သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

အသက် မပြည့်သေးသည့် ကလေးကို ရဲတပ်ဖွဲ့ထဲ သွင်းဟုဆို

အသက်မပြည့်သေးသည့် ကလေးတစ်ဦးကို ရဲတပ်ဖွဲ့သို့ အသက်လိမ်ပြီး သွင်းခဲ့သည်ဟု အဆိုပါကလေး
၏ မိခင်က စက်တင်ဘာ ၂ ရက်တွင် မဇ္ဈိမကိုပြောသည်။

အဆိုပါကလေးမှာ အသက် ၁၆ နှစ်အရွယ်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးမှ ဖြစ်ကာ ကျောက်တံတားရဲ
စခန်းမှ အသက်လိမ်ပြီး ရဲတပ်ဖွဲ့အတွင်း သွင်းခဲ့သည်ဟု လက်ရှိရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေ
သည့် မောင်ကျော်ခိုင်လင်း၏ မိခင်ကမဇ္ဈမကိုပြောသည်။

၎င်းသည် ယခုနှစ်ဇန်န၀ါရီလအတွင်းက မိခင်ဖြစ်သူနှင့်စိတ်ဆိုးပြီး အိမ်မှထွက်သွားကာ လက်ရှိအချိန်တွင်
မင်္ဂလာဒုံ မြို့နယ်၊ ပျဉ်းမပင်ရဲတပ်ရင်း အမှတ် (၈) တွင် တာဝန်ထမ်းဆောင်နေသည်ဟု မိခင်ဖြစ်သူက
ဆိုခြင်းဖြစ်သည်။

မိခင်ဒေါ်အေးအေးခိုင်က “ကလေးက အသက် ၁၆ နှစ်ပဲရှိသေးတယ်။ ကလေးက ကျွန်မကိုစိတ်ကောက်ပြီး
အိမ်ကနေထွက်သွားတာ။ ရန်ကုန်ရောက်ပြီး သွားစရာ၊ နေစရာမရှိတော့ ဒေါ်လာရောင်းတဲ့သူက ရဲထဲ ၀င်
မလားလို့ မေးပြီး ရဲထဲသွင်းလိုက်တာ။ ကျောက်တံတားရဲစခန်းက ပညာရေးနဲ့ အသက်လိမ်ပြီး ရဲထဲသွင်း
လိုက်တာ” ဟု ပြောသည်။

မောင်ကျော်ခိုင်လင်းသည် ယခုနှစ်ဇန်န၀ါရီလက အိမ်ပေါ်မှဆင်းသွားပြီး ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်
နေသည်ဟု မေလက အကြောင်းကြားခဲ့ကြောင်း မိခင်ကပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်က နိုင်
ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO)၊ ပညာရေးဝန်ကြီးဌာန၊ သမ္မတရုံးနှင့် ရဲစခန်းတို့တွင် တိုင်ကြား
ထားပြီးဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ လသာရဲစခန်းက မိခင်ဖြစ်သူကို ခေါ်တွေ့ခဲ့ပြီး ဒေါ်အေးအေးခိုင်က
“ဒီနေ့ (စက်တင်ဘာ ၂ ရက်) လသာရဲစခန်းကို လာတာက ကျွန်မတိုင်စာတင်လိုက်တဲ့အတွက် လသာရဲစ
ခန်းက ခေါ်တွေ့တာ။ စစ်ချက်ယူပြီး အထက်ကို ပြန်တင်ပေးမယ်။ သူတို့ကခေါ်မေးလို့ လာပြောပြပြီး က
လေးကို ပြန်ထုတ်မယ်။ အသက်မမီတဲ့ ကလေးကို ရဲထဲသွင်းတယ်ဆိုတာ ခွင့်ပြုချက်လည်းမရှိဘူး” ဟု
ပြောသည်။

အသက်လိမ်ပြီး ရဲတပ်ဖွဲ့သို့ သွင်းသည်ဟု စွပ်စွဲခံရသော ကျောက်တံတားမြို့နယ် ရဲစခန်းသို့ မဇ္ဈိမက
ဆက်သွယ် မေးမြန်းခဲ့ရာ ကလေး၏ဆန္ဒအရ ၀င်ခြင်းဖြစ်ပြီး ကလေးကအသက် ၁၈ နှစ်ပြည့်ပြီဆိုသော
ကြောင့် ရဲတပ်ဖွဲ့သို့ သွင်းခဲ့ခြင်းဖြစ်ကြောင်းပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့သို့သွင်းခဲ့သူ နယ်
ထိန်းနှင့် ရဲနှစ်ဦးကို အသက်မပြည့်ဘဲ ရဲတပ်ဖွဲ့သို့သွင်းသောကြောင့် အရေးယူဆောင်ရွက်မှုများပြုလုပ်
မည်ဟုလည်း ဆိုသည်။

ကျောက်တံတားရဲစခန်းမှ တာဝန်ရှိတစ်ဦးက “သူ့ဆန္ဒအရ၀င်လာလို့ ကျွန်တော်တို့က သတ်မှတ်ချက်နဲ့
ကိုက်ညီလို့ ထည့်ပေးလိုက်တယ်။ ကောင်လေးက ဗန္ဓုလပန်းခြံနားမှာ ယောင်လည်လည် ဖြစ်နေတော့
နယ်ထိန်းကတွေ့ပြီး မင်းရဲထဲဝင်မလားပြောမှာပေါ့။ သူ့အမေကလည်း ဆက်သွယ်မှုမရှိဘူးလေ။ သူ့ကို
လည်း အိမ်ပြေးမှန်း မသိဘူး” ပြောသည်။

မောင်ကျော်ခိုင်လင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ အ.ထ.က (၁) တွင် ဒသမတန်း
တက်ရောက်နေသော ကျောင်းသားဖြစ်သည်။ ၎င်းပျောက်ဆုံးနေသည့် ကာလတွင် လူပျောက်အမှု
ဖွင့် ထားခဲ့သည်။

ကလေးမိခင်ကို ခေါ်ယူမေးမြန်းခဲ့သည့် လသာရဲစခန်းမှ ရဲအုပ်ဦးထိန်ဝင်းက “ အမေခေါ်ပြီး မေး
ကြည့်တာပါ။ ကျွန်တော်တို့က ဘာမှလုပ်ပေးလို့ မရပါဘူး” ဟုပြောသည်။

မောင်ကျော်ခိုင်လင်းသည် ဧရာဝတီ တိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ခြောက် ရပ်ကွက်၊ မြလေး
လမ်း၊ အမှတ် ၈၃ တွင် မိဘများနှင့်အတူ နေထိုင်သူဖြစ်သည်။

နန်းမြင့်
Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D