သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 2, 2013

အချစ်ဆိုတာ အဓိကကတော့ သစ္စာရှိဖို့ အရေးကြီးပါတယ်ဆိုသူ ဖွေးဖွေး

လတ်တလောမှာတော့ဖွေးဖွေးကဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ‘ညရေးချညာ’ ဇာတ်ကားကို အောင်ရဲ လင်းနဲ့အတူ ရိုက်ကူးနေပါတယ်။ နောက်ပိုင်းမှာ ဒရာမာနဲ့ဟာသဇာတ်လမ်းပုံစံလေး တွေကိုမျှအောင် ရိုက် ဖြစ်နေကြောင်း ပြောတဲ့ဖွေးဖွေးက ဇာတ်ကားတစ်ကား ကောင်းဖို့အတွက် ဇာတ်ကားထဲမှာပါဝင်တဲ့ အနု ပညာရှင် အားလုံးအရေးကြီးကြောင်း ပြောပါတယ်။ “ဇာတ်ကား ကောင်းဖို့အတွက် အကုန်လုံးအရေးကြီးပါ တယ်။ ဒါရိုက်တာက အဓိက အရေးကြီးဆုံးပဲ။ ဇာတ်လမ်းတစ်ခုလုံးကို ဒါရိုက်တာ စီစဉ်ညွှန်ကြားတဲ့အတိုင်း ရိုက်ရတာ။ တချို့တွေကျတော့ Edit ပိုင်းပါဝင်ပါရတယ်လေ။


တစ်ခါတလေကျရင်ကိုယ်သရုပ်ဆောင်ကောင်းပေမယ့် တည်းဖြတ်က ကောင်းသင့်သလောက်မကောင်း တဲ့သဘောရှိသွားတယ်” လို့ ပြောပါတယ်။လက်ရှိရရှိထားတဲ့နေရာလေးကိုတော့ ကျေနပ်မှုအပိုင်းလည်း ရှိသလို မကျေနပ်သေးတဲ့ အပိုင်းလည်းရှိကြောင်း ဖွေးဖွေး က ပြောပါတယ်။ “အခု ဖွေးဖွေးက ပုံမှန်ဘဝ တစ်ခုကိုတော့ရနေတယ်။လောလောဆယ်မှာ ဖွေးဖွေးအလုပ်ကို အသစ်အဆန်းတစ်ခု လုပ်ချင်စိတ်ပေါက် နေတယ်။

အနုပညာအလုပ်မှာကျေနပ်တဲ့အပိုင်းလည်းရှိပါတယ်။ဒါပေမဲ့ဖွေးဖွေးမကျေနပ်သေးပါဘူး။ ကြိုးစားရဦးမယ်။ ဖွေးဖွေးတို့လုပ်နေတဲ့အလုပ်က ကံနဲ့လည်းဆိုင်ပါတယ်။ကိုယ့်ရဲ့ကြိုးစားမှုနဲ့လည်းဆိုင်ပါတယ်။အောင်မြင်မှု ဆိုတာကလည်း တစ်သက်လုံးတည်မြဲမယ့် အရာမဟုတ်ဘူးလေ။ဒါပေမဲ့ အ တတ်နိုင်ဆုံးတော့ထိန်း သိမ်းရ မှာပေါ့”လို့ ပြောပါတယ်။

အချစ်ဆိုတာ ထက်မေတ္တာနဲ့ သံယောဇဉ်ကို စိတ်ထဲမှာ ပိုရှိကြောင်းပြောတဲ့ဖွေးဖွေးက အချစ်နဲ့ပတ်သက်ပြီး “အချစ်ကို တစ်ယောက်နဲ့ တစ်ယောက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း ပုံစံမတူကြဘူး။ တစ်ယောက်တစ်မျိုးစီပါပဲ။ ကိုယ့်ကိုလည်း ချစ်ပြီး ကိုယ်ကလည်းပြန်ချစ်ရမယ်။ အဓိက က တော့ သစ္စာရှိဖို့ အရေးကြီးတယ်”လို့ ပြော ပါတယ်။

တွယ်တာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D