သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 2, 2013

ဆန်ဖရန်စစ္စကို မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော Burma Superstar အမည်ရှိ မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။

ဆန်ဖရန်စစ္စကို ပြည်နယ် Richmond ခရိုင်ရှိ Clement လမ်းတွင် ဖွင့်လှစ်ထားသော အဆိုပါ စားသောက်တွင် သြဂုတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် လာရောက် စားသောက်ခဲ့သော ၁၄ ဦးသည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့မှုကြောင့် ပြည်သူ့ကျန်းမာရေးဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ယင်းကျန်းမာရေးဌာနက ထုတ်ပြန်သည်။

အဆိုပါ အခင်းဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ကျန်းမာရေး အရာရှိများနှင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယခုကဲ့သို့ အဖြစ်အပျက်များ ယခင်ကဖြစ်ဖူးလေ့ မရှိကြောင်း စားသောက်ဆိုင်ပိုင်ရှင် Desmon Tan က ကြေညာခဲ့သည်။

ထို့အပြင် ဆန်ဖရန်စစ္စကိုပြည်နယ် ပြည်သူ့ကျန်းမာရေး ဆေးရုံအရာရှိများက အဆိုပါ စားသောက်ဆိုင်တွင် အသုံးပြုသော အစားအစာများသည် ကျန်းမာရေး ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရခြင်း၏ အခြေအနေမှန်ကိုလည်း ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ဆေးမှုများအရ ဝေဒနာ ခံစားနေရသူများတွင် E.coli ရောဂါလက္ခဏာများ ဖြစ်သည့် ဝမ်းဗိုက်ရောင်ရမ်းခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်းနှင့် တစ်ခါတစ်ရံ သွေးအန်မှုများ ဖြစ်နေသည်ကို တွေ့ရကြောင်း ယင်းသတင်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျန်းမာရေး အရာရှိများက ယင်းစာသောက်ဆိုင်ကို ဆက်လက်စစ်ဆေးနေပြီး အသုံးပြုသော အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော မြန်မာစားသောက်ဆိုင် Burma Superster သည် ၁၉၉၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အာရှဒေသ အကောင်းဆုံး စားသောက်ဆိုင်ဆုကို ဆွတ်ခူးရရှိခဲ့သည့်ဆိုင် ဖြစ်သည်။


From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D