သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

မလေးရှားမှာ ဒုတိယနေ့ အတွင်း အလုပ်သမား ၂၅၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံက ​တရားမဝင် ​အလုပ်အကိုင် ​ဝင်ရောက်လုပ်နေတဲ့ ​အလုပ်သမားတွေကို ​ဖမ်းဆီးတဲ့ ​၃လ 
ကြာ ​အထူး ​စီမံကိန်းရဲ့ ​ဒုတိယမြောက်နေ့မှာ ​တရားမဝင် ​နေထိုင်နေကြတဲ့ ​လူပေါင်း ​၂၅၀၀ ​ကို ​ဖမ်းဆီး
ထားပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ ​တော့မယ်လို့ ​သိရပါတယ်။



မလေးရှားနိုင်ငံက ​လူဝင်မှု ​ကြီးကြပ်ရေးတွေ၊ ​ပြည်သူ့စစ်တွေနဲ့ ​ရဲတွေ ​ပူးပေါင်းပြီး ​ပြည်ပကနေ ​တရားမ
ဝင် ​အလုပ်လုပ်ကိုင်နေတဲ့ ​အလုပ် ​သမားတွေရှိရာ ​ဆောက်လုပ်ရေး ​လုပ်ငန်းခွင်၊ ​စိုက်ပျိုးရေးခြံတွေနဲ့ 
အဖြစ်သဘောသာ ​ဆောက်ထားတဲ့ ​တဲအိမ်တွေမှာ ​ဝင်စီးပြီး ​ဖမ်းဆီးမှုတွေ ​ပြုလုပ်နေတာ ​ဖြစ်ပါတယ်။

ဒီလို ​ဖမ်းဆီးမှုမျိုးကို ​၃ ​လ ​ကြာ ​ပြုလုပ်ဖို့ရှိပြီး ​မလေးရှားနိုင်ငံတွင်း ​တရားမဝင်နေထိုင်နေကြတဲ့ ​လူပေါင်း 
ငါးသိန်းကို ​ဖမ်းဆီးဖို့ ​ရည်ရွယ်ထားတာ ​ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးမှုအတွင်း ​မြန်မာနိုင်ငံသား ​၂၀၀ ​လောက် ​ဖမ်းဆီးခံခဲ့ရတယ်လို့ ​သိရပြီး ​ကျန်ရှိသူ ​အများစု
က ​တောထဲမှာ ​ပုန်းအောင်းနေကြတယ်လို့ ​သိရပါတယ်။

မလေးရှားနိုင်ငံမှာ ​အင်ဒိုနီးရှား၊ ​ဖိလိပိုင်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​နီပေါနဲ့ ​မြန်မာနိုင်ငံက ​အလုပ်သမားတွေ ​တ
ရားဝင်အနေနဲ့ရော ​တရားမဝင်အနေနဲ့ပါ ​အလုပ်လုပ်ကိုင်နေကြတာ ​ဖြစ်ပါတယ်။

ပြည်ပကနေ ​အဆမတန် ​ဝင်လာတဲ့ ​အလုပ်သမားတွေကြောင့် ​မလေးရှားနိုင်ငံမှာ ​အလုပ်သမားပိုလျံမှု
ပြဿနာတွေ၊ ​စီးပွားရေး ​ကျဆင်းမှုတွေ ​ကြုံနေရတဲ့အပြင် ​ရာဇာဝတ်မှုတွေပါ ​များလာတဲ့အတွက်
ကြောင့် ​လူပေါင်း ​ငါးသိန်းကို ​ဖမ်းဆီးပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ​တရားမဝင် ​အလုပ်လုပ်နေသူပေါင်း ​ခုနှစ်သိန်းရှိတယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။

ABC Radio Australia

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D