သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 4, 2013

သမ္မတဦးသိန်းစိန် စာနယ်ဇင်းကောင်စီကို ကျပ်သိန်း ၅၀၀ လှူမည်

Photo: သမ္မတဦးသိန်းစိန် စာနယ်ဇင်းကောင်စီကို ကျပ်သိန်း ၅၀၀ လှူမည်
Wednesday, September 4, 2013

မီဒီယာဥပဒေတစ်ရပ် ပေါ်ထွက်လာရေး ဆောင်ရွက်ရန် ၄င်းကိုယ်တိုင် လမ်းညွှန် 
ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို နိုင်ငံတော် 
သမ္မတဦးသိန်းစိန်က ကျပ်သိန်းငါးရာ လှူဒါန်းမည်ဖြစ်ကြောင်း ယင်းကောင်စီ 
အတွင်းရေးမှူးက ပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ အလှူငွေကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး 
ဦးပိုက်ထွေးက စာနယ်ဇင်းကောင်စီ(ယာယီ) ရုံးခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့တွင် 
လာရောက်ပေးအပ်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို ဖွဲ့စည်းခဲ့သည့် တစ်နှစ်တာ 
ကာလအတွင်း အစိုးရထံမှ မည်သည့် အထောက်အပံ့ အကူအညီကိုမျှ ရယူခြင်း မရှိဘဲ 
ကောင်စီအတွက် လိုအပ်သည့် ရုံးခန်း ငှားရမ်းခြင်း၊ အသုံးအဆောင်ပစ္စည်း၊ 
ဝန်ထမ်းလစာနှင့် အထွေထွေကုန်ကျ စရိတ်ကို အဖွဲ့ဝင်များ၏ ထည့်ဝင်ငွေဖြင့်သာ 
စိုက်ထုတ် သုံးစွဲခဲ့ကြောင်း ယင်းကောင်စီ ထံမှသိရသည်။

သမ္မတဦးသိန်းစိန်၏ အလှူငွေကို စာနယ်ဇင်းကောင်စီ(ယာယီ)က လက်ခံခြင်းအပေါ် 
လွတ်လပ်စွာ ဝေဖန်နိုင်သော်လည်း အကြောင်းအရာကို သိရှိနားလည် ရန်လိုပြီး 
နိုင်ငံတကာတွင် စာနယ်ဇင်းကောင်စီများ မည်သို့ရပ်တည်နေသည်ကို လေ့လာရမည် 
ဖြစ်ကြောင်း ကောင်စီအတွင်းရေးမှူး က ထပ်လောင်းပြောကြားသည်။
"သမ္မတအလှူငွေ လက်ခံလို့ စာနယ်ဇင်းကောင်စီကို ဝေဖန်တဲ့သူတွေဟာ 
မီဒီယာအကျိုးအတွက် လုပ်တဲ့နေရာမှာ ဉာဏ်အား၊ လူအား၊ ငွေအား ဘာတွေ 
ပါဖူးလဲဆိုတာ မေးဖို့ကောင်းတယ်" ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၏ လုပ်ငန်းဆောင်ရွက်ချက်များ အပေါ် 
ဝေဖန်သူများ အနေနှင့် မည်သည့်အချိန်တွင်ဖြစ်စေ ကောင်စီသို့ စုံစမ်း 
မေးမြန်းနိုင်ပြီး အဝေးကဝေဖန်နေမည် ဆိုပါက အထင်အမြင် လွဲမှားနိုင်ကြောင်း 
၎င်းက ထပ်မံပြောဆိုသည်။

သမ္မတ၏အလှူငွေ စာနယ်ဇင်းကောင်စီ (ယာယီ)က လက်ခံခြင်းအပေါ် ဝေဖန်သံအချို့ 
ကြားသိနေရပြီး မိမိ အတွေ့အကြုံအရ ထိုင်းနိုင်ငံသတင်းစာဆရာ အသင်းအတွက် 
အဆောက်အအုံကို ထိုင်းဘုရင်ထံမှ ရယူကာ အလှူရှင်များထံမှ 
ရန်ပုံငွေရယူကြောင်း၊ PTT ကဲ့သို့ကုမ္ပဏီကြီးများ ထံက ရယူခြင်းမျိုးရှိပြီး 
အလှူရှင် ကုမ္ပဏီအပေါ် ဘက်လိုက်၍ သတင်းရေး သားခြင်းမျိုးရှိပါ က အချိန်မရွေး 
ဝေဖန်ပြစ်တင်ရှုတ်ချနိုင်ကြောင်း၊ ငွေမရှိက ရေရှည် အသင်းတည်တံ့နိုင်မည် 
မဟုတ်ကြောင်း 7 Day Daily သတင်းစာမှ သတင်း ထောက်ချုပ် ဦးအောင်သူရက 
ပြောကြားသည်။

"လွတ်လပ်စွာ သဘောထားကွဲလွဲလို့ ရပါတယ်။ ဒါပေမဲ့ လက်တွေ့ 
လာလုပ်ကြည့်ပါ၊ ပြီးမှ ဝေဖန်ကြပါ" ဟု မြန်မာ ဂျာနယ်လစ်ကွန်ရက်၏ 
အတွင်းရေးမှူး လည်းဖြစ်သူ ဦးအောင်သူရက ဆိုသည်။

စာနယ်ဇင်းကောင်စီအနေနှင့် သတင်းမီဒီယာဆိုင်ရာ ဥပဒေကိစ္စရပ်များ အတွက် 
ပြန်ကြားရေးဝန်ကြီးဌာနနှင့် အငြင်းပွားနေ သည့်အချိန်တွင် သမ္မတ၏ အလှူငွေကို 
လက်မခံသင့်ကြောင်း Daily Eleven နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက 
ထောက်ပြသည်။
"ဒီလို ပြဿနာတွေ ဖြစ်နေတဲ့အချိန် မျိုးမှာတော့ မယူသင့်သေးဘူး 
လို့ထင်တယ်" ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းသည့် သက်တမ်း တစ်နှစ် 
ပြည့်ချိန်တွင် ကောင်စီ၏ သတင်းမီဒီယာဆိုင် ရာ ဆောင်ရွက်ချက်များကို သမ္မတ 
ဦးသိန်းစိန်ထံ စာနယ်ဇင်းကောင်စီ ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းတင်ပြခဲ့ပြီး 
ကောင်စီအတွက် လိုအပ်သည့် ရုံးခန်း အဆောက်အအုံနှင့် ပုဂ္ဂလိကသတင်းစာ များ 
ရေရှည်ရပ်တည်နိုင်ရေး ကူညီမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ 

စာနယ်ဇင်းကောင်စီကို ပြည်ထောင်စု အစိုးရအဖွဲ့ မှတစ်ဆင့် တောင်းခံမှုအ ရ 
ပြည်ထောင်စုလွှတ်တော်က နှစ်စဉ်ခွဲဝေ ပေးသည့် အသုံးစရိတ်ရန် ပုံငွေ၊ 
ပြည်တွင်း ပြည်ပ စေတနာရှင်များ၏ စေတနာအလျောက် လှူဒါန်းငွေများ၊ နိုင်ငံတကာ 
အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက စေတနာအလျောက် ထောက်ပံ့ကူညီ
 မှုများ၊ သတင်းမီဒီယာ လုပ်ငန်းများ၏ ထည့်ဝင်ငွေများဖြင့် ရန်ပုံငွေ 
ထူထောင်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် က အတည်ပြုထားသည့် သတင်းမီဒီယာ 
ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

The Voice Weekly
မီဒီယာဥပဒေတစ်ရပ် ပေါ်ထွက်လာရေး ဆောင်ရွက်ရန် ၄င်းကိုယ်တိုင် လမ်းညွှန် ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို နိုင်ငံတော် သမ္မတဦးသိန်းစိန်က ကျပ်သိန်းငါးရာ လှူဒါန်းမည်ဖြစ်ကြောင်း ယင်းကောင်စီ အတွင်းရေးမှူးက ပြောကြားသည်။
သမ္မတဦးသိန်းစိန်၏ အလှူငွေကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက စာနယ်ဇင်းကောင်စီ(ယာယီ) ရုံးခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့တွင် လာရောက်ပေးအပ်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို ဖွဲ့စည်းခဲ့သည့် တစ်နှစ်တာ ကာလအတွင်း အစိုးရထံမှ မည်သည့် အထောက်အပံ့ အကူအညီကိုမျှ ရယူခြင်း မရှိဘဲ ကောင်စီအတွက် လိုအပ်သည့် ရုံးခန်း ငှားရမ်းခြင်း၊ အသုံးအဆောင်ပစ္စည်း၊ ဝန်ထမ်းလစာနှင့် အထွေထွေကုန်ကျ စရိတ်ကို အဖွဲ့ဝင်များ၏ ထည့်ဝင်ငွေဖြင့်သာ စိုက်ထုတ် သုံးစွဲခဲ့ကြောင်း ယင်းကောင်စီ ထံမှသိရသည်။

သမ္မတဦးသိန်းစိန်၏ အလှူငွေကို စာနယ်ဇင်းကောင်စီ(ယာယီ)က လက်ခံခြင်းအပေါ် လွတ်လပ်စွာ ဝေဖန်နိုင်သော်လည်း အကြောင်းအရာကို သိရှိနားလည် ရန်လိုပြီး နိုင်ငံတကာတွင် စာနယ်ဇင်းကောင်စီများ မည်သို့ရပ်တည်နေသည်ကို လေ့လာရမည် ဖြစ်ကြောင်း ကောင်စီအတွင်းရေးမှူး က ထပ်လောင်းပြောကြားသည်။
"သမ္မတအလှူငွေ လက်ခံလို့ စာနယ်ဇင်းကောင်စီကို ဝေဖန်တဲ့သူတွေဟာ မီဒီယာအကျိုးအတွက် လုပ်တဲ့နေရာမှာ ဉာဏ်အား၊ လူအား၊ ငွေအား ဘာတွေ ပါဖူးလဲဆိုတာ မေးဖို့ကောင်းတယ်" ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၏ လုပ်ငန်းဆောင်ရွက်ချက်များ အပေါ် ဝေဖန်သူများ အနေနှင့် မည်သည့်အချိန်တွင်ဖြစ်စေ ကောင်စီသို့ စုံစမ်း မေးမြန်းနိုင်ပြီး အဝေးကဝေဖန်နေမည် ဆိုပါက အထင်အမြင် လွဲမှားနိုင်ကြောင်း ၄င်းက ထပ်မံပြောဆိုသည်။

သမ္မတ၏အလှူငွေ စာနယ်ဇင်းကောင်စီ (ယာယီ)က လက်ခံခြင်းအပေါ် ဝေဖန်သံအချို့ ကြားသိနေရပြီး မိမိ အတွေ့အကြုံအရ ထိုင်းနိုင်ငံသတင်းစာဆရာ အသင်းအတွက် အဆောက်အအုံကို ထိုင်းဘုရင်ထံမှ ရယူကာ အလှူရှင်များထံမှ ရန်ပုံငွေရယူကြောင်း၊ PTT ကဲ့သို့ကုမ္ပဏီကြီးများ ထံက ရယူခြင်းမျိုးရှိပြီး အလှူရှင် ကုမ္ပဏီအပေါ် ဘက်လိုက်၍ သတင်းရေး သားခြင်းမျိုးရှိပါ က အချိန်မရွေး ဝေဖန်ပြစ်တင်ရှုတ်ချနိုင်ကြောင်း၊ ငွေမရှိက ရေရှည် အသင်းတည်တံ့နိုင်မည် မဟုတ်ကြောင်း 7 Day Daily သတင်းစာမှ သတင်း ထောက်ချုပ် ဦးအောင်သူရက ပြောကြားသည်။

"လွတ်လပ်စွာ သဘောထားကွဲလွဲလို့ ရပါတယ်။ ဒါပေမဲ့ လက်တွေ့ လာလုပ်ကြည့်ပါ၊ ပြီးမှ ဝေဖန်ကြပါ" ဟု မြန်မာ ဂျာနယ်လစ်ကွန်ရက်၏ အတွင်းရေးမှူး လည်းဖြစ်သူ ဦးအောင်သူရက ဆိုသည်။

စာနယ်ဇင်းကောင်စီအနေနှင့် သတင်းမီဒီယာဆိုင်ရာ ဥပဒေကိစ္စရပ်များ အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် အငြင်းပွားနေ သည့်အချိန်တွင် သမ္မတ၏ အလှူငွေကို လက်မခံသင့်ကြောင်း Daily Eleven နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ထောက်ပြသည်။
"ဒီလို ပြဿနာတွေ ဖြစ်နေတဲ့အချိန် မျိုးမှာတော့ မယူသင့်သေးဘူး လို့ထင်တယ်" ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းသည့် သက်တမ်း တစ်နှစ် ပြည့်ချိန်တွင် ကောင်စီ၏ သတင်းမီဒီယာဆိုင် ရာ ဆောင်ရွက်ချက်များကို သမ္မတ ဦးသိန်းစိန်ထံ စာနယ်ဇင်းကောင်စီ ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီအတွက် လိုအပ်သည့် ရုံးခန်း အဆောက်အအုံနှင့် ပုဂ္ဂလိကသတင်းစာ များ ရေရှည်ရပ်တည်နိုင်ရေး ကူညီမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

စာနယ်ဇင်းကောင်စီကို ပြည်ထောင်စု အစိုးရအဖွဲ့ မှတစ်ဆင့် တောင်းခံမှုအ ရ ပြည်ထောင်စုလွှတ်တော်က နှစ်စဉ်ခွဲဝေ ပေးသည့် အသုံးစရိတ်ရန် ပုံငွေ၊ ပြည်တွင်း ပြည်ပ စေတနာရှင်များ၏ စေတနာအလျောက် လှူဒါန်းငွေများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက စေတနာအလျောက် ထောက်ပံ့ကူညီ မှုများ၊ သတင်းမီဒီယာ လုပ်ငန်းများ၏ ထည့်ဝင်ငွေများဖြင့် ရန်ပုံငွေ ထူထောင်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် က အတည်ပြုထားသည့် သတင်းမီဒီယာ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D