စက်တင်ဘာလ ၂ ရက် ၂၀၁၃
ကျောက်မဲမြို့နယ် ပါလိုင်ကျေးရွာအနီးတွင် T.N.L.A တပ်ရင်း ၂၅၆ တပ်ခွဲနှင့် နမ့်လန်အခြေ စိုက် ခမရတပ်ရင်း ၁၇ တို့ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ မွန်လွဲ ၄ နာရီဲအချိန် တွင် နှစ်ဖက်တပ်များ မိနစ် ၃၀ ခန့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရပါသည်။ နမ့်လန်အခြေစိုက် ခမရ တပ်ရင်း ၁၇ မှ လိုက်လံနောက်ယှက် ထိုးစစ်ဆင်း လာသောကြောင့် နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရကြောင်း သိရှိရသည်။

T.N.L.A ၂၅၆ တပ်ခွဲမှူး အိုက်မောင်မှ “ကျနော်တို့စည်းရုံးရေး ဆင်း
နေတာ ခမရ တပ်ရင်း (၁၇) မှ ကျနော်တို့ စည်းရုံးရေးဆင်းနေ
သည့်လမ်းကြောင်းကို ပိတ်ဆို့နေသည့်အတွက် ယနေ့ ၄နာရီ အချိန် မှာ
နှစ်ဖက်တပ်များ ရင်ဆိုင် တိုက်ပွဲဖြစ်ကြရတာ မီနစ် ၃၀ ခန့်ကြာ တယ်၊
ပါလိုင်ရွာနဲ့ နီးနေတော့ ဒေသခံတွေကို ထိခိုက်မှာဆိုလို့ ကျနော်တို့ဖက်က
အရင် ဆုတ်ပေးလိုက်သည်ဟု ပြောသည်။ ပါလိုင်ကျေးရွာတိုက်ပွဲတွင်
နမ့်လန်အခြေစိုက် ခမရ ၁၇ မှ လက်နက်ကြီးဖြင့် ပါလိုင်ကျေးရွာ ထဲသို့ ၁၀
ချက်ပစ် ခတ်ခြင်းကြောင်း ဒေသခံ ဦးစံမတ်၏ ဗိုက်တွင် လက်နက်ကြီး ဒဏ်ရာပြင်း
ထန်စွာ ရရှိကြောင်း ဒေသခံမှ ပြောသည်။
ကျောက်မဲမြို့နယ် ပါလိုင်ကျေးရွာအနီးတွင် ဖြစ် ပွားသည့်တိုက်ပွဲတွင်
အစိုးရဖက်မှ သေဆုံး ထိခိုက်ဒဏ်ရာရ တာကိုတော့ အတိအကျ မရသေးဘူး” ဟု T.N.L.A
၂၅၆ တပ်ခွဲမှူးမှ ဆက်ပြောသည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ၀န်ကြီး
ဦးအောင်မင်းမှ အောက်တိုဘာလအကုန်တွင် တနိုင်ငံလုံး အတိုင် အတာ
အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်မည်ဟု သတင်းဌာနများ အားပြော ကြားခဲ့သော်လည်
ရှမ်းပြည်နယ် မြောက်ပိုင်း T.N.L.A နှင့် အစိုးရတပ်မတော်တို့ ၅ ကြိမ်မြောက်
တိုက်ပွဲ ဖြစ်ပွား လျက် ရှိကြောင်း သိရှိရပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...