သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 4, 2013

မလေးရှားတွင် အဖမ်းခံ မြန်မာ ၅၀၀ ကျော်သွားပြီ

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာ အလုပ်သမား အရေအတွက် ၅၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
မလေးရှားပြည်ထဲရေးဝန်ကြီးDatukSeriDrAhmadZahidHamidiကိုးကားပြီးမလေးသတင်းဌာနများက ဖေါ်ပြရာတွင် တနင်္ဂနွေနေ့နံနက်စတင်ခဲ့သောတရားမ၀င် နိုင်ငံခြားသားများဖမ်းဆီးရေးစီမံချက်အတွင်းဖမ်းဆီးခံရသူ နိုင်ငံခြားသား အလုပ်သမား အရေအတွက်မှာ စုစုပေါင်း ၂၄၃၃ ဦးရှိကြောင်း ဖေါ်ပြသည်။

ယမန်နေ့တနင်္လာနေ့ညနေထိဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားအရေအတွက်မှာ၅၅၅ဦးရှိသွားပြီ ဖြစ်သည်ဟု မလေးရှားက လာသော သတင်းများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူ နိုင်ငံခြားအလုပ်သမားများထဲတွင် မြန်မာမှာဒုတိယအများဆုံး ဖြစ်ပြီးအင်ဒိုနီးရှားမှာပထမဖြစ်သည်။ ဖမ်းဆီးခံရသော အင်ဒိုနီးရှား အလုပ်သမား အရေအတွက်မှာ ၇၁၇ ဦးရှိသည်။

မြန်မာနောက်မှ တတိယ အများဆုံး အဖမ်းခံရသော အလုပ်သမားများမှာ ဘင်္ဂလာဒေခ်ျ့က ဖြစ်ပြီး စုစုပေါင်း ၃၈၇ ဦးရှိကြောင်း သိရသည်။

ယခု စီမံချက်မှာ ပုံမှန်ပြုလုပ်နေကျ မဟုတ်ဘဲ အထူး အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခု စီမံချက်သည် ယခုနှစ်ကုန်သည် အထိ ပြီးဆုံးမည် မဟုတ်ကြောင်း မလေးအာဏာပိုင်များက ပြောသည်။

ယခုစီမံချက်တွင် မလေးရှားနိုင်ငံမှ ၀န်ထမ်းပေါင်း ၂၂၀၇ ဦး ပါဝင် လုပ်ကိုင်နေသည်ဟု သိရသည်။

narinjara

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D