သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, February 27, 2013

လူဖြစ်ရခြင်း၏ ရည်ရွယ်ချက်

လူဖြစ်ရခြင်း၏
အဓိကရည်ရွယ်ချက်ကို
မသိသော ပညာမဲ့သည်
လူ့ဘဝကို
ကာမဂုဏ်ခံစားဖို့အတွက်အသုံးချ၍
အပါယ်လေးပါးသို့သွားသည်။
လူဖြစ်ရခြင်း၏
အဓိကရည်ရွယ်ချက်ကို
သိသောပညာရှိသည်
လူ့ဘဝကို ကုသိုလ်ရဖို့အတွက်
အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။


ယခုခါမူ၊ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊
ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မူ ...
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်...။

"ငှက်တို့၏တေး"

မ လိုက်ရဲရင်တော့

အ သိုက်ထဲမှာပဲကျန်ခဲ့လေ . . . ။

တနေ့နီးမှာပေါ့

ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်

ငှက်ဆိုတာက ပျံရင်းသေ . . . ။

ခြင်္သေ့က မြက် မစား

ကျားက ကြွက် မချောင်း

ဖွတ်တွေက မိချောင်းလို့ မနေ

အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့

စိမ်းမြညို ဟောဟိုတောဆီသို့

အမောခံ ဇောမာန်တင်း

ပျံရင်းသေ ခရီးဆက်မယ်တဲ့

အဲဒါ … ငှက်တို့ရဲ့သမိုင်း။


(မောင်စိန်ဝင်း - ပုတီးကုန်း)

Tuesday, February 26, 2013

တလွဲလုပ်ချင်ကြတယ်


ငြိမ်းချမ်းရေး ချိုးတစ်ကောင်နဲ့ ကိုယ်ရေးကိုယ်တာ အကွေ့ (၁)






သုညအစ၊ သုညအလယ်၊ သုညအဆုံး၊

ကျွန်တော်က ဘ၀ကိုလွယ်လွယ် မရှုံးချင်ဘူး အမေ…

ကျွဲအကောင်ပေါင်းများစွာထဲက

ကျွန်တော်ဆိုတဲ့ မြေဇာပင်

အညွှန့်ကလေးက တထောင်ထောင်နဲ့ပေါ့…

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်မှာ

မျှော်လင့်ချက် အကြီးကြီး ပိုက်ခဲ့တယ် အမေ…..


ပါးတစ်ဖက်က လျှိုတဲ့ဓါး

နောက်ပါးတစ်ဖက်က ထွက်တဲ့အထိ

ကျွန်တော် အသဲတယားယား

နံပါတ် (၄၀)ထဲက (၁) လျော့သွားတာ

ဘာမှပြဿနာ မဟုတ်သလို

ကျွန်တော့်ပါးစပ်ကို ငုတ်တုတ်ထိုင်ခိုင်းထားတယ်

အမေ….

သွေးဆိုတာ လိုသလောက်တော့ ထွက်ရမှာပဲ…


ကျွန်တော်မသိခဲ့ဘူး အမေ…

အလေးစားခံချင်တာလား…

အကြောက်ရွံ့ခံချင်တာလား…

အဲ့ နှစ်လတွေကြားမှာ

သားက ဘယ်နေရာမှန်းမသိ

ခရေပွင့်လေး ပခုံးပေါ်ကြွေဖို့အရေး

သား အတွေးက မက်မောမိနေတုန်းပဲ….


ပြန်မပြုံးမပြ နိုင်တော့ဘူးအမေ…

တစ် အခြေအနေ၊ နှစ် အခြေအနေ၊ သုံး အခြေအနေ၊

ကျွန်တော်တို့ ဘ၀က ရေလိုပဲ

အလွယ်တကူ ပုံကျလွယ်ခဲ့ပြီ


အမေသိရင် .. ဘာဖြစ်ဦးမလဲ….


ကျွန်တော့်လက်ထဲမှာ မြေပုံတစ်ချပ်

နောက်မာရ်နတ်ကို ထောက်လှမ်းဖို့ ကိရိယာ

ကျွန်တော် ဘာမှမရှိဘူး

ဒီအချိန် သားအတွေးရှင်းဖို့

အမေ့ကိုပါ မေ့ထားလိုက်တယ်

အရှေ့မှာ ထယ်ထိုးထားတဲ့ မြေ

ရဲဖို့အတွက် အကုန်လုံးမေ့ခဲ့ရတယ် အမေ…။


အကွေ့ (၂)


နံရံဖြူဖြူမှာ အစွန်းအထင်းတွေ

ကျွန်တော်တွေးလို့ မရဘူး

“ခင်ဗျား ဘာလို့ မဆက်သွယ်တာလည်း”

“အမေသိရင် စိတ်ဆင်းရဲမှာ ကျွန်တော်မဆက်သွယ်ချင်ဘူး”

တတိယ အကြိမ်မြောက် ခွဲစိပ်မှု

တံခါးဝမှာ တန်းစီထားတဲ့အချိန်

ပထမတစ်ယောက် ဖြတ်လျှောက်သွားတယ်

အဲ့ဒါ အစ်မအကြီးဆုံး

ဒုတိယမြောက် အနားမှာကပ်

“မင်းဘယ်လို ဖြစ်ရတာလဲတဲ့”

ဟုတ်ကဲ့အမေ…

ကျွန်တော် ပြန်ရောက်လာပြီ…

“အေး အမေသိပါသတဲ့”

“ငါသေတော့ ငါ့အသုဘ မင်းစီစဉ်

မင်းသေတော့ မင်းအသုဘ ငါစီစဉ်မယ်”

ငါက မင်းအမေပါဘဲ တဲ့လား အမေ…


ကျွန်တော် ၀မ်းနည်းတယ် အမေ…

သုည တစ်ခြမ်းအပဲ့ ပေမယ့်

ကျွန်တော်က တစ်မဖြစ်တော့ဘူး

အပြစ်တွေပြန်ရှာလိုက်တော့

ကျွန်တော် မြစ်ကို အလျားလိုက်ဆန်ခဲ့တာကိုး

ကျွန်တော် မရှုံးချင်ဘူး အမေ…

ဒီပြည်တွင်းစစ်ကို

ကျွန်တော် အနိုင်တိုက်ချင်တယ်….


အမေအပြုံးကအားရှိချင်စရာ

“သား မင်းက အမေ့သားပါဘဲ”

အဝေးမှာ ကြားရပြန်ပြီ

ရွှေပြည်တော်က မျှော်မဝေးတော့သလိုလို…

သားက ကုလားအုတ်တစ်ကောင်လို

သူဘို့… ကိုယ့်ဘို့ လို့မတွေးဘူး အမေ

သား ငြိမ်းချမ်းရေးကို ချစ်တယ်…


တစ်ချစ်တယ်၊ နှစ်ချစ်တယ်၊ သုံးချစ်တယ်…

အပြစ်ဆိုတာထက် အစစ်အမှန်

ကျွန်တော့် အပင်လေး ရှင်သန်စေချင်တယ်

ကျွန်တော်တို့ အိမ်ကလေးက

အမိုးနဲ့အကာက အပေါက်အပြဲ

အခြေတိုင်က ယိုင်နဲ့နေတဲ့အချိန်

ကျွန်တော် အစစ်အမှန်ကို ရှင်သန်စေချင်တယ် အမေ…


ပစ်ကြခတ်ကြ…

မိသားစုစကားဝိုင်း

ခပ်ရိုင်းရိုင်း အဖြစ်တွေပါ

ပါလာခဲ့ပြီ………


ဘ၀မှာရှိတဲ့ အသိတရား

ကျွန်တော် နှစ်ခါသေသွားပါစေ

အမေ ခွင့်လွှတ်ပေးပါဦးအမေ

ကျွန်တော် (၁၅) နှစ်လုံးလုံး

ကျွန်တော့်ယုံကြည်ချက်နဲ့

ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး

ကျွန်တော်သွားလိုက်ဦးမယ်…..


အမှောင်….

ရက်ပေါင်း (၁၂၀) ကျော်ကာလ

ငါ… မရှုံးစေရဘူး.. ဟေ့…

မှောင်တယ် ဆိုကတည်းက

လင်းဖို့အတွက်ပဲ….

အမေ မွေးခဲ့တဲ့သား

အမှားမရှိ

ကျွန်တော်(၁၅)နှစ်လုံးလုံး

လူဖြစ်ရှုံးခဲ့ရပြန်တယ်……….


အကွေ့(၃)


မဖြစ်၊ မဖြစ်၊ မဖြစ်တော့ဘူး….

ဒီမိုးက သည်းလို့ကောင်းတုန်းပဲ…

ကျွန်တော် မရှုံးချင်လို့

သွားဦးမယ်… အမေ….။


အမေရေ….

ညီလေးလည်း ကျန်းမာပါတယ်…

ညီမလေးက .. ပျော်လိုပြုံးလို့

ကျွန်တော့်ကို မြင်တော့

သူပျော်လို့ မျက်ရည်တွေတောင် ကျလို့


အမေ…

အမေနေကောင်းပါစေ…

အမေပျော်ပါစေ…

အမေမွေးတဲ့ အမေ့သားတွေ

အမေ ချစ်တဲ့ အမေ့သားတွေ

အမေ့ အကြောင်းတွေးတိုင်း

အမေ နေရစ်ခဲ့တဲ့ … ကျွန်တော်တို့တိုင်းပြည်

အမေ့လို ငြိမ်းချမ်းဖို့…

အမေ့သားတွေ အဝေးကတိုက်တုန်း….


(ကိုမျိုးမြင့်ချို အတွက်)

ကျေးတော်မျိုး

ရပ်ဝေးသီးချင်း

ကိုယ့်ကိုယ်ကိုယ် ပစ်လွှတ်လိုက်တုန်းကတော့
တစ်ခုကို ထိုးဖောက်ဖို့ရည်ရွယ်ခဲ့တာပဲ
အခုမှ
ကိုယ့်ရင်ဘတ်ကို ပြန်စိုက်နေတဲ့မြှား
ချွေးသံတွေကြားက လွင့်ပျံလာတဲ့သီချင်း
နယ်မြေသစ်မှာ အစိမ်းလန်းဆုံးပွင့်လို့
နမ်းရှိုက်လိုက်တိုင်း မိုးရွာတယ်
မနက်ဖြန်တွေကို မယုံကြည်လို့
မနက်ဖြန်တွေထဲ တိုးတိုးဝင်ကြည့်တော့
အနာဂါတ်ဟာ
ဝင်ကြည့်ပါ ၀င်ကြည့်လိုက်ပါနဲ့
လမ်းတွေကိုချခင်းပြီး ဈေးသည်လိုဖြားယောင်းတယ်
ဘယ်နေ့ပြန်မှာလဲ
အဖြေက
ဦးနှောက်ကိုခါယမ်းပြီး
တစ်ရက်တည်းမဟုတ်တဲ့ သက္ကရာဇ်တွေကို
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်
ဟယ်လို
ငါးမရဘဲ ရေချိုးပြန်ဖို့
ကျွန်တော့်အတောင်တွေမိုးနေတယ်
မေမေ…။ ….။

(အမှတ်၅၃၊ ဧပြီလ၊ ၂၀၁၀ ရယ်စရာမဂဇင်း)
(ပင်လယ်နဲ့ပက်သက်နေတဲ့ရွက်တွေကဗျာစာအုပ်မှ ကူးယူဖော်ပြပါသည်)

Sunday, February 24, 2013

ညီမလေးအတွက် စကားလက်ဆောင်(၃)



ညီမလေးရေ.....
လူမှုဆက်ဆံရေးနယ်ပယ်မှာ လူရာဝင်ဖို့ပာာ အင်မတန် အရေးကြီးပါတယ်။
ညီမလေးကို လူရာမ၀င်ဘူးလို့ ပြောတာမပာုတ်ဘူးနော်။
 မေ့လျော့နေတဲ့ အချက်ကလေးတွေကို သတိပေးချင်တာပါ ။

 စောစောက ပြောတဲ့ လူရာဝင်ဆိုတဲ့စကားပာာ
သာမန် လူရာဝင်ခြင်းမျိုးကို ဆိုလိုတာမပာုတ်
ပါဘူး။မပာာလူသားဆန်တဲ့ လူရာဝင်ခြင်းကို ဆိုလိုတာပါ။ အဲ့ဒီလို လူရာဝင်ဖို့ ညီမလေးမှာ
ဆောင်ထားသင့်တဲ့ အချက်တွေရှိတယ်။

အရင်ဆုံး လူတွေကို နားလည်ပေးနိုင်အောင်
ကြိုးစားရပါမယ်။ ကိုယ့်ကို မကြိုက်တဲ့လူတွေ
က အပြစ်တင် ရှုပ်ချ လာမယ်ဆိုရင် သာမန်အားဖြင့် ဒေါသနဲ့ တုံ့ပြန်မိမှာပါ။ သူတို့
ကြောင့် ဒေါသဖြစ်မိတယ်ဆိုရင် ကိုယ် ကိုယ်တိုင်ပဲ ကျရှုံးပါလိမ့်မယ်။
 ဒေါသဖြစ်ပြီး စိတ်လှုပ်ရှားရင် ဘာပဲလုပ်လုပ် အမှားပဲဖြစ်မှာပါ။
 ဒါကြောင့် အမှားနည်းအောင် ဒေါသကို လျှော့ချရပါမယ်။ ဒေါသကို လျှော့ချချင်ရင် ရန်
သူကို နားလည်ပေးလိုက်ပါ ညီမလေး။

နောက်တစ်ချက်က စကားချိုသာရပါမယ်။
ဥသြငှက်ပာာ ရုပ်မလှပေမယ့် လူတွေမြတ်နိုး
ကြတယ်ညီမလေး။ ဘာကြောင့်လဲဆိုတော့
သူ့ရဲ့အသံက အင်မတန်ချိုသာလို့ပါ။ စကားကို ချိုသာစွာပြောတာပာာ လူတိုင်း နားဝင်ချိုတယ်လေ။
 ရိုင်းစိုင်းစွာပဲပြောပြော ချိုသာစွာပဲဆိုဆို ဆိုလိုချင်တာက တစ်ခုတည်းပါ
ညီမလေး။ ဒါ့ကြောင့် လူချစ်လူခင်များပြီး လူရာဝင်ဖို့အတွက်
 စကားကို ချိုသာစွာပြောဆိုရပါမယ်။

နောက်တစ်ခုက ကတိတည်ဖို့ပါပဲ။ ကိုယ့်ပါးစပ်က ပြောလိုက်တဲ့စကားတစ်ခွန်း
ပာာ ခိုင်မာနေမယ်ဆိုရင် စာချုပ်မလိုပါဘူး။
ကတိတည်မှ ယုံကြည်မှုရှိမှာပါ။ ယုံကြည်မှုရှိ
မှ မပာာလူသားဆန်တဲ့ လူရာဝင်ခြင်းမျိုး ဖြစ်လာမှာပါ။

အရေးအကြီးဆုံးက အတ္တနဲ့ ပရ မျှဖို့ပါပဲ။
ပရချည်းဆိုရင် ရပ်တည်လို့ မရပါဘူး။ ပရတွေ
များများလုပ်ဖို့ အတ္တနည်းနည်း ထားပေးပါ။

ကိုယ့်ရှေ့မှာ လူတစ်ယောက်ပာာ မှားယွင်းနေမယ်ဆိုရင် သူ့ကို အမှန်မြင်တတ်လာအောင် နားချပေးပါ။
စည်းရုံးပေးပါ။ အမှန်တရားကို မြတ်နိုးပါ ညီမလေး။

စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။ စိတ်နှလုံး
တည်ငြိမ်အေးချမ်းနေမယ်ဆိုရင် အသက်ဘေး
နဲ့ကြုံတွေ့လာရင်တောင် မထိပ်လန့်ဘူး ညီမလေး။ စိတ်ငြိမ်ရင် အမှားလည်းနည်းလာ
ပါတယ်။ အမှားနည်းမှ ယုံကြည်မှုရှိလာမှာပါ။

အပြစ်ကို ၀န်ချတောင်းပန်ပါ။ ကိုယ့်မှာအပြစ်ရှိ
နေရင် မသိချင်ယောင်ဆောင်တာပာာ နိမ့်ကျတဲ့ အောက်တန်းစားစိတ်ဓာတ်ပါ။အပြစ်ကို ၀န်ခံ
ပြီး နောက်ထပ်အမှားမလုပ်ဖို့ ကတိပေးပါ။

ဒီလောက်ဆိုရင် မပာာလူသားဆန်တဲ့ လူရာဝင်ခြင်းဖြစ်လာဖို့ လုံလောက်ပါတယ် ညီမလေး။
နောက်မှ ဆက်ပြောပါအုံးမယ်။
အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း
Myawady News

Wednesday, February 20, 2013

really love

If you really love
your partner,
all of your mental,
physical and emotional
faculties become absorbed
in him or her.
your partner, in a way,
bocomes the centre of your life.

တင်ပြီးသား post များ

3D