
ခိုလှုံခွင့်တောင်းလိုသူများ တင်ဆောင်လာတဲ့ လှေတစ်စီး (Credit: ABC licensed)
ကမ္ဘာ့နာမည်ကြီး နယူးယောက်ထိုင်းမ်စ် မဂ္ဂဇင်းဌာနရဲ့ သတင်းထောက်နဲ့ ဓာတ်ပုံဆရာတို့နှစ်ဦး 
သြစတြေးလျနိုင်ငံပိုင် ခရစ္စမတ်ကျွန်းကို လှေတွေနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။
အမေရိကန် နိုင်ငံသားတစ်ဦး Luke Mogelson နဲ့ ပေါ်တူကီနိုင်ငံသား Joel Van Houdt သတင်း
သမားနှစ်ဦးတို့ သြစတြေးလျနိုင်ငံကို ခိုးဝင်လာတဲ့ လှေနဲ့အတူ ပါလာကြောင်းကို သြစတြေးလျ
နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။
အဲဒီသတင်းသမားနှစ်ဦးဟာ အာဖဂန်နစ္စတန်နိုင်ငံက ခိုလှုံခွင့်တောင်းလိုသူတွေ ဘာကြောင့် အ
သက်ကို စွန့်ပြီး သြစတြေးလျနိုင်ငံလို နိုင်ငံမျိုးကို လှေတွေနဲ့ ခိုးဝင်နေကြသလဲ၊ သြစတြေးလျနိုင်
ငံမှာ ဘာတွေ မက်စရာရှိလဲဆိုတာ သိရအောင် ခိုလှုံခွင့်တောင်းလိုသူတွေနဲ့အတူ လှေနဲ့ ခိုးဝင်
လာတာ ဖြစ်ပါတယ်။
သတင်းသမားနှစ်ဦး လိုက်ပါလာတဲ့ လှေဟာ မနေ့တုန်းက ဒုက္ခရောက်ပြီး အစားအစာနဲ့ ရေတွေ
ပေးဖို့ အကူအညီ တောင်းခံခဲ့တဲ့အတွက် သြစတြေးလျ ကမ်းခြေစောင့်တပ်က အစားအသောက်
တွေ ပေးခဲ့ပြီး လှေကို ခရစ္စမတ်ကျွန်းကို ခေါ်ဆောင်ခဲ့ရာက ခိုလှုံခွင့်တောင်းလိုသူ ၅၇ ယောက်
ထဲမှာ သတင်းသမားနှစ်ယောက် ပါဝင်နေတာ သိခဲ့ရတာ ဖြစ်ပါတယ်။
သတင်းသမားတွေမှာ သြစတြေးလျ ပြည်ဝင်ခွင့်ဗီဇာ အသင့်ရှိနေကြောင်းလည်း တွေ့ရတဲ့အတွက် 
သူတို့ကို စစ်ဆေးမေးမြန်းပြီး လွတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အာဖဂန်နိုင်ငံ ကာဘူးမြို့အခြေစိုက် သတင်းသမား နှစ်ယောက်စလုံးဟာ စစ်မြေပြင်မှာ သတင်းယူ
တဲ့ အတွေ့အကြုံ ရှိသူတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။
ABC Radio Australia



 အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
 
 
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...