ပလန်းနင်း) အတွက်လည်း ဒီ ခလေးတွေ ခလေးမရစေဖို့တော့ မဟုတ်ပါဘူး။ ဒီ ခလေးတွေကို ခလေးဦးရေ နည်းအောင်ပေါ့လေ။ အဲဒါလည်း ပညာတတ်ရင် နားလည်လာမှာပါ။ ဘာမှ ဒါ ငရဲမကြီးဘူး ဘာဘူး ဆိုတာလေ။ အဲဒီသဘောနဲ့ပါ။ ဘယ်သူအပေါ်မှာလည်း အတင်းအဓမ္မ ဟို ပြောလို့လည်း မရပါဘူး။ ဒီ ကော်မရှင်အနေနဲ့လည်း ပြောရရင် မရှိပါဘူး အဲလို အတင်းအဓမ္မ။
အခု အစီရင်ခံစာတော့ ပြီးသွားပါပြီ။ ဆရာမကြီးတို့လည်း အချိန်တော်တော်ကြာ လုပ်လိုက်ရပါတယ်။ အစီရင်ခံစာ လုပ်ဖို့ကို ရက်ရွှေ့ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ ဒီကနေပြီးတော့ နောက်တစ်ဆင့် ကျွန်တော်တို့ ဘာကို မျှော်လင့်လို့ ရပါသလဲခင်ဗျ။

အဲတော့ ရှေ့လျှောက် အရင်ဆုံးကတော့ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှု ထပ်မရှိအောင်၊ နောက်တစ်ခုက ဒီ ဒုက္ခသည် စခန်းတွေမှာ ဖြစ်နေတဲ့ လူတွေရဲ့ နှစ်ဖက်စလုံးက လူတွေရဲ့ စာဝတ်နေရေးတို့ အဆင်ပြေအောင် အဲဒါတွေ အရင်ဆုံး လုပ်ပေးရမယ်။ နောက်ပြီး ဒီထက်မက ဒီ Median Term (မီဒီယာတမ်း) ပေါ့လေ ဒီ တာလ တာရှည် အကြံဥာဏ် ပြုချက်တွေရှိတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အစောဆုံးဖြစ်ရမှာကတော့ ဘာလဲဆိုတော့ ဒီလိုက် ဆက်ပြဿနာမကြီးခင်ပေါ့လေ။ တစ်အချက်က ဒီ အိမ်နားနီးချင်းနိုင်ငံက ဒီ ထက်မဝင်အောင် လုံခြုံရေးတွေ လုပ်ရမယ်။ နှစ်အချက်က ရှိပြီးသား လူတွေကို နိုင်ငံသား စီစစ်ရမယ်။ နိုင်ငံသားမဟုတ်ရင်လည်း မဟုတ်သလို စီမံရမယ်။ ဟုတ်တယ်ဆိုလို့ ရှိရင်လည်း သူတို့ နိုင်ငံသားတွေ အခြားနိုင်ငံသားတွေ မည်သည့် ဘာသာပင် မဆိုပေါ့လေ။ ခံစားတဲ့အခွင့်အရေး အပြည့်အဝပေးရမယ်။ ဒါ အဲတော့ ပြတ်ပြတ်သားသား လုပ်ရမယ်။ အဲဒီတစ်ခုကို ပြတ်ပြတ်သားသားလုပ်ဖို့လိုတယ်။ နောက်တစ်ခုက နောက်ဆုံး တတိယအချက်ပြောချင်တာ။ နိုင်ငံသားနဲ့ တိုင်းရင်းသားက မတူပါဘူး။
 အဲတော့ ကျွန်မ ပြောချင်တာ ဒီ ဗမာတစ်ပြည်လုံးမှာရှိတဲ့ လူတွေကိုလည်း ပြောချင်တယ်။ ဒီ အယူလွဲမှားတဲ့ တစ်ချို့တွေ ရှိရင် ရှိမယ်။ သူတို့ကို တိုင်းရင်းသား ဖြစ်အောင် လုပ်ပေးသင့်တယ်ဆိုတာ။ အဲဒါတော့ ဘယ်နည်းနဲ့မဆို ပြည်သူလူထုနဲ့ နိုင်ငံတော်ရဲ့ ဥပဒေ အရတော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တော့ အဲဒီကိစ္စပဲ ငြင်းနေရင်တော့မပြီးတော့ဘူး။ ဆိုတော့ ဘင်္ဂါလီလူမျိုးသည် တိုင်းရင်းသားမဟုတ်။ အဲတော့ သူတို့ကို သူတို့ခေါ်တဲ့ ရိုဟင်ဂျာကလည်း နိုင်ငံက အသိမှတ်ပြုထားတဲ့ နာမည်မဟုတ်ဘူး။ အဲတော့ နိုင်ငံသားဖြစ်ချင်ရင်တော့ ထုံးစံရှိပါတယ်။ အဲဒီ နိုင်ငံတစ်ခုရဲ့ အသိအမှတ်ပြုထားတဲ့ စကားသုံးရပါတယ်။ နိုင်ငံက အသိမှတ်ပြုထားတဲ့ အခေါ်အဝေါ် သုံးရပါတယ်။ ဒီလိုပါပဲ ဒါကတော့ သမရိုးကြပါပဲနော်။

20.5.2013
 
“ဒေါက်တာ ဒေါ်ရင်ရင်နွယ်နှင့် VOA ဗျူးထားတာလေးပါ”

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D