သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

ပြည်တွင်း အသားစားသုံးသူ ဈေးကွက်အတွင်း ကြက်သား စားသုံးမှု လျော့ကျနေ

ရန်ကုန် ၊ ၃-၉-၂၀၁၃
အိမ်နီးချင်း တရုတ်နိုင်ငံ တွင် ကြက်ငှက် တုတ်ကွေး ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ အတွင်းသို့ မှောင်ခို ဈေးကွက်မှ ဝင်ရောက် နေသည့် အသားနှင့် ဥများတွင် ပြဿနာ ဖြစ်နေသည် ဆိုသော သတင်းများ ဖော်ပြ ထားမှုကြောင့် အသား ရောင်းချသော ဈေးကွက်အတွင်း ၌ ကြက်သား ဝယ်ယူ စားသုံးမှု လျော့ကျ နေကြောင်း အသား ရောင်းချနေသည့် ဈေးကွက် အတွင်းမှ သိရသည်။
ဇွန်လလယ်မှ စတင်သည့် မိုးတွင်း ကာလသုံးလ အတွင်း မြင့်တက်ပြီး ဈေးကောင်း ရရှိနေသော အသားတိုးကြက် ဈေးနှုန်းများမှာ သြဂုတ်လ နောက်ဆုံး ပတ်အတွင်း ယခင်ရရှိသည့် ငွေကျပ် ၄ဝဝဝ မှ ၃ဝဝဝ  ဈေးနှုန်းသို့ ရောက်ရှိ ကျဆင်း သွားကြောင်း နှင့် ဗမာကြက်မှာ ဈေးနှုန်း ကျဆင်းခြင်း မရှိဘဲ မူလပေါက် ဈေးငွေကျပ် ၄၅ဝဝ ဖြင့်သာ ဈေးကွက် အတွင်း ဈေးနှုန်း တည်ရှိ နေကြောင်း ကြက် ၊ ဘဲ အဝယ်ဒိုင် ဈေးကွက် အတွင်း မှ သိရသည်။
ကြက်သား ဈေးနှုန်းများ သည် ထိုသို့ ဈေးကွက်များ ဖြစ်ပေါ် နေသော်လည်း ပြည်သူလူထု အနေဖြင့် ပြည်တွင်း သတင်းများတွင် ပါရှိသည့် မန္တလေး နှင့် ပြင်ဦးလွင် မြို့များတွင် နယ်စပ် ဂိတ်ပေါက်များမှ ကြက်အသား နှင့်ဥများ ဝင်ရောက် နေကာ ကြက်ခြံများ အတွင်းရှိ ကြက်သားပေါက် များတွင် မှိုရောဂါ များ ဖြစ်ပွား နေသည်ဆိုသော သတင်း များကြောင့် ကြက်သား စားသုံးရန် သတိပြုမှုများ ရှိလာပြီး ဝယ်ယူစားသုံးသူ လျော့နည်း နေကြောင်း သိရသည်။

ကြက်ခြံအတွင်း သုံးလေးရက် ကြက်သား ပေါက်ငယ်များ တွင် မှိုရောဂါ ဖြစ်ပွားမှုသည် မိုးတွင်း ကာလအတွင်း သာမန် ဖြစ်ပွားနေကျ ရောဂါဖြစ်ကာ ကြက်ငယ်များ တွင် လိုအပ်သည့် ဓာတ်သဘာဝ မျှတမှု မရှိခြင်းကြောင့်ဖြစ်ပြီး ကြိုတင်၍ ကာကွယ်သည့် ဆေးများကို တိုက်ကျွေး ထားပါက ယင်းမှို ရောဂါသည် ဖြစ်ပွား နိုင်ခြင်း မရှိကြောင်း ကြက်မွေးမြူရေး ကျွမ်းကျင် ပညာရှင် များက ပြောကြား ကြောင်း သိရှိရသည်။
 
MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D