သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 2, 2013

မိုးညှင်းမြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့တစ်ဖွဲ့၏ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုကြောင့် တပ်ဖွဲ့ဝင်ဖြစ် ခဲ့ရသော မိုးညှင်းမြို့ခံ KIA တပ်ဖွဲ့ဝင်တစ်ဦးသည် သြဂုတ် ၃၁ ရက်နေ့တွင် မိုးညှင်းမြို့ရှိ အစိုးရဌာနဆိုင်ရာရုံးတစ်ရုံးသို့ လက်နက်မဲ့အလင်း ၀င်ရာက်ခဲ့ ကြောင်း ယင်းမြို့ခံများ ထံမှ သိရသည်။


 “ မနှစ်က ၆ လပိုင်းထဲမှာ အဖမ်းခံခဲ့ရတာပါ ၊ နမ္မားကျေးရွာအရှေ့ဘက်မှာ ရှိတဲ့ နန့်ဆော်လော်ရွာက သူ့သူငယ်ချင်း မင်္ဂလာဆောင် ကို သွားရင်း အဲဒီ ရွာအ၀င်မှာပဲ KIA အဖွဲ့က လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွား တယ်လို့ ပြောတယ်၊ အဲဒီအချိန်တုန်း က သူနဲ့ အတူတူ ရှမ်းနီ (၇) ဦးလည်း အဖမ်း ခံခဲ့ရတယ်လို့ သိရတယ်” ဟု ယင်းအလင်းဝင်သူနှင့် ဆွေမျိုးတော် စပ်သူ မြို့ခံတစ်ဦး က ပြောပြသည်။

သူကဆက်လက်၍ “ သူ့ကို စစ်သင်တန်း တက်ခိုင်းတယ်လို့ ပြောပါတယ် ၊ ၂ လလောက်သင်တန်း တက်ပြီးတာနဲ့ မိုးညှင်းခရိုင် အုပ်ချုပ်ရေးရုံးမှာ ရုံးအကူ လုပ်ရတယ်၊ အဲဒီရုံးမှာ (၁) လလောက်နေပြီး သူ့ကို ရှေ့တန်းစခန်းတစ်ခုကို ပို့တယ်၊ အစားအသောက် အနေအထိုင် ဆင်းရဲလွန်းတာကြောင့် စိတ်ဓါတ် ကျပြီး ထွက်ပြေးလာတယ်လို့ သိရတယ်၊ ဘာပဲပြောပြော သူ့အသက်က (၂၅) နှစ် ဆိုတော့ ဘ၀ကို အသစ်က ပြန်စလို့ ရပါသေးတယ်၊ မသေမပျောက်ပဲ ပြန်လာနိုင်တာကိုပဲ ၀မ်းသာနေကြရတာပါ ” ဟုပြောပြခဲ့သည်။

အဆိုပါ လက်နက်မဲ့ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့နှင့် အတူ တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်အများစုမှာ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းခံရသော ဒေသခံ ရှမ်းနီ၊ ကချင်၊ ဗမာ လူမျိုးများ ဖြစ်ကြကြောင်း၊ ကျန်ရှိနေသော တပ်ဖွဲ့ဝင်များမှာလည်း KIA ဗဟိုဌာနချုပ်မှ ဆန်နှင့် ဆီသာထောက်ပံ့ပေးပြီး လစာငွေများလည်း (၆) လကျော်မှသာ တစ်ကြိမ်ရရှိ၍ စားဝတ်နေရေး အဆင်မပြေကြကြောင်း၊ ၎င်းတို့လှုပ်ရှား ရာကျေးရွာများတွင် လိုအပ်သောရိက္ခာများ တောင်းရမ်းစား သောက်နေကြ ရကြောင်း၊ တပ်ဖွဲ့ဝင်အချို့မှာ ဆင်းရဲချို့တည့်မှုဒဏ်ကို မခံနိုင်၍ အလင်းဝင်ရောက်နေကြသည်ဖြစ်ရာ ကျန်တပ်ဖွဲ့ဝင်များမှာလည်း အလင်း ၀င်ရောက်လိုစိတ်များ ဖြစ်ပေါ်နေကြကြောင်း ယင်းအလင်းဝင် ရောက်လာသူ၏ ပြောပြချက်အား ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးမှ ပြန်လည် ပြောပြချက်အရ သိရှိရပါသည်။။

နော်တူးဇော်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D