ကမ္ဘာအေးဘုရားလမ်း (၈) ရပ်ကွက်နေ ဦးအောင်သိန်း ၇၅ နှစ်ဆိုသူထံမှ ဒလမြို့နယ် 
အိမ်ခြံမြေပွဲစား ဦးလှသိန်းနှင့် နေပြည် တော်နေ ဦးသိန်းလွင်တို့နှစ်ဦးက 
၎င်းတို့သည် နိုင်ငံတော်သမ္မတ နှင့်ပိုင်ကြောင်း၊ အကြီးအကဲများ နှင့် 
အလွန်ရင်းနှီးကြောင်း၊ ၄င်းတို့ ကိုယ်တိုင်ကလည်း တပ်မတော် ထောက်လှမ်းရေးမှူး
 ဗိုလ်မှူးအ ငြိမ်းစားနှင့် ဗိုလ်ကြီးအငြိမ်းစား များဖြစ်ကြောင်းပြောဆိုကာ 
မြေ ကွက်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများပြပြီး 
မြေတစ်ဧကကိုနိုင်ငံတော်မှသတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းသွင်းရမည်ဖြစ် ပြီး
 မြေကွက်လျှောက်ထားသူအ နေဖြင့် တခြားသူတစ်ဦး၏နာမည် နှင့် 
ပူးတွဲလျှောက်ထားရမည်ဖြစ် သည်ဟုပြောဆိုပြီး မြေကွက်အား လုံး ဝယ်ယူလိုပါက 
ငွေဦးစွာပေး ထားရမည်ဟု ပြော သော ကြောင့် ဦးအောင်သိန်းက ဦးထွန်းလွင် 
အမည်ဖြင့် ဇွန်နှင့် ဇူလိုင်အတွင်း ကငွေကျပ်စုစုပေါင်း ၃၁၂သိန်းကို 
ကမ္ဘောဇဘဏ်မှ နေပြည်တော် သို့လွှဲပေးခဲ့ကြောင်း၊ ယနေ့ထက် တိုင် 
မြေကွက်ရရှိအောင်လုပ်မ ပေးသည့်အပြင် ၄င်းတို့ နှစ်ဦး မှာ 
ထွက်ပြေးတိမ်းရှောင်နေသဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။
မရမ်းကုန်း ရဲစခန်းမှ တာဝန် ရှိသူက ''လောလောဆယ်တော့ တရားခံလို့ ယူဆရတဲ့သူတွေကို လိုက်လံ စစ်ဆေးနေတုန်းပါ။ မိ တော့ မမိသေးဘူး။ နေပြည်တော် က ရဲတပ်ဖွဲ့တွေနဲ့လဲ ဆက်သွယ် ပြီး ဆောင် ရွက်နေပါတယ်''ဟု ပြောသည်။ ယင်းကဲ့ သို့ နိုင်ငံတော်သမ္မတ ရုံးနှင့် တခြားအကြီးအကဲများ၏ နာမည်ကို အသုံးပြုကာ လိမ်လည် ခြင်းများသည် လွန်ခဲ့သောသုံးလ ခန့်က ရန်ကုန်တွင်ဖြစ်ခဲ့သည်။ တရား လွှတ်တော်ရှေ့နေ တစ်ဦးက ''လူကြီးတွေနာမည်ကို သုံးပြီး လိမ်တယ် ဆိုတော့ လောဘ ကြီးတဲ့သူတွေလဲ အကြီးအကဲ နဲ့ ပိုင်ရင်နေရာရမယ်။ လုပ်ပိုင်ခွင့် တွေရမယ်ဆိုပြီး ရင်းလိုက်ရာ က နေအလိမ်ခံ ရတာပဲ။ ပြည်သူတွေ အနေနဲ့ လူတိုင်းကိုအယုံမလွယ်ဖို့ လိုတယ်''ဟု ပြောသည်။ အဆိုပါအမှုကို မရမ်းကုန်း ရဲစခန်းက (ပ)၃၅၅/၁၃ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၄၂၀/၄၆၈ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...