သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, April 5, 2013

ထိုင်းနယ်စပ် ပစ်ခတ်မှုတွင် မြန်မာစစ်သား ၁၃ ဦး ကျဆုံး

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၀၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ထိုင်းနယ်စပ်တွင် ယနေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မြန်မာ့တပ်မတော်မှ ၁၃ ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းလုံခြုံရေးဆိုင်ရာအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြထားသည်။

မြန်မာ အစိုးရတပ်များ နယ်စပ် ကင်းလှည့်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုမူ အတည်ပြု၍ မရနိုင်သေးပေ။ ကင်းလှည့် မြန်မာတပ်မှာ ခမရ ၄၃၂ မှဖြစ်ကြောင်း ကော့သောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။

၎င်းလက်နက်ကိုင်များ ထွက်ပြေး လွတ်မြောက်မသွားစေရန် ထိုင်းစစ်တပ်အား ပူးပေါင်း ဆောင်ရွက်မှုပြုပါရန် မြန်မာဘက်မှ အကူအညီ တောင်းထားသည်။

ထိုင်း ကြည်းတပ် ဦးစီးချုပ် Gen Prayuth Chan-ocha ကလည်း နယ်စပ်ကို အနီးကပ် စောင့်ကြည့်ရန် အထူးတပ်ဖွဲ့တဖွဲ့ကို ရနောင်းခရိုင်သို့ စေလွှတ်လိုက်ထားကြောင်း ထိုင်း လုံခြုံရေးဆိုင်ရာ သတင်းရပ်ကွက်အား ကိုးကား၍ ဘန်ကောက်ပို့စ်က ရေးသားထားသည်။

ထိုဒေသမှာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် တရားမဝင် ခိုးဝင်ကာ မူးယစ်မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာတပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည့် ဒေသဖြစ်သည်။

၎င်းတို့အနက် ၈၃ ဦးကို စက်တင်ဘာ ၁၇ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီး ကျန် ကိုးဦးမှာ ထောင်ဒဏ်များ အသီးသီး ကျခံနေရဆဲဖြစ်သည်။
Like ·  · Share · 7 hours ago ·

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D