သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 19, 2013

ဒေါ်စုကို နိုင်ငံခြားဘယ်သူပို့ လိုက်တာလဲ? ဘာကြောင့်နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့ရသလဲ?

Photo: ဒေါ်စုကို 
နိုင်ငံခြားဘယ်သူပို့ လိုက်တာလဲ? ဘာကြောင့်နိုင်ငံခြားသားနဲ 
့လက်ထပ်ခဲ့ရသလဲ?


ဒေါ်စုကို ဒီနိုင်ငံမှာ မနေနိုင်အောင် 
လုပ်ခဲ့တယ်ဆိုပြီးလေဖမ်းဒန်းစီးနေကြသူတွေကို ပြောပါရစေ။
တကယ်အဖြစ်မှန်ကသန့ှ်ရှင်းနဲ့တည်မြဲကွဲကြတော့ဒေါ်ခင်ကြည်ကဦးနုရဲ့သန့်ရှင်းဘက်က
မဲဆွယ်ပေးခဲ့တယ်၊၊ဒါကြောင့်
 ဦးနုရဲ့ သန့ှ်ရှင်းမဲနိုင်သွားပြီးအစိုးရဖွဲ့နိုင်တော့ဒေါ်ခင်ကြည်ကို
ကျေးဇူးဆပ်တဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ယခုအချိန်အထိ 
တစ်ဦးတည်းသော
အမျိုးသမီးသံအမတ်အဖြစ်နဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် 
ခန့်အပ်ပြီး 
ချီးမြှောက်ခဲ့တာပါ၊ ဒေါ်စုက တက္ကသိုလ်ဝင်တန်း အောင်ပြီးကာစပဲ 
ရှိအုံးမယ်၊၊ဒေါ်စုမွေးတာက
(၁၉၄၅)၊ ဒေါ်ခင်ကြည်ကို သံအမတ်ခန့်တာက (၁၉၆၁)၊ တွက်ကြည့် 
(၁၆)နှစ်သမီးပဲရှိသေးတယ်၊၊ 
အိန္ဒိယမှာ ကျောင်းဆက်တက်တာတွေ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်ဝင်ခွင့်ရအောင် 
အိန္ဒိယမှာ
ကျူရှင်ယူခဲ့ရတာတွေ၊ သူများတွေ နှစ်ချီပြီး ကြိုးစားရတဲ့ 
အောက်စ်ဖို့ဒ်ဝင်ခွင့်ကို ဒေါ်စုက 
လပိုင်းလောက်နဲ့ ကြိုးစားခဲ့ရတာတွေကို သူကိုယ်တိုင်ပြောထားတာတွေ ရှိပါတယ်၊၊

ဒေါ်စုသားသမီး တစ်ယောက်လုပ်နေပီးဘာလို့မသိရတာလဲ၊ဘာလို့ 
မှန်းတုပ်ရမ်းတုပ်လုပ်ရတာလဲ၊၊
ဗိုလ်ချုပ်အောင်ဆန်းရဲ့သားသမီးတွေအနေနဲ့ တစ်ရပ်တစ်ကျေးမှာ မဖြစ်သင့်တာတွေ 
မဖြစ်ရအောင်
အင်္ဂလန်ကိုလွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဦးနေ၀င်းက 
ဒေါ်ခင်ကြည်ကိုသတိပေးစကားပြောကြား
ခဲ့တာတွေ သမိုင်းအနေနဲ့ ရှိပါတယ်၊ ဆိုတော့ ဒေါ်စုကို အင်္ဂလန်ကိုသွားအောင် 
ဦးနေ၀င်းက
ပထုတ်လိုက်တာလား၊သူ့ဘာသာသူပညာလိုလားလို့သွားတာလားဆိုတာ စဉ်းစားဖို့ပါ၊၊
ဒေါ်ခင်ကြည်ကိုအိန္ဒိယပို့တာ ဘယ်သူလဲဆိုတာ လေ့လာဖို့ပါ၊သူ့ဘာသာသူ 
တွေ့ကရာနဲ့ကြိုက်၊
တွေ့ကရာနဲ့ယူပြီးတော့မှဟိုအပြစ်တင်၊ ဒီအပြစ်တင်လုပ်နေတာကတော့ 
မကောင်းပါဘူး၊၊
မကြာခဏကိုးကားနေကြတဲ့ ကျမ ဧရာဝတီတိုင်းမှာ နေခဲ့ရင် ရှင်နဲ့ညားမှာပေါ့ 
ဆိုတဲ့စကားဟာ
အင်မတန် အနှစ်သာရကင်းမဲ့ပါတယ်၊ ရောက်ရာနေရာမှာ တွေ့ရာလူနဲ့ မဖြစ်မနေ
ယူလိုက်ရလောက်အောင် (ကန်တော့ပါရဲ့) မနေနိုင်၊ မထိုင်နိုင်ဖြစ်ခဲ့လို့လား၊ 
ကိုယ့်ရဲ့မျိုးရိုး၊
ကိုယ့်ရဲ့အနေအထားကို သတိပြုခဲ့သင့်တာပေါ့၊၊

သူတစ်ယောက်တည်းအတွက်တော့ သူ့ဆန္ဒကို ဦးစားပေးခဲ့တာ ပြောစရာမရှိပါဘူး၊၊ 
အမျိုးသားအရေးမှာတော့ အင်မတန်ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကို 
ကျူးလွန်ခဲ့တာပါပဲ၊၊
လွန်ခဲ့တဲ့ 
လေးနှစ်လောက်ကတောင်ကိုရီးယားဝန်ကြီးချုပ်ရာထူးအတွက်သမ္မတလီမြောင်ဘတ်က 
အမျိုးသမီးတစ်ဦးကို အဆိုတင်သွင်းပါတယ်၊ အဲဒီဝန်ကြီးချုပ်လောင်း 
အမျိုးသမီးကကိုရီးယား
အချင်းအိမ်ထောင်ပြုပြီး သားသမီးမွေးတဲ့အခါ အမေရိကန်မှာ သွားမွေးပါတယ်၊ 
အဲဒီမှာမွေးရင် 
natural citizen ရလို့ပါ၊ သားသမီးရဲ့ ပညာရေးအတွက် ဒီလိုကြံစည်ပြီး 
ဆောင်ရွက်ခဲ့တာပါ၊၊
ဆိုပါတော့ အဲဒီ အမျိုးသမီးရဲ့ 
သားနှစ်ဦးကအမေရိကန်မှာပညာသင်ကြားပြီးအမေရိကန်နိုင်ငံသား
ခံယူကြပါတယ်၊ အဲဒါက ဘာမှ 
အရေးကြီးတဲ့ကိစ္စမဟုတ်ပေမယ့်ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်း
ခဲ့ရတဲ့အခါမှာ သူ့သားနှစ်ဦးက 
အမေရိကန်နိုင်ငံသားတွေဖြစ်နေကြလို့ပါလီမန်ကကန့်ကွက်ခဲ့ပါတယ်၊
သူဝန်ကြီးချုပ် မဖြစ်ခဲ့ပါဘူး၊ တောင်ကိုရီးယားပါလီမန်က 
မျက်ကန်းမျိုးချစ်တွေကြောင့်ပေါ့၊၊

မကြာသေးမီက ဒီမှာလည်း ဒုသမ္မတရွေးရာမှာ တစ်ပြေးခဲ့တဲ့ 
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို
ဘာကြောင့် ပယ်ခဲ့ရတာလဲ၊ ဥပဒေမဲ့ လျှောက်ပြော၊ လျှောက်လုပ်လို့ 
မရပါဘူး၊၊နိုင်ငံတော်
အကြီးအကဲနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေကို 
မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာ
ဗိုလ်ချုပ်အောင်ဆန်းဦးစီးရေးဆွဲပြီး ချမှတ်ခဲ့တာပါ၊ ၂၀၀၈-ဥပဒေမှာလည်း 
အဲဒီအချက်ကိုပဲ 
မပြောင်းမလွဲ ဒီအတိုင်းပြဌာန်းခဲ့တာပါ၊ အဲဒါကို သူ့သမီးက 
ဖျက်ဖို့ကြိုးစားနေတာပါ၊၊ 

ဘယ်အာဏာရှင်ကမှ သူ့ကို တားမြစ်နေတာ မဟုတ်ပါဘူး၊၊ 
ကျွန်တော်တို့တိုင်းပြည်ရဲ့ဖခင် 
ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံနဲ့လူမျိုးအတွက် သူ့သမီးကို 
သူကိုယ်တိုင်တားမြစ်ထားခဲ့တာပါ၊၊ 
ဒေါ်စုအနေနဲ့ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ပါဘူး၊ နိုင်ငံခြားသားကို ယူခဲ့မိတဲ့ 
သူကိုယ်တိုင်ကို
အပြစ်တင်ချင်တင်၊ နိုင်ငံခြားသားနဲ့ ပတ်သက်သူကို နိုင်ငံ့အကြီးအကဲ မတင်ဖို့
 တားမြစ်ခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို 
အပြစ်တင်ချင်တင်၊၊ ဒီနှစ်ချက်ပဲ
လုပ်သင့်ပါတယ်၊၊ သူ့အရည်အချင်းကို အကြွင်းမဲ့ယုံကြည်ပါတယ်၊၊ သူ ဦးဆောင်ရင်
 တိုင်းပြည်
တိုးတက်မှုမြန်မယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်၊၊ ဒါပေမယ့် 
အဲဒီတစ်ချက်တည်းနဲ့တော့
နိုင်ငံရဲ့ အခြေခံဥပဒေကို စက္ကူစုပ်ဖြစ်အောင် 
မလုပ်သင့်ပါဘူး၊၊သူ့တစ်ယောက်တည်းအတွက် 
အခုအချိန်မှာ အဲဒီအချက်ကို ပြင်မယ်ဆိုရင် နိုင်ငံဟာ သာလာယံဇရပ်စုပ်လို 
ဝင်ချင်သူဝင်၊
ထွက်ချင်သူထွက် လုပ်ချင်ရာလုပ်နိုင်တဲ့နိုင်ငံ 
ဖြစ်သွားပါလိမ့်မယ်၊၊အဓိကကလူထက်စနစ်ကသာ
အရေးကြီးတာပါ၊၊ စနစ်ကောင်းတစ်ခု အခြေခိုင်ခိုင် တည်ဆောက်နိုင်ခဲ့ရင် 
ဘယ်သူပဲ ခေါင်းဆောင်၊
ခေါင်းဆောင် စနစ်က သူ့ဘာသာ လည်ပတ်နေပြီး လူက စနစ်ပေါ်မှာ အလိုက်သင့် 
လိုက်နေရုံပါပဲ၊ 
အမေရိကန်မှာ စနစ်က အခြေခိုင်ပြီး ဖြစ်လို့ ဘယ်သူတက်တက် ဒီအတိုင်းပါပဲ၊ 
ဒီမှာလည်း
လူတစ်ယောက်ကို အားကိုးတာထက် စနစ်ကောင်းတစ်ခု အခြေခိုင်အောင် ၀ိုင်းဝန်း
တည်ဆောက်သင့်ပါတယ်၊၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ တိုင်းပြည်
တိုးတက်ခဲ့တာပါပဲ၊အဲဒီအချိန်က ဒေါ်စုတောင် လူမမယ်အရွယ်လောက်ပဲ 
ရှိသေးတာပါ၊သူလုပ်မှ
တိုင်းပြည်တိုးတက်မယ်ဆိုတာကတော့ (personal cult) ပုဂ္ဂိုလ်ရေးကိုးကွယ်မှု 
သက်သက်သာ
ဖြစ်ပါတယ်၊၊

ဒေါ်စုအနေနဲ့လည်း ဘယ်သူမပြု မိမိမှုကို ကိုယ့်အခွင့်အရေးအတွက် 
အခြားသူတွေကိုအပြစ်တင်ပြီး
နိုင်ငံအတွက် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ 
မကြိုးစားပဲတိုင်းပြည်
ခေါင်းဆောင်သားသမီးတစ်ဦးအနေနဲ့ မကျူးလွန်သင့်တဲ့အပြစ်ကို 
ကျူးလွန်မိခဲ့တဲ့အတွက်
အပြစ်ချေတဲ့အနေနဲ့ ကျရာကနေ နိုင်ငံအကျိုး သယ်ပိုးသင့်ပါတယ်၊၊ 
ဘယ်နေရာကပဲလုပ်ရလုပ်ရ
နိုင်ငံအတွက် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မွေးသင့်ပါတယ်၊၊ 
အမျိုးသားရင်ကြားစေ့ရေး ကြိုးစားနေတယ်
ဆိုရင်မိမိကြောင့် ပြည်သူလူထုအတွင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်ရအောင် 
ဆောင်ရွက်သင့်ပါတယ်။

...ကျွန်တော်တို့ သာမန်နိုင်ငံသားတွေအနေနဲ့လည်း အချင်းချင်း 
စိတ်ဝမ်းကွဲပြားစေမယ့် အလုပ်တွေ 
မလုပ်သင့်တော့ပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ...

Kyi Soe

Ref:::Oppositeyes
ဒေါ်စုကို ဒီနိုင်ငံမှာ မနေနိုင်အောင် လုပ်ခဲ့တယ်ဆိုပြီးလေဖမ်းဒန်းစီးနေကြသူတွေကို ပြောပါရစေ။
တကယ်အဖြစ်မှန်ကသန့ှ်ရှင်းနဲ့တည်မြဲကွဲကြတော့ဒေါ်ခင်ကြည်ကဦးနုရဲ့သန့်ရှင်းဘက်က
မဲဆွယ်ပေးခဲ့တယ်၊၊ဒါကြောင့် ဦးနုရဲ့ သန့ှ်ရှင်းမဲနိုင်သွားပြီးအစိုးရဖွဲ့နိုင်တော့ဒေါ်ခင်ကြည်ကို
ကျေးဇူးဆပ်တဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ယခုအချိန်အထိ တစ်ဦးတည်းသော
အမျိုးသမီးသံအမတ်အဖြစ်နဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး
ချီးမြှောက်ခဲ့တာပါ၊ ဒေါ်စုက တက္ကသိုလ်ဝင်တန်း အောင်ပြီးကာစပဲ ရှိအုံးမယ်၊၊ဒေါ်စုမွေးတာက
(၁၉၄၅)၊ ဒေါ်ခင်ကြည်ကို သံအမတ်ခန့်တာက (၁၉၆၁)၊ တွက်ကြည့် (၁၆)နှစ်သမီးပဲရှိသေးတယ်၊၊
အိန္ဒိယမှာ ကျောင်းဆက်တက်တာတွေ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်ဝင်ခွင့်ရအောင် အိန္ဒိယမှာ
ကျူရှင်ယူခဲ့ရတာတွေ၊ သူများတွေ နှစ်ချီပြီး ကြိုးစားရတဲ့ အောက်စ်ဖို့ဒ်ဝင်ခွင့်ကို ဒေါ်စုက
လပိုင်းလောက်နဲ့ ကြိုးစားခဲ့ရတာတွေကို သူကိုယ်တိုင်ပြောထားတာတွေ ရှိပါတယ်၊၊

ဒေါ်စုသားသမီး တစ်ယောက်လုပ်နေပီးဘာလို့မသိရတာလဲ၊ဘာလို့ မှန်းတုပ်ရမ်းတုပ်လုပ်ရတာလဲ၊၊
ဗိုလ်ချုပ်အောင်ဆန်းရဲ့သားသမီးတွေအနေနဲ့ တစ်ရပ်တစ်ကျေးမှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင်
အင်္ဂလန်ကိုလွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဦးနေ၀င်းက ဒေါ်ခင်ကြည်ကိုသတိပေးစကားပြောကြား
ခဲ့တာတွေ သမိုင်းအနေနဲ့ ရှိပါတယ်၊ ဆိုတော့ ဒေါ်စုကို အင်္ဂလန်ကိုသွားအောင် ဦးနေ၀င်းက
ပထုတ်လိုက်တာလား၊သူ့ဘာသာသူပညာလိုလားလို့သွားတာလားဆိုတာ စဉ်းစားဖို့ပါ၊၊
ဒေါ်ခင်ကြည်ကိုအိန္ဒိယပို့တာ ဘယ်သူလဲဆိုတာ လေ့လာဖို့ပါ၊သူ့ဘာသာသူ တွေ့ကရာနဲ့ကြိုက်၊
တွေ့ကရာနဲ့ယူပြီးတော့မှဟိုအပြစ်တင်၊ ဒီအပြစ်တင်လုပ်နေတာကတော့ မကောင်းပါဘူး၊၊
မကြာခဏကိုးကားနေကြတဲ့ ကျမ ဧရာဝတီတိုင်းမှာ နေခဲ့ရင် ရှင်နဲ့ညားမှာပေါ့ ဆိုတဲ့စကားဟာ
အင်မတန် အနှစ်သာရကင်းမဲ့ပါတယ်၊ ရောက်ရာနေရာမှာ တွေ့ရာလူနဲ့ မဖြစ်မနေ
ယူလိုက်ရလောက်အောင် (ကန်တော့ပါရဲ့) မနေနိုင်၊ မထိုင်နိုင်ဖြစ်ခဲ့လို့လား၊ ကိုယ့်ရဲ့မျိုးရိုး၊
ကိုယ့်ရဲ့အနေအထားကို သတိပြုခဲ့သင့်တာပေါ့၊၊

သူတစ်ယောက်တည်းအတွက်တော့ သူ့ဆန္ဒကို ဦးစားပေးခဲ့တာ ပြောစရာမရှိပါဘူး၊၊
အမျိုးသားအရေးမှာတော့ အင်မတန်ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့တာပါပဲ၊၊
လွန်ခဲ့တဲ့ လေးနှစ်လောက်ကတောင်ကိုရီးယားဝန်ကြီးချုပ်ရာထူးအတွက်သမ္မတလီမြောင်ဘတ်က
အမျိုးသမီးတစ်ဦးကို အဆိုတင်သွင်းပါတယ်၊ အဲဒီဝန်ကြီးချုပ်လောင်း အမျိုးသမီးကကိုရီးယား
အချင်းအိမ်ထောင်ပြုပြီး သားသမီးမွေးတဲ့အခါ အမေရိကန်မှာ သွားမွေးပါတယ်၊ အဲဒီမှာမွေးရင်
natural citizen ရလို့ပါ၊ သားသမီးရဲ့ ပညာရေးအတွက် ဒီလိုကြံစည်ပြီး ဆောင်ရွက်ခဲ့တာပါ၊၊
ဆိုပါတော့ အဲဒီ အမျိုးသမီးရဲ့ သားနှစ်ဦးကအမေရိကန်မှာပညာသင်ကြားပြီးအမေရိကန်နိုင်ငံသား
ခံယူကြပါတယ်၊ အဲဒါက ဘာမှ အရေးကြီးတဲ့ကိစ္စမဟုတ်ပေမယ့်ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်း
ခဲ့ရတဲ့အခါမှာ သူ့သားနှစ်ဦးက အမေရိကန်နိုင်ငံသားတွေဖြစ်နေကြလို့ပါလီမန်ကကန့်ကွက်ခဲ့ပါတယ်၊
သူဝန်ကြီးချုပ် မဖြစ်ခဲ့ပါဘူး၊ တောင်ကိုရီးယားပါလီမန်က မျက်ကန်းမျိုးချစ်တွေကြောင့်ပေါ့၊၊

မကြာသေးမီက ဒီမှာလည်း ဒုသမ္မတရွေးရာမှာ တစ်ပြေးခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို
ဘာကြောင့် ပယ်ခဲ့ရတာလဲ၊ ဥပဒေမဲ့ လျှောက်ပြော၊ လျှောက်လုပ်လို့ မရပါဘူး၊၊နိုင်ငံတော်
အကြီးအကဲနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေကို မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာ
ဗိုလ်ချုပ်အောင်ဆန်းဦးစီးရေးဆွဲပြီး ချမှတ်ခဲ့တာပါ၊ ၂၀၀၈-ဥပဒေမှာလည်း အဲဒီအချက်ကိုပဲ
မပြောင်းမလွဲ ဒီအတိုင်းပြဌာန်းခဲ့တာပါ၊ အဲဒါကို သူ့သမီးက ဖျက်ဖို့ကြိုးစားနေတာပါ၊၊

ဘယ်အာဏာရှင်ကမှ သူ့ကို တားမြစ်နေတာ မဟုတ်ပါဘူး၊၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ဖခင်
ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံနဲ့လူမျိုးအတွက် သူ့သမီးကို သူကိုယ်တိုင်တားမြစ်ထားခဲ့တာပါ၊၊
ဒေါ်စုအနေနဲ့ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ပါဘူး၊ နိုင်ငံခြားသားကို ယူခဲ့မိတဲ့ သူကိုယ်တိုင်ကို
အပြစ်တင်ချင်တင်၊ နိုင်ငံခြားသားနဲ့ ပတ်သက်သူကို နိုင်ငံ့အကြီးအကဲ မတင်ဖို့ တားမြစ်ခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို အပြစ်တင်ချင်တင်၊၊ ဒီနှစ်ချက်ပဲ
လုပ်သင့်ပါတယ်၊၊ သူ့အရည်အချင်းကို အကြွင်းမဲ့ယုံကြည်ပါတယ်၊၊ သူ ဦးဆောင်ရင် တိုင်းပြည်
တိုးတက်မှုမြန်မယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်၊၊ ဒါပေမယ့် အဲဒီတစ်ချက်တည်းနဲ့တော့
နိုင်ငံရဲ့ အခြေခံဥပဒေကို စက္ကူစုပ်ဖြစ်အောင် မလုပ်သင့်ပါဘူး၊၊သူ့တစ်ယောက်တည်းအတွက်
အခုအချိန်မှာ အဲဒီအချက်ကို ပြင်မယ်ဆိုရင် နိုင်ငံဟာ သာလာယံဇရပ်စုပ်လို ၀င်ချင်သူဝင်၊
ထွက်ချင်သူထွက် လုပ်ချင်ရာလုပ်နိုင်တဲ့နိုင်ငံ ဖြစ်သွားပါလိမ့်မယ်၊၊အဓိကကလူထက်စနစ်ကသာ
အရေးကြီးတာပါ၊၊ စနစ်ကောင်းတစ်ခု အခြေခိုင်ခိုင် တည်ဆောက်နိုင်ခဲ့ရင် ဘယ်သူပဲ ခေါင်းဆောင်၊
ခေါင်းဆောင် စနစ်က သူ့ဘာသာ လည်ပတ်နေပြီး လူက စနစ်ပေါ်မှာ အလိုက်သင့် လိုက်နေရုံပါပဲ၊
အမေရိကန်မှာ စနစ်က အခြေခိုင်ပြီး ဖြစ်လို့ ဘယ်သူတက်တက် ဒီအတိုင်းပါပဲ၊ ဒီမှာလည်း
လူတစ်ယောက်ကို အားကိုးတာထက် စနစ်ကောင်းတစ်ခု အခြေခိုင်အောင် ၀ိုင်းဝန်း
တည်ဆောက်သင့်ပါတယ်၊၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ တိုင်းပြည်
တိုးတက်ခဲ့တာပါပဲ၊အဲဒီအချိန်က ဒေါ်စုတောင် လူမမယ်အရွယ်လောက်ပဲ ရှိသေးတာပါ၊သူလုပ်မှ
တိုင်းပြည်တိုးတက်မယ်ဆိုတာကတော့ (personal cult) ပုဂ္ဂိုလ်ရေးကိုးကွယ်မှု သက်သက်သာ
ဖြစ်ပါတယ်၊၊

ဒေါ်စုအနေနဲ့လည်း ဘယ်သူမပြု မိမိမှုကို ကိုယ့်အခွင့်အရေးအတွက် အခြားသူတွေကိုအပြစ်တင်ပြီး
နိုင်ငံအတွက် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ မကြိုးစားပဲတိုင်းပြည်
ခေါင်းဆောင်သားသမီးတစ်ဦးအနေနဲ့ မကျူးလွန်သင့်တဲ့အပြစ်ကို ကျူးလွန်မိခဲ့တဲ့အတွက်
အပြစ်ချေတဲ့အနေနဲ့ ကျရာကနေ နိုင်ငံအကျိုး သယ်ပိုးသင့်ပါတယ်၊၊ ဘယ်နေရာကပဲလုပ်ရလုပ်ရ
နိုင်ငံအတွက် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မွေးသင့်ပါတယ်၊၊ အမျိုးသားရင်ကြားစေ့ရေး ကြိုးစားနေတယ်
ဆိုရင်မိမိကြောင့် ပြည်သူလူထုအတွင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်ရအောင် ဆောင်ရွက်သင့်ပါတယ်။

...ကျွန်တော်တို့ သာမန်နိုင်ငံသားတွေအနေနဲ့လည်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့် အလုပ်တွေ
မလုပ်သင့်တော့ပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ...

Kyi Soe

Ref:::Oppositeyes

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D