ရန်ကုန် ၊ ၁၉-၈-၂၀၁၃
ရေဆိုး နှင့် သဘာဝ
ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းမှု များအတွက် စစ်ဆေးခြင်း ခံထားရသော စက်ရုံ
၂၀၀၀ ခန့်သည် ယင်းနှင့် ပတ်သက်၍ အကြောင်းပြန် ခြင်း မရှိသောကြောင့်
အောက်တိုဘာလ ၁ ရက် နောက်ဆုံးထား အကြောင်းပြန် ရမည် ဖြစ်ကြောင်း ရန်ကုန်
မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ရေနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြား ခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး
အတွင်းရှိ စက်မှုဇုန် ၂၄ ဇုန်တွင် ရေဆိုးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ
ထိန်းသိမ်းမှု များအတွက် ၀င်ရောက် စစ်ဆေးခဲ့ရာ၌ စက်ရုံပေါင်း ၃၆၅၀ အနက်
စက်ရုံ ၂၀၀၀ နီးပါးခန့် သည် အကြောင်းပြန် ကြားမှု မပြုခဲ့ကြောင်း ၊ စက်ရုံမှ
တိုက်ရိုက် စွန့်ပစ်သော ရေဆိုး များကြောင့် မြစ်ချောင်းများ အတွင်းရှိ
ရေနေ သတ္တ၀ါ များအတွက် မျိုးသုဉ်းမည့် အန္တရာယ် ကြုံတွေ့ နေရသည့် အပြင်
ပတ်ဝန်းကျင်နေ ပြည်သူ လူထု အတွက်ပါ ကျန်းမာရေး အရ ထိခိုက် နိုင်ဖွယ်
ရှိကြောင်း သိရသည်။
" စက်ရုံတွေမှာ မြေ ၊
ရေ ၊ လေ ညစ်ညမ်းမှု ရှိ - မရှိ စစ်ဆေးခဲ့ ပါတယ် ၊ အကြောင်းပြန် ကြားတဲ့
စက်ရုံတွေ နည်းပြီး ၊ အကြောင်းမပြန်တဲ့ စက်ရုံတွေ ရှိနေတာကြောင့် ဒီလို
ဆောင်ရွက် ရတာပါ ၊ ပျက်ကွက်တဲ့ စက်ရုံတွေကို အရေးယူမှု တွေ ပြုလုပ်မှာပါ
.... " ဟု ၄င်းက ဆက်လက် ပြောကြားသည်။
ရေကို အဓိကထား အသုံးပြု
လုပ်ဆောင်နေသော စက်ရုံ အမျိုးအစား ၁၀ မျိုးခန့် ရှိပြီး အရက်ချက် စက်ရုံ ၊
ဓာတုစက်ရုံ ၊ သစ်ပါးလွှာ စက်ရုံ ၊ ဆေးဆိုး ပန်းရိုက် စက်ရုံ ၊ ငါးပါးလွှာ
စက်ရုံ စသည့် စက်ရုံများ ပါဝင်ကြောင်း ၊ အကြောင်း ပြန်ကြားခြင်း မရှိသော
စက်ရုံများကို အရေးယူသည့် အနေဖြင့် ယာယီ ၃ လ ပိတ်သည်အထိ အရေးယူမည်
ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အတွင်း
နှစ်စဉ် မြစ်ချောင်းများ အတွင်း ရေချိုငါးများ မျိုးသုဉ်းမှု သည် ၃၀
ရာခိုင်နှုန်း အထိ တဖြည်းဖြည်း မြင့်တက် လာရာ အဓိက အားဖြင့် စက်ရုံများမှ
စွန့်ပစ်သော ညစ်ညမ်းရေ များကြောင့်ဟု သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်
များက သုံးသပ် ထားကြောင်း သိရှိရသည်။
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...