သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

သွားဘက် ဆိုင်ရာ ဆေး တက္ကသိုလ်မှ ကထိက ဆရာဝန် တစ်ဦး မိမိ ကိုယ်ကို အဆုံး စီရင်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင်နေထိုင်သော သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်
သည့် ဆရာဝန်တစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည့် အမှုတစ်ခု စက်တင်ဘာ ၁ ရက်က
ဖြစ်ပွားခဲ့ရာ ရန်ကင်းရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း တိုင်းရဲဌာနကသတင်းထုတ်ပြန်သည်။

ယင်းနေ့ည ၁၀ နာရီကျော်အချိန်တွင် ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်ရှိ ရွှေအုန်းပင်အိမ်ရာ ၂ ၌ လူတစ်ဦး
ကြိုးဆွဲချ သေဆုံးကြောင်း သတင်းရသဖြင့် မြို့နယ်ရဲစခန်းမှူး နှင့် သက်သေများက သွားရောက်စစ်ဆေး
ခဲ့ကြရာ သေဆုံးသူမှာ သင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာန၏ ထုတ်ြပန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူမှာ အသက် ၅၂ နှစ် အရွယ်ရှိပြီဖြစ်ပြီး တက္ကသိုလ်၏ သွား အတုဆေးပညာဌာနတွင် တာဝန်
ထမ်းဆောင် နေသူဖြစ်ကြောင်း ရဲဌာနကအတည်ပြု ထားသည်။

အဆိုပါအမှုကို စစ်ဆေးလျက်ရှိသော ရန်ကင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်ဇော်က “သေဆုံးသူက စိတ်
ကျရောဂါရှိ လို့ပါ။ ဆေးမှတ်တမ်းတွေလည်း ရရှိထားပါတယ်။ Depression (စိတ်ကျရောဂါ) ကြောင့်ပဲ
သတ်သေသွားတာပါ”ဟု မဇ္ဈိမကိုပြောသည်။

သေဆုံးသူမှာ နေအိမ်ရေချိုးခန်း အမြင့်ရှစ်ပေထုတ်တန်းတွင် နိုင်လွန်ကြိုးကို ကွင်းလျှောပြုလုပ်ပြီး ကြိုး
ဆွဲချ သေဆုံး နေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းတွင် ပြင်ပဒဏ်ရာများမတွေ့ရသော်လည်း ကြိုးဆွဲချ၍ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းဟုတ် မ
ဟုတ် သေချာ စေရေး ဆက်လက်စစ်ဆေးရန် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးမည်ဖြစ်ပြီး လက်
ရှိတွင် ရန်ကင်းရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၃ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲဌာနက
ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D