သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, April 20, 2013

မြန်မာဌာန | သတင်းများ အလုပ်သမားတွေအတွက် အသေးစားချေးငွေ ထုတ်ချေးမည်

စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေ အနေနဲ့ အသေးစား စီးပွားရေးလုပ်ငန်တွေ အကောင်အထည်ဖော်နိုင်ဖို့ မကြာခင်မှာ ငွေချေးပေးဖို့ စီစဉ်နေတယ်လို့ သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ဒီကနေ့ ဧပြီလ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

သမဝါယမဝန်ကြီး ဦးကျော်ဆန်းဟာ အထည်ချုပ် လုပ်ငန်းပိုင်ရှင်တွေအပြင် အလုပ်သမားတွေနဲ့ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် (၁) ကနောင်ခန်းမမှာ ဒီကနေ့ တွေ့ဆုံစဉ် အလုပ်သမားတွေ လိုအပ်နေတဲ့ အရင်းအနှီး မရှိခြင်း အခက်အခဲ ပြေလည်စေဖို့ အသေးစားချေးငွေတွေကို ထုတ်ချေးသွားမယ်လို့ ပြောခဲ့တာပါ။

" စက်ရုံအလုပ်ရုံအသီးသီးက အလုပ်သမားပြည်သူများ လူမှုစီးပွားဘဝ သူတို့ရဲ့ လုပ်ငန်းအတွက်လိုအပ်တဲ့ အရင်းအနှီး အခက်အခဲတွေကို ပြေလည်အောင် ကူညီပေးနိုင်ဖို့အတွက် အသေးစားငွေချေးလုပ်ငန်း ဆောင်ရွက်ဖို့လုပ်ငန်းစဉ် ၁ ဖြစ်ပါတယ်၊ လုပ်ငန်းစဉ် ၂ ကတော့ အဲ့ဒီမိုက်ခရိုဖိုင်းနက်လုပ်ငန်းဆောင်ရွက်တဲ့ အခါမှာ လိုအပ်တဲ့ငွေကြေးကိုရရှိအောင် မိုင်ခရိုဖိုင်းနက်ဘဏ် ထူထောင်ပြီးဆောင်ရွက်ဖို့ တိုင်းပြည်စီပွားရေးရဲ့ ဒုတိယ မဏ္ဍိုင်လို့သတ်မှတ်ထားပါတယ်၊ ဒါဟာ နိုင်ငံတကာရဲ့ စံဖြစ်ပါတယ်"

ဒီအစီအစဉ်ကို အလုပ်သမား(၅)ဦး ပါဝင်တဲ့ အစုအဖွဲ့စုဖွဲ့ပြီး ဝိုင်းကြီးချုပ်စနစ်ပုံစံမျိုး စီစဉ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝိုင်းကြီးချုပ်စနစ်ဆိုတာ ငွေချေးသူတွေထဲက တစ်ဦးဦးက ချေးယူထားတဲ့ငွေကို ပြန်မဆက်နိုင်ရင် အစုအဖွဲ့ထဲမှာပါတဲ့ ကျန်တဲ့သူတွေက ပြန်လည်ပေးဆပ်ရမှာ ဖြစ်တယ်လို့ ဦးကျော်ဆန်းက ရှင်းပြခဲ့ပါတယ်။

အလုပ်သမားတွေအတွက် အခုလို ချေးငွေထုတ်ပေးဖို့ ပြင်ဆင်နေတာထက် အမှန်တကယ်လိုအပ်တဲ့ လုပ်ခလစာ ပြည့်ပြည့်ဝဝ ရရှိဖို့သာ အရေးကြီးတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမာမာဦးက အခုလို ဝေဖန်ပြောကြားပါတယ်။

" ငွေချေးလုပ်ငန်းဆိုတာက သူတို့အနေနဲ့ကတော့ အလုပ်သမားတွေ သက်သာချောင်ချီရေးအတွက် လုပ်တယ်လို့ ဆိုပေမယ့် စေတနာမှန်ပေမယ့် လုပ်နည်းက မှားနေတယ်လို့ထင်တယ်၊ အလုပ်သမား အဓိကလိုအပ်တာ လုပ်ခလစာ ပြည့်ပြည့်ဝဝရရှိဖို့ရာလိုအပ်တာ၊ အကြွေးပြန်ဆပ်ဖို့ရာအတွက်က ပိုပြီးတော့ အလုပ်သမားတွေက ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်"

လက်ရှိမှာတော့ အခုလို ချေးငွေထုတ်ချေးရာမှာ မတည်ငွေ ဘယ်လောက် ထုတ်ချေးမယ်၊ ဘယ်လိုအချက်တွေ လိုက်နာ ဆောင်ရွက်ရမယ်ဆိုတာမျိုးတော့ အသေးစိတ် စီစဉ်တာ မရှိသေးပါဘူး။

ဒီအစီအစဉ် အကောင်အထည်ဖော်နိုင်ဖို့အတွက် အလုပ်ရှင်၊ အလုပ်သမား နောက်တကြိမ် တွေ့ဆုံပြီး ဆွေးနွေးမယ်လို့လည်း ဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D