သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

ခက်ခူး (ဆေးခြောက်) ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဒေသထွက် အရွက်အချို့ဝယ်ယူလျက်ရှိနေ


 Tuesday, September 3, 2013
ကွတ်ခိုင်မြို့နယ် ဒေသအတွင်းရှိ ကျေးရွာအချို့တွင် ဒေသခေါ် ခက်ခူး (ဆေးခြောက်) ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် အတွက် ဒေသထွက် အရွက်အချို့ ၀ယ်ယူမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဓိက ၀ယ်ယူသည့် အရွက်မှာ မြင်းခွာရွက်အရိုင်း (ရေအနီးတွင် အများဆုံး ပေါက်ရောက်ပြီး အရိုးရှည်သည့် မြင်းခွာရွက်မျိုး) များအား အရွက်ခြွေပြီး အရိုးကိုသာ အဓိကထား ၀ယ်ယူကြခြင်းဖြစ်ကြောင်းသိရသည်။

“ဒီအရိုးကို ပြန်ပြီးတော့ ချက်မယ်။ ပြီးရင် နေပူလှန်းမယ်။ ခြောက်သွားရင် ဘိန်းမဲနဲ့ ရောပြီး ခက်ခူး (ဆေးခြောက်) လုပ်ရောင်းတာပါ”ဟု မြင်းခွာရွက်အရိုး သွားရောက် ရောင်းချမည့်မန်လွယ်ကျေးရွာသား တစ်ဦးကရှင်းပြသည်။

ယင်းအပြင် အဆိုပါ ဆေးခြောက် ပြုလုပ်ရာတွင် ငှက်ပျောပင်အား လှီးဖြတ်၍ ထွက်လာသည့် အရွက်နုကို ပါးပါးလှီး အခြောက်ခံပြီး ဘိန်းမဲဖြင့် ရောနှောကာ ဆေးခြောက်အဖြစ် အသုံးပြုကြကြောင်း၊အရေးတကြီး အသုံးပြုလိုသူများသည် အုန်းသီးအခြောက်မှ ခွာယူသော အုန်းဆံခွံအခြောက်များကို အမျှင်များဖြစ်အောင်ခွာပြီး ဓားဖြင့်လှီးဖြတ်ကာ ဘိန်းမဲဖြင့်ရောနှော အသုံးပြုကြကြောင်းဆက်လက် သိရသည်။

“နယ်မြေမအေးချမ်းဘူး ဆိုတာကို အခွင့်ကောင်းယူပြီး ဒီလိုမူးယစ် ဆေးဝါးတွေကို အသုံးပြုနေကြတာ နိုင်ငံတော် အနေနဲ့ တတ်စွမ်းသလောက် စီမံချက်ချပြီး ကျောသား၊ ရင်သား မခွဲခြားဘဲထိရောက်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်”ဟု နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါတွင် အဆိုပါ မြင်းခွာရွက်အရိုးမှာ တစ်ပိသာလျှင် (၁၅၀၀) ကျပ်မှ (၁၇၀၀) ကျပ်အထိ ဈေးပေါက်လျက်ရှိနေပြီး မိုင်းယုလေးကျေးရွာနှင့် နမ့်ဖတ်ကာ ကျေးရွာတို့တွင် ၀ယ်ယူလျက်ရှိနေကြောင်းသိရသည်။

စိုင်းကံသာ (လားရှိုး)

မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D