သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 2, 2013

ကိုရီးယားရောက် မြန်မာများနဲ့ ကွမ်း ပညာပေး

ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာတို့ စားသုံးသည့် ကွမ်းတံတွေးများ မညစ်ပတ်စေရေးနှင့်
ကွမ်းစားသုံးမှု လျော့ချရေးအတွက် ပညာပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်းကို ယနေ့နံနက်ပိုင်းက
စတင်ပြုလုပ်ပါသည်။

မြန်မာစင်တာက ကမကထပြု၍ မြန်မာနိုင်ငံ သားများ ပူးပေါင်း ပါဝင်သည့် ကွမ်းကမ်ပိန်း ပြုလုပ်
ရာတွင် မြန်မာများ ကျင်လည်ရာ ၀န်းကျင်ရှိ ညစ်ပတ်နေသော ကွမ်းသွေးများကို ဆေးကြောခြင်း၊
လူမြင်ကွင်းများတွင် ပိုစတာ စတေကာများ ကပ်ခြင်း၊ လက်ကမ်းစာရွက် ဝေခြင်းတို့ကို လူအင်
အား ၄၀ ခန့်ဖြင့် ဆောင်ရွက်ကြပါသည်။

“မြန်မာတွေ ကွမ်းစားတာကို အပြစ်မပြောလိုပေမဲ့ စည်းကမ်းမရှိ ကွမ်းသွေး ထွေးတာကတော့ အ
တော်ဆိုးပါတယ်။ ကွမ်းက မြန်မာတွေပဲစားတာ ဆိုတော့ ပြောစရာဖြစ်တာပေါ့”ဟု အင်ချွန်းမြို့မှာ
နေသူတဦးက ပြောပါသည်။


ဘူဖျောင်းမြို့တွင် မြန်မာစားသောက်ဆိုင် ၁၇ ဆိုင် ရှိသည့်အနက် ကွမ်းရောင်းသည့်ဆိုင် ၅ ဆိုင်
ခန့် ရှိသည်။ ယာပီးသား ကွမ်း ၈ ယာခန့်ပါသည့် အထုပ်လိုက် ရောင်းတာလည်း ရှိသလို၊ မယာရ
သေးသည့် အမယ်စုံပါသည့် ကွမ်းအထုပ်လိုက် ရောင်းတာလည်း ရှိသည်။

ကွမ်းယာကို သွားရင်းလာရင်း အလွယ်တကူ စားပြီး၊ ကွမ်းသွေးကို အလွယ်တကူ ထွေးကြသည့်
အတွက် သစ်ပင်ရင်း မြောင်းပေါက်ဝနှင့် ချောင်ဖြစ်သည့် နေရာများတွင် ကွမ်းသွေး နီရဲရဲအကွက်
များ အများဆုံး ဖြစ်သည်။ လမ်းတလျှောက် နီရဲနေတတ်သဖြင့် ဘူဖျောင်းစာတိုက်ဘေးလမ်းကို
“လမ်းနီလေး”ဟုပင် မြန်မာတွေက ခေါ်ဝေါ်ကြသည်အထိ ဖြစ်သည်။


“လုပ်သင့်တယ်။ ဒါကို ကိုရီးယားမှာတင် မကဘူး၊ မြန်မာပြည်မှာလည်း လုပ်သင့်တယ်။ အခြား
မြန်မာတွေ ရှိတဲ့ နိုင်ငံတွေမှာလည်း လုပ်သင့်တယ်။ ဒီကွမ်းက အတော်ကို အရုပ်ဆိုးတဲ့အပြင်
ကျန်းမာရေးနဲ့လည်း မသင့်လျော်ဘူး။ ဒါကြီးကို အားလုံး ပြုပင်သင့်ပြီ”ဟု ဘူဖျောင်းမြို့ မြန်မာ့
ဗုဒ္ဓသာသနာပြုကျောင်းမှာ ဝေါဆရာတော်က မိန့်ပါသည်။

“ဘုန်းကြီးတို့ ကျောင်းမှာလည်း အမြဲပြောဆိုနေရတယ်။ ဆေးကြောနေရတယ်။ အားလုံး အသိ
ကလေးနဲ့ ဆင်ခြင်သင့်တယ်”ဟု ဆရာတော်က ဆက်လက်မိန့်ဆိုပါသည်။

ယနေ့လုပ်သည့် ကွမ်းကမ်ပိန်းတွင် ဘူဖျောင်းမြို့ ဘူတာမြောက်ဘက်ခြမ်းကို အဓိကထား၍ နံ
နက်ပိုင်း၊ ညနေပိုင်း ၂ ချိန်ခွဲ ပြုလုပ်ရာ ကွမ်းသွေးကွက်များ အကုန်အစင်နီးပါး သန့်ရှင်းနိုင်ပြီး၊
လက်ကမ်းစာရွက် ၂၀၀၀ ကျော် ဝေငှနိုင်ခဲ့သည်။

“တချို့က စာရွက်ပေးတာကို မယူဘူး။ ကျနော် ကွမ်းမစားဘူးဗျ လို့ ပြန်ပြောတယ်။ ကိုယ်ကွမ်း
မစားတာနဲ့ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးလို့ လုပ်တာကတော့ မဖြစ်သင့်ဘူးထင်တယ်။ အခု ကမ်ပိန်း
လိုက်လုပ်နေတဲ့ သူတွေက ကွမ်းစားနေသူတွေမှ မဟုတ်တာ။ ဒါဟာ အားလုံးနဲ့ ဆိုင်တယ်။ ကိုယ်
မလုပ်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင် ဖြစ်ပျက်နေတာကို ၀ိုင်းဝန်းဟန့်တားဖို့ ပြုပြင်ဖို့ အားလုံးမှာ တာ
ဝန်ရှိတယ်လို့ ထင်တယ်”ဟု ကမ်ပိန်းတွင် ပါဝင်သည့် ကိုဇေယျာအောင်က ပြောပါသည်။


ဒုတိယအကြိမ် လှုပ်ရှားမှုကို ကောက်သစ်စားပွဲတော် (ချုဆော့ပိတ်ရက်) စက်တင်ဘာ ၁၉ တွင်
ဘူဖျောင်းမြို့နှင့် ပူချွန်းမြို့များ၌ ပြုလုပ်သွားမည်ဖြစ်သည်။

ကွမ်းကမ်ပိန်းကို ကျန်းမာရေးဆိုင်ရာ ပညာပေးမှုနှင့် ကွမ်းစားသုံးမှု လျှော့ချနိုင်ဖို့ ဆက်လက်ပြု
လုပ်သွားမည် ဖြစ်သည်။

(ကိုဝင်းပေါ်မောင်အီးမေးမှာ တွေ့ရတဲ့သတင်း နဲ့ ဓာတ်ပုံတွေကို ကူးယူ ဖော်ပြပါတယ်)

The Irrawaddy's Blog by zarny win

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D