နိုင်ငံတော်သမ္မတအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အသုံးပြုကာ နယ်မြေဒေသများတည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများထပ်မံ ဖြစ်ပွားမှုမရှိစေရန် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မည် ဟုဆိုသော်လည်း အောက်ခြေရှိဝန်ထမ်းများက သမ္မတအမိန့်အား တသွေမတိမ်းလိုက်နာရန် လိုအပ်နေ သေးသည်ဟု အစ္စလာမ်သာသနာရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။
“သမ္မတကြီးပြောတာကိုလက်ခံပါတယ်၊ ခက်တာက အောက်ခြေက လူတွေက သမ္မတပြောတာကို လိုက်နာ၊ မနာက ရှိသေးတယ်။ အထက်ကသာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာ အောက်ခြေကလူတွေက တစ်မျိုး ဖြစ်နေတယ်။ သမ္မတမိန့်ခွန်းက အလယ်အလတ်ကျတယ် နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ အစ္စလာမ်ကိုလည်းအသိအမှတ်ပြုတယ် ၊ ရခိုင်တိုင်းရင်းသားတွေကိုလည်း လစ်လျူမရှု့ဘူးလို့ပြောတယ်” ဟု အစ္စလာမ်သာသနာ ရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဦးဝဏ္ဍရွှေက ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပေါ်လာရခြင်းမှာ ယခင်က ဥပဒေပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိနေခြင်း ကြောင့် အလွယ်တကူ ပြသာနာဖြစ်ပေါ်ရခြင်းဖြစ်ပြီး သမ္မတအနေဖြင့် ပဋိပက္ခဖန်တီးသူကို ဥပဒေ အရ အရေးယူမည့် အစီအစဉ်အား ထောက်ခံကြောင်း ၄င်းက ဆက်ပြောသည်။
နိုင်ငံတော်သမ္မတအနေဖြင့် နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းစေရေးအတွက် လုပ်ပိုင်ခွင့်ကို အသုံးပြုကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ထောက်ခံသော်လည်း ထာဝစဉ် တည်ငြိမ်အေးချမ်းရေးကိုသာ ပို၍ လိုလာကြောင်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကြိုင်က ဆိုသည်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးမှုက အရမ်းနည်းနေတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရင်ဆုံး ပဋိပက္ခကို ထာဝစဉ် ငြိမ်းချမ်းအောင်လုပ်ဖို့ လိုတယ်။ သမ္မတရဲ့ တည်ငြိမ်အေးချမ်းမှု လိုလားမှု ကိုလည်း ထောက်ခံပါတယ်။ ဒါပေမယ့် ထာဝစဉ်ဖြစ်ဖို့ကို ကျွန်တော်တို့က ပိုလိုလား တယ်။ ပြသာနာ ဖန်တီးတဲ့ မွတ်ဆလင်တွေကို ဥပဒေအရ အရေးယူမယ်ဆိုတာကိုလည်း လိုလားတယ်။ မွတ်ဆလင်ဖြစ် လို့တော့ မဟုတ်ဘူး ၊ ပြည်နယ်ထဲကို ခိုးဝင်လာပြီး ဆူပူလှုံ့ဆော်နေသူတွေရှိနေလို့ သူတို့ကို အချိန်မီ ဥပဒေအရ အရေးယူသင့်တယ်” ဟု ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကြိုင်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာနှင့် ပတ်သက်၍ မိန့်ခွန်းကို မေလ(၆)ရက်နေ့ ညပိုင်း သတင်းအစီအစဉ်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ မိန့်ခွန်းတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့် ၊ အာဏာများဖြင့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၊ လုံခြုံရေးအဖွဲ့ အစည်းများသည် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာရန် သမ္မတအနေဖြင့် ညွှန်ကြားအမိန့်ပေးပြီးဖြစ်ကြောင်း ၊ အစိုးရအနေဖြင့် လက်ရှိအခြေအနေပေါ် မူတည်ပြီး လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ဖြေရှင်းမည်ဖြစ်ကာ အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးတို့ကို ပြုလုပ်မည်ဖြစ် သည်ဟု ပြောကြားခဲ့ ခြင်းဖြစ်သည်။
From....၀င့်သင်ဇာကျော် (မြစ်မခ)


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...