သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 19, 2013

“လူ့အခွင့်အရေး လေးစားတော်မူသော ဂေါတမ မြတ်စွာဘုရား”

ဂေါတမမြတ်စွာဘုရားဟာ “ငါက လွဲလို့ တစ်ခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ဒူးမထောက်ရ” ပုံစံမျိုးဖြင့် အာဏာရှင်ဘုရားဘဝမျိုးကို အရောက်မခံခဲ့ပါဘူး။
ငါကလွဲလို့ ငါဟောတဲ့တရားကိုလည်း ရှိမခိုးရ မပူဇော်ရဆိုတာမျိုး.....

ငါကလွဲလို့-ငါ့တပည့် သာဝက သံဃာတွေကိုလည်း ရှိမခိုးရ မပူဇော်ရဆိုတာမျိုး.......


ငါကလွဲလို့-မိခင် ဖခင်တွေကိုတောင် ရှိမခိုးရ၊ မပူဇော်ရဆိုတာမျိုး
ငါကလွဲလို့- ဆရာ/ဆရာမတွေကိုလည်း ရှိမခိုးရ၊ မပူဇော်ရဆိုတာမျိုးဟာ အာဏာရှင်ဆန်တဲ့ အမိန့်တွေပါ။ ဘုရားတစ်ဆူ ပညတ်တော်မူထိုက်တဲ့ ဝိနည်းပညတ်တော်တွေ မဟုတ်ပါဘူး။

ဒါကို- တစ်လောကလုံးမှာရှိတဲ့ ပူဇာသက္ကာရတွေကို ငါတစ်ဆူတည်းပဲ ခံစားခွင့်ရှိတယ်၊ ကျန်တဲ့သူတွေ လုံးဝ ခံစားခွင့်မရှိဘူးဆိုတဲ့ အာဏာလက်ဝါးကြီးအုပ်မှုတွေလို့ ခေါ်ဆိုရမှာပါ။
ဂေါတမမြတ်စွာဘုရားကတော့
သူဟောကြားတဲ့ တရားတော်တွေကိုလည်း သူနှင့် တန်းတူ ပူဇော်ကြဖို့ ခွင့်ပြုပေးထားပါတယ်။

သူ့တပည့် သာဝက သံဃာတွေကိုလည်း သူနှင့်တန်းတူ ပူဇော်ကြဖို့ ခွင့်ပြုပေးထားပါတယ်။

မိခင်-ဖခင်တွေဟာလည်း သားသမီးတိုင်းရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်တွေ ဖြစ်တာကြောင့် သူနှင့်တန်းတူထား ပူဇော်ကြဖို့ ခွင့်ပြုပေးထားပါတယ်။

ဆရာ ဆရာမတွေဟာလည်း တပည့်တွေအားလုံးရဲ့ ကျေးဇူးရှင်တွေ ဖြစ်တာကြောင့် သူနှင့်တန်းတူထားပြီး ပူဇော်ကြဖို့ ခွင့်ပြုပေးထားပါတယ်။
ဒါကိုပဲ အာဏာခွဲဝေအုပ်ချုပ်ခြင်းလို့ ခေါ်ကြတယ် မဟုတ်လား....?။ ဒီမိုကရေစီစစ်စစ်ပါနော်။

ဒီမိုကရေစီ စနစ်ရဲ့ ကျေးဇူးကြောင့် တရားတော်နှင့် သံဃာတော်တွေသာမက မိဘနှစ်ပါးလည်း မိဘဖြစ်ရကျိုးနပ်တယ်။ မိဘအခွင့်အရေး မဆုံးရှုံးဘူး။ သားသမီးတွေလည်း လူဖြစ်ရကျိုးနပ်တယ်။ သားသမီး အခွင့်အရေး မဆုံးရှုံးဘူး။

ဆရာ/မ တွေလည်း ဆရာ/မ ဖြစ်ရကျိုးနပ်တယ်။ ဆရာ/မ အခွင့်အရေးမဆုံးရှုံးဘူး။ ကျောင်းသား/သူတွေလည်း ကျောင်းသား/သူ ဖြစ်ရကျိုးနပ်တယ်။ ကျောင်းသား/သူ အခွင့်အရေး မဆုံးရှုံးဘူး။

မိဘဖြစ်ပါလျက် သားသမီးတွေရဲ့ ပူဇော်ခွင့်မရတာ၊ သားသမီးဖြစ်ပါလျက် မိဘတွေကိုတောင် ရှိခိုးခွင့်မရတာတွေဟာ တရားမျှတတဲ့ သာသနာတစ်ရပ်လား.....?၊
ကိုးကွယ်သင့်တဲ့ ဘာသာတစ်ခုလား....? ဒါလေးကိုတော့ မဖြစ်မနေ တွေးကြည့်သင့်တယ်။
အဲဒီထက် ယဉ်ကျေးတာရှိသေးတယ်။

ဂေါတမဘုရားက ကိုယ့်ထက်တစ်ရက် တစ်မနက်ကြီးသူတွေကိုတောင် ရှိခိုးသင့်တယ်တဲ့။ လူ့ဘောင်လောကကို ဘယ်လောက်ကျေးဇူးပြုတဲ့ တရားတော်လဲ-အသိတရားလက်ကိုင်ထားဖို့ လိုပြီနော်။
ဒါကို လူ-လူချင်း ရှိခိုးတယ်ဆိုပြီး အပြစ်မြင်နေရင်-သင့်ကို မေးပါရစေ။ သင်လက်တွေ့လေ့လာပြီးပြီလား....?။

တစ်ရက်တည်း တစ်ချိန်တည်းမှာ မွေးကြတဲ့ ဖွားဖက်တော် နှစ်ယောက်ကို သုတေသနပြုကြည့်ပါ။

တစ်ယောက်ကို မိဘရှိခိုးပါ။ မိဘပူဇော်ပါ။ မိဘကျေးဇူးသိတတ်ပါ။ မိဘကျေးဇူးဆပ်ကြပါ-ဆိုတဲ့ မိဘကို အနန္တဂိုဏ်းမှာထား ကိုးကွယ်လေးစားရတဲ့ ဘုရားတရားတော်အတိုင်း လိုက်နာခိုင်းပါ။
အခြားတစ်ယောက်ကို မိဘရှိမခိုးရ၊ မိဘကျေးဇူး ပစ်ပယ်ရေး ဝါဒအတိုင်း လိုက်နာခိုင်းလိုက်ပါ။

အဲဒီနှစ်ယောက် ကာလတစ်ခု ကြာမြင့်ချိန်မှာ ဘယ်သူကလူကောင်း- ဘယ်သူကလူဆိုး၊ ဘယ်သူကလူလိမ္မာ- ဘယ်သူက လူမိုက်၊ ဘယ်သူက လူယဉ်ကျေး-ဘယ်သူက လူရိုင်းစိုင်း၊ ဘယ်သူက သူတော်ကောင်း၊ ဘယ်သူက သူယုတ်မာ၊ ဘယ်သူက လူပီသ၊ ဘယ်သူက လူမပီသ၊ ဘယ်သူက လူ့အဖွဲ့အစည်းကို အကျိုးပြု- ဘယ်သူက အကျိုးမပြုဆိုတာကို သင်ကိုယ်တိုင် မျက်မြင် ဒိဋ္ဌ တွေ့ရပါလိမ့်မယ်။

ဤဆောင်းပါးဖြင့် အာဏာခွဲဝေ အုပ်ချုပ်ခြင်း ဒီမိုကရေစီစနစ်ဖြင့် လူ့အခွင့်အရေး အပြည့်အဝပေးတော်မူသော ဂေါတမမြတ်စွာဘုရားအား လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးပူဇော်ဖူးမြှော် မာန်လျှော့ ကန်တော့ပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။

(18.8.2013 ခင်ပွန်းကြီးဆယ်ပါး ဝန်ချတောင်းပန်ပွဲမှ ရရှိသော
အတွေးစုလေးပါ။)


ဦးပဉ္စင်း ဝီရသူ (မစိုးရိမ်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D