သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 31, 2013

မလေးရှားက ဘ၀တွေ

****************
အိုဗာစတေးသမားများကို ပြန်ကြဖို့ တိုက်တွန်းတဲ့အခါတိုင်း သူတို့ပြောပြတဲ့ သူတို့အကြောင်း တွေကို ဘယ်သူကကူနိုင်မှာမို့လို့လဲ။ မြန်မာလူမျိုးပီပီ ကံကိုယိုးမယ်ဖွဲ့ပြီး ဘ၀ပေးအခြေအနေ ပေါ့လို့ ပြောကြရင်း အထိတ်တလန့်နဲ့ပဲ နေ့တွေကို ဖြတ်သန်းနေကြပါတယ် ။ ဒီလိုနဲ့ပဲတခါဖမ်းပွဲလုပ်တိုင်း မလွတ်တဲ့လူက ထောင်ကျ ၊ အပြင်ကလူက အဲ့လူကို ပြန်ပို့ရင် ပြန်ပို့ဖို့အတွက် ပိုက်ဆံရှာ ၊ မပြန်ပို့သေး...ရင်လည်း ထောင်ထဲမယ် စားဖို့သောက်ဖို့အတွက်ရှာရသလို မြန်မာပြည်ကမိသားစုအတွက်လည်းရှာကြရပါတယ် ။ မလေးမှာ အိုဗာစတေးနဲ့နေသူအဖို့ရိုးနေတဲ့ ဖြစ်ရိုးဖြစ်စဉ်တွေပါ။ ဒီကြားထဲ “သမင်မွေးရင်း ကျားစားရင်း” ဆိုသလို အလုပ်သွားရင်း ရဲနဲ့တွေ့လို့ကတော့ ၁ ပတ်စာ လုပ်အားခ ပြုတ်တဲ့အထိ သူတောင်းစားကြေးပေးကြရပါသေးတယ်
ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် လကုန်လို့ပိုက်ဆံလွှဲကြရင် ဘယ်လေက်ပဲဒုက္ခရောက်နေကြပါစေ ….အိမ်နဲ့ဖုံးပြောကြတိုင်း မြန်မာပြည်က လူတွေကို နေကောင်းကြလား ။ ဘယ်သူက ပိုက်ဆံဘယ်လောက်ယူ။ ဘယ်သူ့ကိုဘယ်လောက်ပေး နဲ့ ပြောကြသလို သားသမီးရှိတဲ့မိဘတွေဆိုလည်း လိမ္မာအောင်နေနော်။ ကျောင်းမှန်မှန်တက် ၊ ကျူရှင်ရောတက်လား ၊ စာပေးပွဲဖြေနိုင်လား ။ အဖေကြီး (သို့)အမေကြီးကတော့ နောက်လ ဘာဝယ်ပေမယ်နော် စာကြိုးစားစသဖြင့် ပြောသံတွေကြားရသလို သက်ကြီးရွယ်အိုမိဘတွေကို ပစ်ထားပြီး အလုပ်လာလုပ်တဲ့သူတွေကလည်း အမေ ၊ အဖေ နေကောင်းလား ၊ ဆေးမှန်မှန်သောက်နော် ၊ သား\သမီးတို့ အလုပ်ကောင်းပါတယ် ။ အဆင်ပြေပါတယ် . အဖေတို့အမေတို့ ကျန်းမာရေးဂရုစိုက်၊ ပိုက်ဆံပို့ပေးပါ့မယ်စသဖြင့် စိတ်ချမ်းသာအောင် ပြောနေကြပေမယ့် ကိုယ်တိုင်မှာတော့ အဲ့ဖုန်းပြောတဲ့အချိန်ကလွဲလို့ ဘယ်ချိန်အဖမ်းခံရမလဲဆိုတဲ့ အတွေးတွေနဲ့ပါ.
အိုဗာစတေးအကိုတယောက်နဲ့သိလို့ သူ့ကိုဖမ်းတော့မှာ မပြန်ဘူးလားဆိုတော့ ဒီလိုနဲ့နေလာတာ ၇ နှစ်ရှိပါပြီညီမရယ် ။ ရှောင်ရင်း တိမ်းရင်းပေါ့ . အခု သူ့သမီးက GTC မှာ Civil နဲ့တက်နေတာ ။ ၁လကို ဘယ်လောက်ရှာပေးရတယ်ပေါ့ ။ သူ့သမီးလေး ကျောင်းပြီးရင်တော့ ပြန်မှာပါတဲ့လေ။ နောက် ကျောင်းကုန်းဘက်က ကလေးတယောက်ဆို အမရယ် မပြန်နိုင်ပါဘူး .. အိမ်မှာ အဖေ အမေက အသက်ကြီးပြီ။ ခုချိန်ဆို ရေကကြီး ၊ အလုပ်ကထင်သလောက်ရှိတာမဟုတ်ဘူး ။ ဘာပြောပြော ကျွန်တော် ၁ လတခါ ပို့တဲ့ပိုက်ဆံကို အဖေနဲ့အမေ က မှီခိုစားနေရတာပါ ဆိုတော့လည်း ဘာမှကိုပြောစရာမရှိတော့ပါဘူး ။
အသိ အမတယောက်ဆိုရင်လည်း ကလေးကျောင်းပြီးရင်တော့ ပြန်မယ်ညီမရေ ပြောပြီး မိသားစုနဲ့တကွဲတပြား ရုန်းနေလေရဲ့……
အားလုံးသော မလေးရောက်မြန်မာများ ဘေးအပေါင်းမှ လွတ်ကင်းပါစေရှင်
 
 
Khin Nyein Chan Oo

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D