
ပြင်းပြင်းထန်ထန်ဖြင့်ဖမ်းဆီးနေ သည့် အချိန် ၊ လူနည်းစုကိုအနိုင်မကျင့်ပါနဲ့၊ သနားပါဟု ဆိုသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း ယခုအခါလူနည်းစုဖြစ်နေသော မလေးရောက်မြန်မာများကို မလေးအစိုးရမှ ထောင်နှင့်ချီ ဖမ်းဆီးနေရာတွင်မူ မကယ်နိုင်သည့်အချိန်၊ လူနည်းစုကို အနိုင်မကျင့်ပါနဲ့ဟု မလေးအစိုးရကို သွားမပြောရဲသည့်အချိန်တွင် မြန်မာအချင်းချင်းသာ ကိုယ့်လူမျိုးအကျိုးအတွက် အရေးကြီးသော သတင်းများအချင်းချင်း ဖြန့်ဝေ၍ မိမိကိုယ်ကို ကာကွယ်ရနေသည်ကို မလေးရောက် မြန်မာများ အသိဆုံးပင်ဖြစ်သည်။
မလေးရှိ လတ်တလောအခြေအနေမှာ မိမိတွင် ပတ်စပို့စာအုပ်အမှန်ရှိတယ်ဆိုပြီး အတင့်မရဲကြပါနှင့်။ ကိုယ့် ပတ်စပို့စာအုပ်ဟာ မလေးရှားရှိ လ၀ကမှာ တကယ်ရှိ မရှိဆိုသည်ကို
ဒီလင့်ခ် ကလစ်လိုက်ပါhttps://eservices.imi.gov.my/myimms/enqApplSts
မှာ စစ်ဆေးကြည့်ပြီးမှ ယုံကြည်စိတ်ချစွာ သွားလာကြဖို့လိုသည်။ အဘယ်ကြောင့်ဆိုသော် 6P နဲ့ အေးဂျင့်တွေနဲ့ သက်တမ်းတိုးတဲ့ ပါမစ်တွေကို လုံးဝ စိတ်မချဖို့ မသင့်ပါ။ အတုများဖြင့် လုပ်စားခံရတတ်သည်။ မလေးမှ သူငယ်ချင်းတစ်ယောက် စာအုပ်ကိုင်ထားပေမဲ့ ဒီနေ့မှ သူ့ပါမစ်က အတုကြီးဖြစ်နေမှန်း သိလိုက်ရတာပါ။ မိမိလုံခြုံရေးအတွက် မိမိစာအုပ်နဲ့ နေထိုင်ခွင့်ပါမစ်ကို အဘက်ဘက်က စစ်ဆေးဖို့ လိုအပ်၍ အသိပေးရခြင်းဖြစ်ပါသည်။
အွန်လိုင်းမှ-
အလင်းရောင်ကြယ်


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...