သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 4, 2013

ခင်ဗျားတို့ ပြောတဲ့စစ်ခွေး အသက်ပေးလို့ ကာကွယ်သွားတယ်

 ကချင်ပြည်နယ်တွင် ပြည်ထောင်စု မပြိုကွဲရေးအတွက် တိတ်တိတ် ဆိတ်ဆိတ်အသက်ပေး ကာကွယ်သွားသောအညတရ စစ်ခွေး နှစ်ဦး
 
 ၂၀၀၉ ခုနှစ် သြဂုတ်လရဲ့  နေ့ တစ်နေ့ မှာ ကိုးကန့် အထူးဒေသ (၁) က
MNDAA ( မြန်မာလူမျိုးများ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု ) တပ်ဖွဲ့ ဝင်တွေဟာ
လက်နက်ထုတ်လုပ်နေတယ်လို့  သံသယရှိတဲ့ 
သူတို့ ရဲ့ မသင်္ကာဖွယ်ရာ စက်ရုံတစ်ခုကို စစ်ဆေးဖို့ လာရောက်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင် ၃၀ လောက်ကို ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်……

တပ်မတော် ရဲ့ တုန့် ပြန်မှုကတော့ ၂၄ နာရီ အတွင်းမှာပဲ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု တပ်မ ဟာသိန္နီ - နမ့်ဆလတ် - ကွမ်းလုံ - ချင်းရွှေဟော် လမ်း အတိုင်းတစ်ဟုန်ထိုး ချီတက်လာကာ လောက်ကိုင်မြို့ ပတ်ပတ်လည်ကို ပိတ်ဆို့ နေရာယူလိုက်ပြီး
သူ့ နောက်က ကပ်ရက် ပါလာတဲ့ စစ်ကိုင်း အခြေစိုက် အမှတ် ( ၃၃ ) ခြေမြန်တပ်မ ကတော့ လားရှိုး - သိန္နီ - ကွတ်ခိုင် - တာမိုးညဲ - မုံးစီး - တာပါး ကူးတို့ ဆိပ် နဲ့ သိန္နီ - နမ့်ဆလတ် - ကွမ်းလုံ - ချင်းရွှေဟော် - လောက်ကိုင် မဟာဗျုဟာ လမ်းကြောင်း များကို ၀င်ရောက်ထိန်းချုပ် နေရာယူ လိုက်ပါတယ်……..

မိတ္ထီလာ က အပြင်းချီတက်လာတဲ့  အမှတ် ( ၉၉ ) ခြေမြန် တပ်မ ကတော့ သိန္နီ - နမ့်ဆလတ် - ကွမ်းလုံ - ညီနောင်တံတား ကနေ၀ အထူးဒေသထဲကို ၀င်ရောက်သွားပြီးဟိုပန် ပန်လုံ ဒေသတစ်ဝိုက်မှာ ၀ တပ်ဖွဲ့ များနဲ့ ထိပ်တိုက် ရင်ဆိုင်ပြီး တပ်မ တစ်မ လုံး ခံစစ်ပြင်ကာ ၀ ဒေသ နဲ့  ကိုးကန့် ဒေသကြားက
ဆက်သွယ်ရေး လမ်းကြောင်း အားလုံးကို ဖြတ်တောက် ပြစ်လိုက်ပါတယ်……

နောက်တစ်နေ့ မနက် မိုးစင်စင်လင်းချိန်မှာတော့ရှမ်း အရှေ့ မြောက်ဒေသရဲ့ အရေးအခင်း ဖြစ်ပွားရာ ဒေသ တစ်ခုလုံးကို တပ်မတော်ရဲ့ နာမည်ကျော် တပ်မ သုံးခု ကအခိုင်အမာ နေရာယူ ထိန်းချုပ်ထားပြီးပါပြီ ……

ဒီလို တုန့် ပြန်နိုင်ဖို့ ဆိုတာ၁၉၈၈ ခုနှစ်ရဲ့ အရှေ့ ပိုင်းမှာတပ်မတော် အနေနဲ့ စိတ်ကူး နဲ့ တောင် စဉ်းစားလို့ မရနိုင်ခဲ့ တဲ့  အခြေအနေပါ…..။

ကျွန်တော်တို့ စစ်အုပ်ချုပ်ရေး ၂၂ နှစ်ဆိုတဲ့  နာမည်ဆိုးကြီးနဲ့ 
နာမည်ပျက်ခံ ……
အဆဲခံ …..
အဆိုခံ…..
အမုန်းခံပြီး ……..
တပ်မတော်ကြီးကို …..
တည်ဆောက်ခဲ့ ရကျိုး နပ်ပါတယ်……
ကျွန်တော်တို့ …ပျော်တယ်……။

တစ်နေ့ ကျရင် တိုင်းရင်းသား လက်နက်ကိုင် တစ်သိန်းခွဲ နဲ့ အချင်းချင်းလဲ မတည့်တဲ့ အဖွဲ့ ပေါင်း သုံး လေးဆယ်လောက်ရှိတဲ့  ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့  ကျားကုတ်ကျားခဲ ဆွေးနွေးရမယ့် အရပ်သား အစိုးရရဲ့ နောက်မှာစွမ်းရည်ထက်မြက်တဲ့ ခေတ်မီ အင်အားကြီး တပ်မတော်ကြီးက  ရင် မြေကတုတ် လုပ်ပြီး ကျောထောက်နောက်ခံ ပြုထားဖို့ လို ကို လိုတယ်ဆိုတဲ့အခြေအနေမှန် ကို ခင်ဗျားတို့ သဘောပေါက်လာပါလိမ့်မယ်ဗျာ……။

( ထာဝရ ငြိမ်းချမ်းရေး အတွက် နာမည်အပျက်ခံ နိုင်တဲ့  ရဲမိုး )
From: ရဲမိုး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D