၁။ ဥာတိဗျဿန - မိဘဘိုးဘွားညီကို မောင်နှမသားအမီး ဆွေမျိုးများ ဆုံးရှုံးပျက်စီးခြင်း ။
၂။ ဘောဂဗျဿန - လယ်ယာရွှေငွေ ဆန်ရေစပါး ကျွဲနွားမြင်းဆင် စသော
သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာများနှင့် စီးပွါးရေးလုပ်ငန်းများ ဆုံးရှုံးပျက်စီးခြင်း ။
သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာများနှင့် စီးပွါးရေးလုပ်ငန်းများ ဆုံးရှုံးပျက်စီးခြင်း ။
၃။ ရောဂဗျဿန - ကိုးဆယ့်ခြောက်ပါေးသာ ရောဂါဝေဒနာများနှင့်
ယခုခေတ်ပေါ် ရောဂါဝေဒနာ အသစ်အဆန်းများ နှိပ်စက်၍ ဆင်းရဲ ဒုက္ခခံစားရခြင်း ။
၎။ သီလဗျဿန - ၀ါရိတ္တသီလ- ခေါ် ငါးပါးသီလကို ချိုးဖေါက်ကျူးလွန်ခြင်း ။
စာရိတ္တသီလ-ခေါ်လင်နှင့်မယား ၊ မိဘနှင့်သားသမီး ၊ ဘုန်းကြီးနှင့်ဒကာ ၊
ဆရာနှင့်တပည့် ၊ အလုပ်ရှင်နှင့် အလုပ်သမား ၊ မိတ်ဆွေတစ်ဦးနှင့် တစ်ဦး
အပြန်အလှန် ပြုကျင့်ရမည့် ၀တ္တရားများ ယိုယွင်းပျက်စီးခြင်း ။
စာရိတ္တသီလ-ခေါ်လင်နှင့်မယား ၊ မိဘနှင့်သားသမီး ၊ ဘုန်းကြီးနှင့်ဒကာ ၊
ဆရာနှင့်တပည့် ၊ အလုပ်ရှင်နှင့် အလုပ်သမား ၊ မိတ်ဆွေတစ်ဦးနှင့် တစ်ဦး
အပြန်အလှန် ပြုကျင့်ရမည့် ၀တ္တရားများ ယိုယွင်းပျက်စီးခြင်း ။
၅။ ဒိဋ္ဌိဗျဿန - ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူတို့တွင် တပါးပါးကို စွဲလမ်းယူမှား သဖြင့် ဖြောင့်မတ်သော သမ္မာဒိဋ္ဌိအယူဝါဒ၏ ဖေါက်ပြန် ပျက်စီးခြင်း တို့ဖြစ်သည် ။
၎င်းဗျဿနတရား ငါးပါးတို့တွင် ဥာတိဗျဿန ၊ ရောဂဗျဿန ၊ ဘောဂဗျဿန သုံးပါး ပျက်စီးခြင်း တို့ကြောင့်ကား အပါယ်လေးပါးသို့ မကျရောက်စေနိုင် ။
သီလဗျဿန ၊ ဒိဋ္ဌိဗျဿန နှစ်ပါးပျက်စီးခြင်း တို့ကြောင့်သာ အပါယ်လေးဘုံသို့ ကျစေနိုင်၏ဟု ဘုရားရှင်က ခွဲခြား၍ ဟောကြားတော် မူခဲ့ပါသည် ။
( အင်္ဂုတ္တရနိကာယပါဠိတော်-ပဉ္စကနိပါတ်-ဗျဿနသုတ် )
ရွှေနီဆရာတော်
Royal Hero Media
Royal Hero Media
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...