သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, January 9, 2013

( လူမိုက်ကြီး(၁၀)ယောက် )

 

< ( လူမိုက်ကြီး(၁၀)ယောက် )>ပြီးအောင်ဖတ်ကြည့်....မပါချင်ရင်..ဟိဟိ...

တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀)ယောက်အားရှာဖွေ၍ စာရင်း ကောက်ခဲ့ရန် တာဝန်ပေးလိုက်သည်။ တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်း ကောက်ရန် ခရီးထွက်ခဲ့သည်။

သူဌေးကြီးတပည့်သည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။ လူ တစ် ယောက်သည် မြစ်ထဲမှ ရေများကို ခပ်ထုတ် နေသည်ကိုတွေ့ရ၏ ။ ဘာကြောင့်ခပ်ထုတ်နေသည...်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည် ။

"ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ ကုန်အောင်ခပ်ထုတ်နိုင် ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့ ။ အဲဒါ သူအချစ်ကို ရအောင်ကြိုးပမ်းနေရတာဗျ” ။
အင်းတော်တော် မိုက်မဲတဲ့လူပေပဲ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁) အဖြစ်စာရင်းမှတ်လိုက်လေ၏။

ထိုမြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာရာ လူတစ်ယောက်သည် လှေ တ စင်း ဖြင့် မြစ်ထဲတွင် ခေါက်ခေါက်အခါခါ လှော် နေသည်ကို တွေ့ရပြန်သည် ။ သူဌေးကြီးရဲ့ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။

“ ကျူပ်သူငယ်ချင်းပေါ့ မနေ့က ကျူပ်နွားကို ဌားပြီး တစ်နေကုန်ခိုင်းလိုက်တာ နွားကိုဖတ်ဖတ်ကိုမောလို့ ၊
ကျူပ်က လဲဘယ်ရမလဲ သူလှေကိုဌားပြီး တစ်နေလုံးအားရပါးရ လှော်ပြီး လက်စားချေနေတာလေ”
သူဌေးကြီးတပည်လဲ အံသြစွာ ဖြင့်ထိုသူ၏ နံမည်ကိုမေးပြီး လူမိုက်နံပါတ်(၂)အဖြစ်စာရင်းမှတ်လိုက်လေသည်။

ထိုနောက်ဆက်လက်ထွက်ခွာလာခဲ့ရာ လူတစ်ယောက်သည် လူတစ်ယောက် သစ်ပင်ပေါ်၌ ရှိနေ၏။ သစ်ခုတ် သမားက ထိုသစ်ပင် ကိုခုတ်လဲနေ၏ ။

“ ဟေ့လူ သစ်ပင်ပေါ်က ဆင်းလေဗျာ သစ်ပင်ခုတ်လဲနေတယ်”
“ ကျွန်တော် သစ်ပင်ပေါ်တတ်တာ မဆင်းတတ်လို့ တွေ့တဲ့သစ်ခုတ်သမားပြောပြီး သစ်ပင်လဲခိုင်းနေတာပါ။
သစ်ပင်လဲမှ ကျွန်တော် လွယ်လွယ်ကူကူ အောက်ရောက်နိုင်မှာပါ ” ။
သူဌေးကြီးတပည့်လည်း အံသြသွားပြီး မထူးပါဘူး ဒီလူလဲနံမည်မေးပြီး စာရင်းသွင်းလိုက်ရုံပေါ့။ သူဌေးကြီး တပည့်လည်း နံမည်မေးပြီး လူမိုက် နံပါတ် (၃) အဖြစ်စာရင်းမှတ်လိုက်လေသည်။

ဒီလိုနဲ့ ဆက်လက်ထွက်ခွာ လာခဲ့ရာ တောစပ်တစ်နေရာ အရောက်တွင် လူတစ်ယောက်သည် ဓားမကိုကိုင်လျှက် တွင်းဝတစ်ခုတွင် ထိုင် နေလေသည်။

“ ဟေ့လူ ခင်ဗျား တွင်းဝထိုင်ပြီး ဘာလုပ်နေတာလဲ “
“ ကျွန်တော် မြေကြွက်တစ်ကောင်လိုက်ဖမ်းနေတာ ပါ။ အခုတွင်းထဲ ဝင်သွားလို့ပါ။ကြွက်ထွက်လာအောင်စောင့် နေတာပါ။
ထွက်လာလို့ကတော့ ဟောဒီဓားနဲ့ ခုတ်သတ်ဖို့ပါပဲ “။
“ မထွက်လာရင်ကောဗျာ “
“ထွက်လာမှာပါဗျာ၊ ကြွက်ကတွင်းထဲမှာ ကြာကြာဘယ်နေနိုင်ပါမလဲ၊ သူနေရ ထိုင်ရကြပ်လို့ ထွက်လာရင်တော့ အသိပဲ၊
ကျွန်တော် ကမြေကြွက်သား အရမ်းကြိုက်တယ်လေ”။
သူဌေးကြီးတပည့်လည်း ထိုသူအားနံမည်မေးပြီး လူမိုက်နံပါတ် (၄) အဖြစ်မှတ်လိုက်လေသည်။

လူမိုက်စာရင်း ကောက်ရန်ဆက်လက်ထွက်ခွာ လာရာ သူဌေးကြီးတပည့်သည် ရွာတစ်ရွာသို့ရောက်လေသည်။

ရွာအဝင်လမ်း တွင် လူတစ်ယောက် လက်နှစ်ဖက်မြောက်လျက် ဖင်ထိုင်လျက်လဲနေသည်ကို
တွေ့ရ၏။

“ဟေ့လူ ထလေဗျာ၊ ဘာဖြစ်လို့လဲ၊ ခြေထောက်နာသွားလို့ မထနိုင်ဘူးလား၊ ကျွန်တော်ထူပေးမယ် "
ဟုပြောပြော ဆိုဆိုနှင့် ထိုလူလက်နှစ်ဖက်ကို ကိုင်လိုက်ရာ”
“အား မကိုင်နဲ့ မကိုင်နဲ့ ကျွန်တော် ကိုထူရင် ချိုင်းကမပြီး ထူပေး” ဟုပြော လေ၏။
သူဌေးကြီးတပည့်လည်း ထိုလူ ပြောသည့်အတိုင်း ချိုင်းကမပြီးထူပေးလိုက်လေ၏
သို့သော် လက်နှစ်ဖက်ကမြောက်မြဲအတိုင်း မြောက်နေ၏။
“ ခင်ဗျား လက်နှစ်ဖက်က ချလို့မရဘူးလား အကြောကပ်နေတာလား “။
“မဟုတ်ဘူး၊ ကျွန်တော် သေတ္တာ ဝယ်မလို့မြို့ပေါ်တတ်လာတာ၊
အဲဒါအိမ်က သေတ္တာ အဟောင်း အတိုင်းကို လက်နှစ်ဖက်နဲ့ တိုင်းလာခဲ့တာ၊
မတော်တဆ ချော်လဲပြီး မိတ်ဆွေရောက်လာပြီး ထူပေးတာ ကျေးဇူးတင်ပါ တယ်” ။
သူဌေးကြီးတပည့်လဲ ထိုသူနံမည်မေး၍ လူမိုက်နံပါတ် (၅)
အဖြစ်သတ်မှတ်လိုက်လေသည်။ ပြီးတော့ သူဌေး ကြီးတပည့်လည်းရွာထဲသို့ဝင်လာလေ၏။

လမ်းခရီးတွင် လူနှစ်ယောက်ငြင်းခုန်နေသည် ကိုတွေ့ရ၍ အကြောင်း
စုံကိုမေးကြည့်၏။

“ကျွန်တော် ကပြောတယ်၊ ငွေထုပ်ကောက်ရရင် ခရီးကအတူတူ ထွက်လာတာမို့
တစ်ယောက်တစ်ဝက် ပိုင်သင့် တယ်လို့”
“ မဟုတ်ဘူး မဟုတ်ဘူး ငွေထုပ်ကို အရင်တွေ့တဲ့လူက ပိုပြီးရသင့်တာပေါ့၊
မဟုတ်ဘူးလားဗျာ “
“ နေပါဦး ခင်ဗျား တို့က အဲဒီငွေထုပ် ကိုကောက်ရထားလို့လား”
“မကောက်ရပါဘူးဗျာ၊ ကောက်ရခဲ့ရင် ဆိုပြီး ငြင်းခုန်နေကြတာပါ”
ချက်ချင်းပင် ထိုသူနှစ်ယောက်၏ နံမည်များမေးပြီး လူမိုက်နံပါတ်(၆) နှင့်လူမိုက်နံပါတ်(၇) ဟုစာရင်းမှတ်လိုက်၏။

ထိုနောက် သူဌေးကြီးတပည့်လည်း အကြောင်းအရာအဖြစ်အပျက်များ နှင့်တကွလူမိုက်
(၇)ဦး၏ အမည်စာရင်းများ ကိုပေးအပ်လိုက်လေ၏။ သူဌေးကြီးလည်း သူတပည့်တင်ပြသော စာရင်းအားကြည့် ၍ “ ငါကောက်ခိုင်းတာက ဆယ်ဦးကွ၊ မင်းကောက်ခဲ့တာ ခုနှစ်ဦးပဲရှိသေးတယ်၊ သုံးဦးလိုသေးတာပဲ “။
“ ဆယ်ဦးပြည့်ပါတယ် သူဌေးမင်း၊ ကျန်တဲ့ သုံးဦးက ၊ ဘာမှ အရည်မရအဖတ်မရ လူမိုက်စာရင်းကောက်ခိုင်းတဲ့ သူဌေးမင်း နဲ့ လူမိုက်စာရင်း လိုက်ကောက်တဲ့ ကျွန်တော် ရယ်၊ ဘာမှ အရည်မရ အဖတ်မရ ဘာဗဟုသုတမှ မရှိတဲ့
ဒီပိုစ့်ကို ဖတ်တဲ့လူရယ်ပေါင်းလိုက်ရင် ဆယ်ဦးပြည့်တာပေါ့ သူဌေးမင်းရယ် “။
Thet Ko Oo

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D