သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

“မေခလာသိန်းပြီးတော့ စိဉ္စမာသိန်း လာတော့မည်လော”

မန္တလေး၊ အောင်မြေသာဇံမြို့နယ်မှ၊ စက်ချုပ်ဆိုင်တစ်ဆိုင်သို့ ဘုရားစေတီပုံပါ အထည်စ တစ်စကို အမျိုးသမီး တစ်ယောက်လာအပ်ပါတယ်။ ထမီချုပ်ဖို့ပါ။ ဆိုင်ရှင်မိန်းကလေးက မချုပ်ရဲဘူး ဖြစ်နေပါတယ်။
လာအပ်သူ အမျိုးသမီးက ကွမ်းသီးစိပ် အလုပ်သမားလေးပါ။ စေတီပုံပါမှန်း လုံးဝမသိသူဖြစ်ပါတယ်။ ထမီလာရွေးတဲ့အခါ အတွင်းသားမှာ စေတီပုံပါလို့ မချုပ်ရဲတဲ့အကြောင်း၊ တန်ရာတန်ကြေးပေးပြီး ဝယ်ယူမည့်အကြောင်း ပြောပြပါတယ်။ ကွမ်းသီးစိပ်မယ်လေး က ငွေသုံးထောင် ကျပ်ပေးရကြောင်း၊   ငွေလည်းမယူချင်တော့ကြောင်း၊ ဝတ်လည်းမဝတ်ချင်တော့တဲ့အကြောင်း ပြောပြီး အထည်စကို ထားခဲ့ပါတယ်။




ကွမ်းသီးစိပ်မယ်လေးက အိမ်တိုင်ယာရောက် လိုက်ရောင်းတဲ့အမျိုးသမီးတစ်ယောက်ထံမှ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
အပြင်-အဆင်ပဲကြည့်ပြီး ဝယ်မိလိုက်တာဖြစ်ပါတယ်။ အတွင်းအဆင်ပါ စေတီပုံကတော့ အမှတ်တမဲ့ကြည့်မိရုံ တင် သိသားထင်ရှားပါတယ်။ ဘယ်လိုပဲ ဝတ်ဝတ် အပေါ်ပိုင်းက စေတီဇောက်ထိုး၊ အမြဲတန်း ဖင်ခုထိုင်ပြီးသား ဖြစ်၊ အောက်ပိုင်းမှ စေတီကို အမြဲတမ်း ခြေကန်ပြီးသားပုံစံမျိုး ထိုးထားတာပါ။
ပြည်တွင်းရိုက် ပိတ်စပါပဲ။ နိုင်ငံတကာအဆင့်အတန်းမရှိပါဘူး။
မေခလာသိန်းတုန်းကလည်း ခြေရာခံလို့ မရသေးပါဘူး။ အခုလည်း အသစ်စက်စက်ပါ။ 29.8.2013 ရက်နေ့အထိ ရောင်းနေဆဲပါ။


အပြင်ဘက် အဆင်က ပန်းကွက်တွေဖုံးထားလို့ မထင်ရှားပေမယ့် အတွင်းသားစေတီဆေးကွက်က အပြင်ဘက်စေတီဆေးသားနဲ့ တစ်ထပ်တည်းကျနေပါတယ်။ အပြင်စေတီဆေးချက်က ပိုထင်ရှားပါတယ်။ ပန်းပွင့်တွေဖုံးအုပ်ထားလို့ မသိသာခြင်းပါ။


မြန်မာမိန်းကလေးတွေ အမျိုးသမီးတွေ အထည်ဝယ်ရင် စိစစ်ပြီးမှ ဝယ်ယူဖို့လိုအပ်လာပါပြီ။ စော်ကားလွန်းတဲ့ ဂိုဏ်းကိုလည်း အမိဖမ်းအရေးယူ သတင်းထုတ်ပြန်ပေးနိုင်ရပါမယ်။
မြန်မာတိုင်းရင်းသားတွေ မဝတ်ရဲပေမယ့် ဒါမျိုးကိုမှ ဝတ်ချင်သူ တမင်လိုက်ရှာပြီး ဝတ်လိုသူ ဝတ်နေသူတွေလည်း ရှိကြမှာပါပဲ။ လိုက်လှန်ကြည့်လို့ ရတဲ့ဟာမျိုးမှမဟုတ်တာ။ စော်ကားချင်တိုင်း စော်ကားခွင့် ရနေတော့တာပေါ့။
မေခလာသိန်းရယ်-စိဉ္စမာသိန်းရယ် ဘယ်လို ဇာတ်သိမ်းကြမလဲ-စောင့်ကြည့်ရမှာပေါ့ဗျာ။



 From:

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D