ရန်ကုန် ၊ ၂၆-၈-၂၀၁၃
နိုင်ငံတော်မှ တရားဝင် ရောင်းချနေသော အောင်ဘာလေ
ထီများကို ၀ယ်ယူ ကံစမ်းကြသူများ တဖြည်းဖြည်း များပြား လာခြင်းကြောင့်
တစ်လထက် တစ်လ ရောင်းအား ပိုကောင်း လာကာ ယခုအခါတွင် ယခင်ကထက် အစောင်ရေ ၃၅
သိန်းကျော် ပိုရောင်း လာရသည်ဟု သိရသည်။ လွန်ခဲ့သော နှစ်လ ၊ သုံးလခန့်မှ
စတင်ကာ ထီရောင်းအားများ သိသိသာသာ တိုးတက် လာခြင်းကြောင့် ယခုလို ထီစောင်ရေ
တိုးမြှင့်ရောင်းချ လာရခြင်းဖြစ်ပြီး ရောင်းရသော ထီအစောင်ရေ တိုးလာခြင်း
နှင့်အတူ ထီဖွင့် ရာတွင်လည်း ဆုမဲ အရေအတွက်ကို တိုး၍ ဖွင့်လှစ် ပေးသွားမည်
ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
" ဒီ နှစ်လ ၊ သုံးလ
လောက်မှာ ထီရောင်းအားက အတော်ကြီးကို တိုးတက်လာ ခဲ့တယ် ၊ နှိုင်းယှဉ်
ပြောရရင် ပြီးခဲ့တဲ့ ဇွန်လက ထီအစောင်ရေ ၂၇၈ သိန်းကျော် ရောင်းရလို့ဆိုပြီး
ဇူလိုင်လကျတော့ ထီအစောင်ရေ ကိုးသိန်း ထပ်တိုးတယ် ၊ အဲဒီလို ထပ်တိုးတာလည်း
ရောင်းအား ကောင်းတော့ အကုန် ကုန်ပါတယ် ၊ အဲဒါနဲ့ ဒီလ ( သြဂုတ်လ ) မှာ
ထီအစောင်ရေ နောက်ထပ် ၂၇ သိန်း ထပ်တိုး ရောင်းတယ် ၊ အဲဒါလည်း
အကုန်လုံးနီးပါး ကုန်လိမ့်မယ်လို့ မျှော်မှန်း ထားပါတယ် ၊ ဇွန်လထက်စာရင်
စုစုပေါင်း ထီအစောင်ရေ ၃၆ သိန်းလောက် ပိုရောင်း လာရတယ် ၊ အခုဆိုရင်
အောင်ဘာလေထီ ရောင်းအားက တစ်လကို အစောင်ရေ ၃၁၅ သိန်း နီးပါးလောက်
ရောင်းရလာတာတယ် ၊ ထီအစောင်ရေ တိုးရောင်း လာရသလို ဆုမဲ အရေအတွက် ကလည်း
အချိုးကျ တိုးသွားမှာပါ။ ကျပ် သိန်း ၁ဝဝ မင်္ဂလာစုံတွဲ စနစ်တွေနဲ့ သိန်း ၂ဝဝ ၊
သိန်း ၃ဝဝ ဆုတွေမှာ အရေအတွက် တိုးပြီး ဖွင့်သွားဖို့ အခြေအနေ များပါတယ်
... '' ဟု ၄င်းက ပြောပြခဲ့သည်။
အောင်ဘာလေ ထီများသည်
မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများထက် အလယ်ပိုင်း နှင့် အထက်ပိုင်း
ဒေသများတွင် ရောင်းအားများ ပိုမိုကောင်းလာ ခဲ့ရာ အချို့သော ထီရောင်းအား ၊
ပေါက်အား ကောင်းသော ထီအရောင်း ဆိုင်များတွင် ၄င်းထီများကို တစ်စောင်လျှင်
ငွေကျပ် ၃၀၀ ကျပ်နှုန်း အထိ ရောင်းချ လာကြကြောင်း ကြားသိရသည်။ အဆိုပါ
အောင်ဘာလေထီ စုစုပေါင်း ရောင်းရငွေ ၏ ၆၀ ရာခိုင်နှုန်း ကို နိုင်ငံတော်မှ
ဆုမဲများ ပြန်လည်ခွဲဝေပေးပြီး ၄ဝ ရာခိုင်နှုန်းကို နိုင်ငံတော် အခွန်အဖြစ်
ပေးသွင်းကာ လစဉ်လဆန်း ၁ ရက်နေ့တိုင်းတွင် ထီပေါက်မဲ များကို ဖွင့်ပေးလျက်
ရှိကြောင်း သိရှိရသည်။
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...