သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up

Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, April 5, 2013

ဘဒ္ဒန္တ အရိယ၀ံသ တရားအားထုတ်နေရာမှ စိတ်မကောင်းဖြစ်ရ

Photo: Kumara Ashin

နိုင်ငံတော်သမ္မတရုံးအသိုင်းအ၀ိုင်းမှပြောကြားချက်ကြောင့် သာသနာ အာဇာနည်အလိုတော်ပြည့် ဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ တရားအားထုတ်နေရာမှ စိတ်မကောင်းဖြစ်ရ=====

မြန်မာသံတော်ဆင့်အတွဲ(၂) အမှတ်(၃)ပါ ပဲခူးတိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မူများ ရခိုင်ပြည်နယ်ဘက်မှဝင်ရောက်လာခြစ်ဖြစ်ဟု
နိုင်ငံတော်သမ္မတရုံးနှင့်နီးစပ်သည့် အမည့်မဖော်လိုသူ အရာရှိကြီးတစ်ဦး ပြောကြားချက်သတင်းကြောင့် ရခိုင်ပြည်နယ်ဖွါးသာသနာ့အာဇာနည်
ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တအရိယ၀ံသ အလိုတော်ပြည့်ဆရာတော်ဘုရားကြီး အလွန်အမင်းစိတ်မကောင်း
ဖြစ်ရကြောင်း စိတ်ထိခိုက်ရကြောင်း ဧပြီ(၁)ရက်တွင် မြန်မာသံတော်ဆင့်အယ်ဒီတာသို့ ဖုန်းဖြင့်ဆက်သွယ်၍ မိန့်ကြားသည်။

အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့်ဆရာတော်သည် မတ်(၁၄) ရက် မှစ၍ ရခိုင်ပြည်နယ် သံတွဲမြို့တွင် မဒေးတောင်တောရဆောက်တည်၍
တစ်လတာအဓိဋ္ဌာန်ပြုနေတော်မူလျှက်ရှိပြီ၊ မတ်(၃၀) ရက်ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ်တွင်ဖော်ပြခဲ့သေ အထက်ပါသတင်းကြောင့်
ရခိုင်ပြည်နယ်နေရာအနှံအပြားရှိသံဃာတော်များနှင့်တပည့်များက ၄င်းသတင်းအပေါ်မကျေနပ်ခြင်း စိတ်ထိခိုက်ခြင်းများဖြစ်ရကြောင်းဆရာ
တော်ကြီးကိုတင်ပြလျှောက်ထားကြာရာမှဆရာတော်ကြီးလည်း အလွန်အမင်းစိတ်ထိခိုက်ရကြောင်း၊ ထိုကဲ့သိုသော ပြောဆိုမူမျိုးပါသည့်သတင်း
ကိုထည့်သွင်းဖော်ပြရန်မသင့်ကြောင်းစသည့်ဖြင့် အလိုတော်ပြည့်ဆရာတော်ဘုရားကြီးက မြန်မာသံတော်ဆင့်သို့မိန့်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတရုံးအသိုင်းအ၀ိုင်းမှ နီးစပ်သူ အရာရှိကြီး ပြောကြားချက်တွင်-
" ပဲခူးတွင်ဖြစ်တာတွေက ဒီဘက်ကိုကူးလာတာမဟုတ်ဘူး။ ဟိုဘက် က၀င်လာတာ၊ ရခိုင်ဘက်ကနေ၀င်လာတာ။ မော်လမြိုင်ဘက်ကနေပြီးတော့
ရခိုင်ဘက်ကိုသွားတရားဟောတဲ့ (၉၆၉) အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေက ၀င်လာပြီးတော့ ပြည်ပမှာဝင်တွေ့တယ်။ ပြည်ကလက်မခံဘူး။
လက်မခံတဲ့အခါမှာ ကားနဲ့ဆင်းသွားတဲ့အခါ တောက်လျှောက် အဲဒီမြို့တွေမှာတွေ့တွေ့သွားတာပေါ့း။ ရခိုင်ဘက်ကကျတော့လည်း သူတို့ချည်း
ပဲဖြစ်နေလို့ ဘယ်လိုမှကိုယ်ချင်းစာမှာမဟုတ်ဘူး။ ဒီဘက်မှာဖြစ်မှ ကိုယ်ချင်းစာမယ်ဆိုတဲ့စိတ်တွေရှိတယ်။

ဒါကြောင့်ပြန်သွားတဲ့အဖွဲ့တွေက လုပ်တယ်လို့ထင်တာပဲ။ မိတ္ထီလာဘက်ကြောင့်ဖြစ်တာမဟုတ်ဘူး။ မိတ္ထီလာဘက်ကိုအကြောင်းပြုပြီး
အဲဒီအဖွဲ့တွေက အော်သွားတာပေါ့။ တချို့လည်းလာနေတယ်လိုကြားတယ် ဟု ပြောကြားထားသည်။ ၄င်းပြောကြေားချက်အတွက်လည်း
(၉၆၉)အဖွဲ့မှ အတွင်းရေးမှူး မြနန်းဆရာတော်က ရန်ကုန်မြို့တွင်တုံပြန်ပြောဆိုချက်များရှိခဲ့သည်။ မြနန်းဆ၇ာတော်၏ပြောကြားချက်များကို
ယခုအပတ်ထုတ်မြန်မာသံတော်ဆင့်တွင် အကျယ်တ၀င့်ဖော်ပြထားသည်။

ဆူပူအကြမ်းဖက်မူများနှင့်စပ်လျဉ်း၍ အစိုးရမှ ကိုယ်တွယ်လုပ်ဆောင်နေရခြင်း ဥပဒေအရ တားဆီးရခြင်း၊ ထိန်းသိမ်းရခြင်းများသည်။နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးအတွက် အဘက်ဘက်မှ သုံးသပ်ဆင်ခြင်ဆောင်ရွက်ရခြင်းဖြစ်နိုင်ကြောင်း တစ်ဖက်တည်းကိုသာစဉ်းစား
လုပ်ဆောင်သည့်အမြင်မျိုး အစိုးရအနေဖြင့် အဖြစ်မခံလိုဘဲ ပြဿနာရပ်များကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးဆောင်ရွက်နေရခြင်းမှသည့် အနီးစပ်ဆုံးအဖြေမှန်သို့ဦးတည်နိုင်ကြောင်းဝါရင့်သတင်းစာဆရာတစ်ဦးကပြောကြားသည်။

fb မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D