သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 19, 2013

ဂျပန်နိုင်ငံတွင် မော်ဒယ်အဖြစ် အနုပညာခရီးလျှောက်လှမ်းနေ တဲ့ မြန်မာပြည်ဖွား မြတ်နိုး

သြဂုတ် ၁၉ ရက် ၂၀၁၃
   နိုင်ငံရပ်ခြားမှာ အောင်မြင်အောင်ကြိုးစားနေကြတဲ့ မြန်မာလူငယ်တွေများစွာ ရှိကြပါတယ်။ ဒီလူငယ်တွေ ထဲကမှ ဂျပန်နိုင်ငံက harajuku tv,FM urayatsu Rainbow town FM စတဲ့ ချန်နယ် တွေ မှာ မော်ဒယ် အဖြစ်ရော Presenter အဖြစ်ပါ။ ...
    အလုပ်လုပ်နေတဲ့ မြတ်နိုး လည်းတစ်ဦးအပါ အဝင်ဖြစ်ပါတယ်။ သူက ၂ဝ၁ဝခုနှစ် ဧပြီလမှာ ဂျပန်ကို   ရောက်ရှိနေတာဖြစ်ပြီး ဂျပန်အသိ မိသားစုတွေရဲ့ အားပေး မှုတွေကြောင့် ၂ဝ၁၃ခုနှစ်မေလ မှာ မော်ဒယ် အဖြစ်စလုပ် ခဲ့တာဖြစ်ကြောင်း မြတ်နိုးက ပြောပါတယ်။
       မော်ဒယ် လုပ်ရင်းနဲ့ မြန်မာလူမျိုးဖြစ်ပြီး အင်္ဂလိပ်ဘာသာ၊ တရုတ် ဘာသာ၊ ဂျပန်ဘာသာနှင့် ကိုရီးယားဘာသာစကားတွေကိုလည်း ပြောဆိုတတ် တာကြောင့် TV Station နှင့်Radio FM တွေက စိတ်ဝင်စားပြီး အစမ်းသွားလုပ်ကြည့်ရင်းနဲ့ အခုနောက်ပိုင်း regular အဖြစ်နဲ့ presenter အလုပ်ကို လုပ်ဖြစ်သွားခြင်းဖြစ်ကြောင်း မြတ်နိုးက ပြောပါတယ်။ "မြတ်နိုးမော်ဒယ်တစ်ခုထဲ မဟုတ်ဘဲ သီချင်း လည်းဆိုနေပါတယ်။ အခုထိတော့ တအားအခက် အခဲတွေ့ခဲ့တာ မရှိသေးပါဘူး။ ဂျပန်လူမျိုးတွေ က မြန်မာကိုနှစ်သက်တဲ့အတွက် အလုပ်မှာရော အားလုံးက ဝိုင်းပြီးသင်ပေးတာကြောင့် အခုထိတော့   တော်တော် အဆင်ပြေပါတယ်။ ဒီနှစ်ဇူလိုင်မှာ JMAC အဖွဲ့အစည်းကJapan Myanmmar Friendship Ambassador ရထားတဲ့အတွက် နောက်ပိုင်း မှာ မော်ဒယ်လုပ် ရင်းFriendship Ambassadorအလုပ် ကိုပါ ကြိုးစားသွားမှာပါ။ အခုဒီမှာ College တက်နေတာမို့ မြန်မာ နိုင်ငံကို ကျောင်းပိတ်ရင် အခွင့်ရတိုင်းပြန် ပါတယ်" လို့ပြောပါ တယ်။ မြတ်နိုးဆိုတဲ့နာမည်ကို ဂျပန် အသံထွက်နဲ့ဆိုရင်   ခေါ်ရခက်တာကြောင့် Esther ဆိုတဲ့နာမည်နဲ့
ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဂျပန်မှာရောက်ရှိ နေတဲ့ ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့ မြေးဖြစ်သူဒါရိုက် တာအောင်လင်းနိုင်ရိုက်ကူးမယ့် 'အရုပ် ကလေးရဲ့ နတ်သမီး' ဗီဒီယို ဇာတ်ကားမှာပါဝင် သရုပ်ဆောင်သွား မှာဖြစ် ကြောင်းသိရပြီးဒီဇာတ်ကားနဲ့ပတ်သက်ပြီးမြတ်နိုးက "ဒါရိုက်တာ ကိုအောင်လင်းနိုင်ကို အသိ မိတ်ဆွေကမိတ်ဆက်ပေးလို့သိသွားတာပါ။ ကိုအောင် လင်းနိုင်ဆီကနေ acting ပိုင်းပညာတွေလည်း သင် ချင်လို့ ဗီဒီယို ရိုက်ဖြစ်သွားတာပါ။ နည်းနည်း သဘောမကောင်းတဲ့ေ နရာကသရုပ်ဆောင် လို့ မရသေး တဲ့ အတွက်ပရိသတ်တွေ မုန်းသွားမှာ ကိုတော့တအားစိုးရိမ်နေမိပါတယ်" လို့ပြော ပြီးဒီဇာတ် ကားက   သူ့ရဲ့ပထမဆုံးရိုက်တဲ့ ဇာတ် ကားဖြစ်ကြောင်း သိရပါတယ်။

Credit To:Popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D