==========================
မေတ္တာရှင် (ရွှေပြည်သာ)ဆရာတော်မှ ဘုရားလောင်း၏ မေ့တ္တာတရားကို "ကိုယ့်အမျိုး ဘာသာ သာသနာကို အပါယ်ကျခံ၍ချစ်ခြင်း" လို့ ဖွင့်ဆိုထားပါတယ်........
လောကတွင်ငြိမ်းချမ်းရေးကို လိုလားသူများလည်းရှိ၏။တစ်ကိုယ်ရေငြိမ်းချမ်းမှုကို လိုလား သူများလည်းရှိ၏။ထိုတွင်ဘုရားလောင်းသည် လောကငြိမ်းချမ်းရေးဝါဒကို
ကျင့်သုံး သူဖြစ် ၏။ ထို့ကြောင့်အမျိုးထိလျင်ဆက်ဆက်ထိမခံခြင်း၊ အမျိုးအတွက်ဆိုလျှင်
သတ်လည်း သတ်ရဲသူ၊ သေလည်းသေရဲသူဖြစ်၏။
ခန္တီနှင့်မေတ္တာတရားကို ပုဂ္ဂိုလ်ရေးဂဏ္ဍတွင် အပြည့်အ၀ကျင့်သုံး၍ အမျိုးအတွက်၊ နိုင်ငံအတွက်၊ သာသနာအတွက်ဆိုလျှင်ကား အကန့်အသတ် စနစ်ကိုသာ ကျင့်သုံးခဲ့၏။
ကျွနုပ်တို့လူမျိုးသည် ဘုရားလောင်းလို နေရာမှန်ဝါဒ၊ နေရာမှန် ကျင့်စဉ်ကို ကျင့်သုံးတက်ဖို့ လိုအပ်ပေပြီ။
ထိုသို့မဟုတ်ပဲ နေရာမှားဝါဒ၊ နေရာမှားကျင့်စဉ်များ ကျင့်သုံးမိပါက အတ္တအတွက်သာ အစွယ်ထက်ပြီး လောကအတွက်ကား အစွယ်တုံးနေပေလိမ့်မည်။ထိုအခါ အမျိုးဘာသာ သာသနာလည်း နိမ့်ကျသည်ထက်နိမ့်ကျလာပေလိမ့်မည်။
ပါဏာတိပါတကံချင်းတူသော်လည်း အတ္တအကျိုးအတွက်ပြုသောပါဏာတိပါတကံသည် ငရဲဆွဲချနိုင်၏။အများအတွက်ပြုသော ပါဏာတိပါတကံသည်ကားအလွန်ဆုံး တိရိစ္ဆာန်ဘုံလောက်သာ ဆွဲချနိုင်၏။ထို့ကြောင့်ဘုရားလောင်းသည် တိရိစ္ဆာန်မျိုးစုဲံဖြစ်ခဲ့ရခြင်းဖြစ်သည်။
မေတ္တာရှင် (ရွှေပြည်သာ) ရေးသားသော
မြန်မာတို့၏ အသက်စာအုပ်-အခန်း(၄) သီလစောင့်ထိန်းရခြင်းအကြောင်း
စာမျက်နှာ-၁၂၈
Ko Yin Thu
FB မှ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...