ရန်ကုန် ၊ ၃-၉-၂၀၁၃
မြန်မာနိုင်ငံ၏
ဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေအရ မြန်မာ တစ်နိုင်ငံ လုံးတွင် လူငယ်များ
ဆေးလိပ် သောက်သုံးမှု မရှိစေရန် မှတ်ပုံတင် ပြပြီးမှ ဝယ်ယူ၍ ရသော အဆင့်သို့
ရောက်ရှိစေရန် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း အနေဖြင့် ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်
ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကို ထိန်းချုပ်ရန် ကမ္ဘာ့ ဆေးရွက်ကြီး
နှင့် ဆေးလိပ် တားဆီးရေး အဖွဲ့သို့ ပါတီဝင် အဖြစ် ဝင်ရောက် ပြီးနောက်
ပြည်တွင်း ဆေးလိပ် အများအပြား ကို ဥပဒေများနှင့် ညီညွတ်စေရန် မြို့များ
အားလုံးတွင် ကြော်ငြာ ဆိုင်းဘုတ်များကို ဖြုတ်သိမ်း ခဲ့ပြီး ထိုသို့
တစ်နိုင်ငံလုံး အနေအထား ဖြင့် ဆေးလိပ် ကြော်ငြာများ ဖြုတ်သိမ်းခဲ့သည်။
မြန်မာနိုင်ငံ
ဒေသအသီးသီး တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ဆိုင်ရာ ဥပဒေများကို
လိုက်နာခြင်း မရှိကြဘဲ တစ်နိုင်ငံလုံး တွင် ဆေးလိပ် ၊ ဆေးပေါ့လိပ် နှင့်
ကွမ်းစားဆေးများ ၊ ကျန်းမာရေး ဆိုင်ရာ အသိပေး စာတမ်းများ မပါဘဲ အလွယ်တကူ
ရောင်းချ နေသည်။ ပြည်တွင်း ဆေးလိပ် နှင့် ဆေးရွက်ကြီးများ ရောင်းချရာတွင်
စည်းမျဉ်း စည်းကမ်း များကို လိုက်နာခြင်း မရှိသည့် အပြင် အသက် ငယ်ရွယ်သူ
များပင် ဆေးလိပ် သောက်သုံးမှု မြင့်တက်လာ နေကြောင်း မြန်မာနိုင်ငံ အတွင်း
ကျောင်းများတွင် ပြုလုပ်သော သုတေသနများ အရ ပြည်သူ့ ကျန်းမာရေး
ဖောင်ဒေးရှင်း မှ ပြောကြားခဲ့သည်။
အမျိုးသမီးငယ် များပင်
ဆေးလိပ် သောက်သုံးမှုများ ပြုနေပြီ ဖြစ်ကြောင်း သုတေသန စာတမ်းများ ကဆိုသည်။
ထိုသို့ အသက်အရွယ် မပြည့်ခင် ဆေးလိပ် သောက်သုံးမှု များကို တားဆီးနိုင်
ရန်အတွက် ပြည်တွင်း ဆေးလိပ် သောက်သုံးရန် ဝယ်ယူ လာပါက မှတ်ပုံတင် ပြပြီး
ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖြစ်လာ စေရန်ကိုလည်း မြန်မာနိုင်ငံ
စားသုံးသူ ကာကွယ်ရေး အသင်းက ကြိုးစား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း
သိရသည်။ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း အနေဖြင့် ဆေးလိပ် သောက်သုံးမှု
များကို ဥပဒေများ နှင့်အညီ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံသည်
ဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေများ ကို ၂၀၀၆ ခုနှစ်တွင် တရားဝင်
ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ အသက်ဝင်၍ ပိုမို ထိရောက်စွာ ကျင့်သုံးပြီး
စားသုံးသူများကို ကာကွယ်ရန် လိုအပ်နေပြီး အခွန် ဆောင်ပြီးကြောင်း ၊
အမှတ်အသား များလည်း လိုအပ် နေသေးကြောင်း သိရှိရသည်။
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...


No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...