
ပေါ်မှာ ချိုင့်ခွက်ပုံစံ ကပ်နေတယ် ဆိုတဲ့ ဓာတ်ပုံ Facebook မှာ လက်ဆင့်ကမ်းနေကြတာ ကြာပါပြီ။
အရှိန်လျှော့ဖို့ ညွှန်ကြားတဲ့ဆိုင်းဘုတ်ကို ဂရုမစိုက်ကြလို့ ဒီလို လုပ်ရတယ် ဆိုပါစို့။
ချိုင့်အစစ် ထင်ပြီး ကားဆရာ ဆရာမများ အရှိန်လျှော့ကြရလောက်အောင် ပီပြင်တဲ့ အတုအပ ဖြစ်ပါတယ်။
သနားစရာ ကနေဒါပါတကား။ ကားလမ်းမှာ ချိုင့်တွေ မရှိရှာဘူး လို့ ဆိုနိုင်ပေတာပေါ့။
Facebook မှာတော့ ဒီပုံနဲ့ ပတ်သက်ပြီး ပေးထားတဲ့ မှတ်ချက်ကတော့ အမျိုးမျိုးပါပဲ။
ငါ ကနေဒါနိုင်ငံကကွ။ ဒို့ဆီမှာ ဒါမျိုး မရှိ လို့ ပြောသူကိုလည်း တွေ့ရပါမယ်။
ဒါ အန္တရာယ်ကြီးတဲ့ အတုအပပဲ။ ချိုင့်ကိုမြင်ပြီး ဘရိတ်ဆွဲရင် ကားတိုက်မှုတွေ မဖြစ်နိုင်ဘူးလားလို့ ထောက်
ပြသူလည်း ရှိပါတယ်။
အတုအပလို့ပဲ ထင်ထင်၊ အစစ်လို့ပဲ ထင်ထင် ဒီဓာတ်ပုံကို Facebook မှာ သဘောကျနေကြပါပြီ။
မြန်မာပြည်အနှံ့ ကားလမ်းတွေမှာက ချိုင့်တွေခွက်တွေ ရှိကြတယ် မဟုတ်လား။
ဒါတွေကို ကြိုသိလို့၊ ကားဆရာ ဆရာမတွေ အရမ်းကာရော အစွမ်းပြကြမှာကို ကြိုသိလို့ မြန်မာအစိုးရက
လမ်းသိပ်မပြင်တာကိုး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နိုင်ပါတယ်။
The Irrawaddy's Blog by zarny win


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...