သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 2, 2013

မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ အလှူလုပ်ဖို့ စဉ်းစားထားတဲ့နေတိုး

စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်မယ့် နေတိုးရဲ့ မွေးနေ့အတွက်နေတိုးရဲ့ ပရိသတ်တွေဖြစ်တဲ့ Facebook က We love Nay Toe Group က အမှတ်တရအနေနဲ့အလှူတွေလုပ်သွား မယ်လို့ သိရပါတယ်။ ဒီလိုလှူဒါန်းမယ့် အစီအစဉ်အတွက် ဝမ်းသာဂုဏ်ယူမိသလို ပရိသတ်တွေနဲ့ တွေ့ဆုံပါဝင်လှူ ဒါန်းနိုင်ဖို့အတွက် စဉ်းစားထားတယ်ဆိုတဲ့ နေတိုးက “ကျွန်တော်တအား ဝမ်းသာမိတယ်။


ကျွန်တော့်ပရိသတ်တွေက ကိုယ့်မွေးနေ့ မှာ အမှတ်တရအလှူလုပ်ပေးတော့ ဝမ်းသာသလို၊ ဂုဏ်လည်း ယူပါတယ်။ ကိုယ့်အပေါ် အားပေးရုံတင်မကဘူး။ ကိုယ့်မွေး နေ့ကို အသိအမှတ်ပြုပြီး အလှူလုပ်ပေးတော့ ဝမ်းသာတယ်။ ဒီအလှူမှာ ကျွန်တော်လည်း ပါဝင်နိုင်ဖို့ စဉ်းစား ထားတယ်။ သူတို့ကတော့ သူတို့ ဘာသာ လုပ်နေကြတာ။ သူတို့နဲ့ ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ မွေးနေ့မတိုင် ခင်ရက်မှာ ညလုံးပေါက် မနက်ထိ ရှုတင်ရှိနေရင် မွေးနေ့မနက်အစောကြီးတော့ မသွားနိုင်တော့ဘူး။ ဒါပေမဲ့ သွားဖြစ်ဖို့တော့ သေချာ သလောက်ရှိပါတယ်။ ကျွန်တော့်အတွက် လည်း စိတ်ထဲမှာ ကြည် ကြည်နူးနူးဝမ်းမြောက် ဝမ်းသာဖြစ်နေ မိတယ်။

ပရိသတ်နဲ့လည်း တွေ့ချင်တယ်” လို့ ပြောပြပါတယ်။မွေးနေ့အတွက်မွေးနေ့လက်ဆောင်ဆိုပြီး မျှော်လင့် မိတာမရှိပေမယ့် ပရိသတ်တွေဆီက လက်ဆောင်ကို အမြတ် တနိုးတန်ဖိုးထား ပါတယ်ဆိုတဲ့ နေတိုးက “မွေးနေ့ကိုတော့ အလှူလေးတွေပဲလုပ်ဖြစ်မယ်။ ဇီဝိတဒါနတွေ၊ ပရဟိတကျောင်းတွေဖြစ်မယ့် မွေးနေ့ လက်ဆောင် အတွက် ဆိုပြီးတော့ ရင်ခုန်တာတော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေရဲ့ အမှတ်တရတွေ
ကိုတော့ မြတ်နိုးစွာနဲ့ အမြဲတမ်းတန်ဖိုးထားပါတယ်။

လက်ဆောင်တွေကတော့ ဘယ် သူရယ်လို့တော့မသိဘဲ ရောက်လာလေ့ရှိပေမယ့် ကြီးကြီးမားမားကြီးတော့ မျှော်လင့်ပါဘူး”လို့ ပြော ပြပါတယ်။နေတိုးက F4 ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)
နဲ့ ရိုက်ကူးနေပြီး ဒီ ဇာတ်ကားထဲမှာတော့ ချစ်သူရဲ့ အဖေအလိုအကျ ဆရာဝန်ဖြစ်အောင် ကြိုးစားရင်း ဥာဏ် မကောင်းတာကြောင့် တဖြည်းဖြည်းအိပ်ရေးပျက်ရင်း ဂေါက်သွားတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်
နေပါတယ်။

မေမွန်မောင်
Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D